nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • ရေသုံးစွဲမှုအခက်အခဲဖြစ်ပေါ်လျှင်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ
  • Registering Property Indicator
အဆင့်မြင့်ပုံရိပ်ဖော်စက်များနှင့်ဓါတ်မှန်ဌာန

ဓာတ်မှန်ဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးရှိ ဓာတ်မှန်ဌာနတွင် အဆင်မြင့်ပုံရိပ်ဖော်စက်များ တပ်ဆင်၍ အချိန်ပြည့် ဓာတ်မှန်အထူးကုဆရာဝန်များ၊ အချိန်ပိုင်းဓာတ်မှန်အထူးကုဆရာဝန်များဖြင့် ရောဂါများ ရှာဖွေပေးလျက်ရှိပါသည်။


ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ဝန်ဆောင်မှုပေးလျက်ရှိသော ခေတ်မီပုံရိပ်ဖော်စက်ကြီးများ


မြန်မာနိုင်ငံ၏ ပထမဦးဆုံး 3 Tesla MRI (Magnetive Resonance Imaging)
စွမ်းအားမြင့်သံလိုက်ဓါတ်အသုံးပြု ပုံရိပ်ဖော်ရောဂါရှာဖွေသည့်စက်

နိုင်ငံခြားသို့သွားရောက်ရောဂါရှာဖွေရန်မလိုဘဲ ဓါတ်ရောင်ခြည်အန္တရာယ်လုံးဝမရှိသည့် စွမ်းအားမြင့်သံလိုက်ဓါတ်အသုံးပြု ပုံရိပ်ဖော်ရောဂါရှာဖွေသည့်စက် 3 Tesla
MRI (Magnetive Resonance Imaging) ဖြင့် ခန္ဓာကိုယ်တွင်းရှိ နှလုံးရောဂါ၊ သွေးကြောဆိုင်ရာ ရောဂါများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ၊ အရိုး၊ အကြော၊ အဆစ်၊ ကြွက်သားများတွင် ဖြစ်တတ်သော ရောဂါများ၊ ကျောရိုးမကြီးဆိုင်ရာရောဂါများ၊ ရင်ခေါင်းအတွင်းပိုင်းရှိရောဂါများ၊ ဝမ်းဗိုက်အတွင်းပိုင်းရှိ အစာအိမ် အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အသည်း၊ သည်းခြေအိတ်၊ ပန်ကရိယ၊ ကျောက်ကပ်ဆိုင်ရာရောဂါများ၊ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ကင်ဆာအဖုအကျိတ်များကို ရှာဖွေပေးသည်။


Ordinary X-Ray (ရိုးရိုးဓာတ်မှန်)နှင့် Digital X-Ray (ဒီဂျစ်တယ်ဓာတ်မှန်)

X-Ray ရောဂါရှာဖွေရေးစက်သည် ကိုယ်ခန္ဓာအတွင်း အစိတ်အပိုင်းများအား ဓာတ်မှန်များရိုက်ခြင်း၊ ကင်ဆာအလုံးအကျိတ်ရှာဖွေခြင်း (DYE) ဆေးသွင်းစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်သောစက် ဖြစ်ပါသည်။

Ultrasound (အသံလှိုင်းဖြင့်ပုံရိပ်ဖော်စက်)

အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါရှာဖွေခြင်း၊ ဆီးနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ ရှာဖွေခြင်း၊ မီးယပ်ရောဂါဆိုင်ရာ ရောဂါများရှာဖွေခြင်းတို့အား အမှားအယွင်းအနည်းဆုံးဖြင့် ပုံရိပ်ဖော်နိုင် သည့်စက်ဖြစ်ပါသည်။


4D Ultrasound (လေးဖက်မြင်ရုပ်လုံးကြွ အသံလှိုင်းဖြင့်ပုံရိပ်ဖော်စက်)
4 D Ultrasonography
Accuvix A 30

