nptdc title

Language »  English | Myanmar

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မြို့ပြစီမံကိန်းရေးဆွဲခြင်း

၁။ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲ
ဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း၊
၂။ စီမံကိန်းအရ သိမ်းဆည်းမည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ၊ သီးနှံ လျော်ကြေးငွေများ တင်ပြတောင်းခံ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူ
များအား စိစစ်ထုတ်ပေးခြင်း၊
၃။ စီမံကိန်းအရ သိမ်းဆည်းမည့် မြေနေရာတွင် တည်ရှိနေသော အဆောက်အအုံများအတွက် အဆောက်အအုံလျော်ကြေးနှင့် အိမ်ရာရွှေ့ပြောင်းစရိတ်များအား
အင်ဂျင်နီယာဌာန (အဆောက်အအုံ)နှင့် ညှိနှိုင်းတွက်ချက်၍ ပိုင်ရှင်များအား ပေးလျော်ခြင်း ၊
၄။ မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေများကို လွှဲပြောင်းရယူရေးအတွက် မြေအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ၊
၅။ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများကို လွှဲပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊
အဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး လွှဲပြောင်းရယူခြင်း၊
၆။ သိမ်းယူထားသော မြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို မြို့မြေနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲခြင်း၊
၇။ ကျူးကျော်များအား ရှင်းလင်းခြင်း၊ စနစ်တကျပြန်လည်နေရာချထားခြင်း၊ ပြောင်းရွှေ့နေရာ ချထားပေးခြင်း၊
၈။ မြို့တော်၏ မြို့ပြဖွံဖြိုးမှုစီမံကိန်းများ၊ မြေစီမံခန့်ခွဲခြင်း ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍-
(က) ကွန်ပျူတာမှတ်တမ်းများ ရေးသွင်းထားရှိခြင်း၊
(ခ ) လိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများ၊ စာရင်းဇယားများ၊ ပုံစံများကို သတ်မှတ်ထားရှိခြင်း၊
(ဂ ) ကွန်ပျူတာမှတ်တမ်းများ၊ အခြားလိုအပ်သည့် မှတ်တမ်းများ ၊ စာအုပ်စာတမ်းများနှင့် စာရင်းဇယားများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း ။

မြေစီမံခန့်ခွဲခြင်း

၁။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြို့တော်နေပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များကို သိရှိစေရန်
ဆောင်ရွက်ခြင်း၊
၂။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများကို မြေအမျိုးအစားအလိုက် မြို့မြေစာရင်းတွင် မှတ်သားခြင်းဖြင့် လည်းကောင်း၊မြေကွက်
အကျယ်အဝန်းကို မြို့ကွက်မြေပုံတွင် မှတ်သားခြင်းဖြင့် လည်းကောင်း၊ မြေပုံရာဇဝင်များကို ကွန်ပျူတာစနစ်ဖြင့် မှတ်သား၍ လည်းကောင်း၊ လက်ရှိအခြေအနေအထိ မှန်ကန်မှုရှိစေရန် စနစ်တကျမှတ်တမ်း ထိန်းသိမ်းထားရှိခြင်း၊
၃။ မြေစီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သော မြေငှားစာချုပ်ထုတ်ပေးခြင်း၊ မြေကွက်အမည်ပေါက်ပြောင်း သတ်မှတ်ခြင်း၊ မြေငှားစာချုပ် သက်တမ်းတိုးခြင်း၊ မြေပုံ
မြေရာဇဝင် ထုတ်ပေးခြင်း စသည့်ကိစ္စရပ်များကို ကော်မတီကထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း၊
၄။ မြေစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပြုပြင်သင့်သည့် အချက်များကို ကော်မတီသို့ ပြင်ဆင်ရေးဆွဲတင်ပြခြင်း ၊
၅။ မြို့တော်နယ်နိမိတ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေ ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ ၊ အစိုးရဌာနအဖွဲ့အစည်းပိုင်မြေ၊ အခွန်လွတ်သာသနာမြေနှင့် အခွန်လွတ်
ဗဒ္ဓသိမ်မြေ၊ လယ်ယာမြေ နှင့် မြေလွတ်မြေရိုင်းများမှအပ ကော်မတီပိုင်မြေများ၊ ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ ကော်မတီက တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ ၊ လိုင်စင်ဖြင့်ဖြစ်စေ ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသောမြေများကို စီမံခန့်ခွဲခြင်း ၊
၆။ လူနေထိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် (သို့မဟုတ်)
အခြားလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်း ၊
၇။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း နှင့် သက်တမ်းတိုးမြှင့်ပေးခြင်း၊
၈။ မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်
ရွက်ခြင်း ၊
၉။ မြေငှားစာချုပ်များ၊ ပါမစ်များကိုထုတ်ပေးရာတွင် သတ်မှတ်ကာလအတွင်း မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ရရှိသည့်ပုဂ္ဂိုလ်က ငွေပေးသွင်းရန်
ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းခြင်း ၊၊
၁၀။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုးအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ရရှိသည့်ငွေ၏
၂ ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံသို့ တောင်းခံရယူခြင်း ၊
၁၁။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၊ နိုင်