မိခင်ဝမ်းတွင်းရှိ သန္ဓေသား၏ လှုပ်ရှားမှုပုံရိပ်ကို (လေးဖက်မြင်) နည်းပညာဖြင့် ပုံဖော်နိုင်သောစက် ဖြစ်သည်။ ထို့အပြင် လည်ပင်းအကျိတ်၊ မီးယပ်ရောဂါများ၊ ဆီးအိမ်၊ ကျောက်ကပ်ရောဂါများကိုလည်း ကြည်လင်ပြတ်သားသော 4D (လေးဖက်မြင်) ပုံရိပ်များဖြင့် ရောဂါရှာဖွေပေးနိုင်သော စက်ဖြစ်သည်။

64 Slice CT Scan (ကွန်ပျူတာဖြင့် ပုံရိပ်ဖော်စက်)
64 Slice CT Scannar (HITACHI)

64 Slice CT Scannar ခေါ်ကွန်ပျူတာဓာတ်မှန်စက်ကြီးသည် ကိုယ်ခန္ဓာအတွင်းရှာဖွေရန် ခက်ခဲသော ကင်ဆာများ၊ အလုံး၊ အကျိတ်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ သွင်ပြင်လက္ခဏာများအား အလွှာလိုက် အသေးစိတ်စစ်ဆေးခြင်း၊ နှလုံးသွေးကြောလုပ်ငန်းဆောင်တာများအား ဆေးသွင်း၍ စစ်ဆေး ခြင်းတို့အား တိကျစွာစွမ်းဆောင်နိုင်သော ခေတ်မီစက်ကြီးဖြစ်ပါသည်။


0.4 T MRI (သံလိုက်ဓာတ်ဖြင့် ပုံရိပ်ဖော်စက်)
MRI Aperto Lucent (HITACHI)

MRI စက်ကြီးသည် အရိုးအဆစ်နှင့် ရှာဖွေရန်ခက်ခဲသောရောဂါများ၊ ကင်ဆင်ရောဂါများ၊ ကင်ဆာရောဂါ ပြန့်နှံ့မှုများနှင့် ကိုယ်အင်္ဂါအဖွဲ့အစည်းများအကြောင်း အသေးစိတ်စစ်ဆေးသိရှိနိုင်သော အဆင့်မြင့် စက်ကြီးဖြစ်ပါသည်။

Mammogram (ရင်သားကင်ဆာစစ်ဆေးသည့်စက်)

အမျိုးသမီးများ၌ ဖြစ်ပွားတတ်သော ရင်သားအဖု၊ အကျိတ်၊ အလုံးများကို စောလျှင်စွာရှာဖွေပေးနိုင်သော စက်ဖြစ်ပါသည်။


Bone Densitometer (အရိုးသိပ်သည်းဆတိုင်းတာသည့်စက်)
Bone Densitometer (Discovery W) (Korea)

Bone Densitometer စက်သည် အရိုးသိပ်သည်းဆတိုင်းတာခြင်းနှင့် ကိုယ်ခန္ဓာအတွင်းရှိ အဆီကို တိုင်းတာနိုင်သောစက်ဖြစ်ပါသည်။ အရိုးပွရောဂါကို ကြိုတင်သိရှိနိုင်ပြီး စောလျှင်စွာကာကွယ် ကုသမှု ခံယူနိုင်ပါသည်။

Fluroscopy (အစာအိမ်အူလမ်းကြောင်း၊ ကျောက်ကပ်၊ ရောဂါရှာဖွေရန်ခက်ခဲသော
အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများအား ဆေးသွင်း၍ရောဂါရှာဖွေသည့်စက်)

Fluroscopy စက်ကြီးသည် ကျောက်ကပ်ရောဂါ၊ ရောဂါရှာဖွေရန်ခက်ခဲသောအစာအိမ်နှင့်အူလမ်းကြောင်း ရောဂါများအား ဆေး (DYE) သွင်း၍ ရောဂါများကို တိကျစွာရှာဖွေနိုင်ခြင်း၊ အရိုးအဆစ်ရောဂါများကို လည်း ထောင့်ပေါင်းစုံမှ ရိုက်ကူးသိရှိနိုင်သော စက်ကြီးဖြစ်ပါသည်။ 3T MRI (မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဆင့်မြင့်သံလိုက်ဓာတ်ဖြင့် ပုံရိပ်ဖော်သာစက်) (၂၀၁၅ ခုနှစ်၊ ဇွန်လတွင် စတင်ဆောင်ရွက်ပါမည်။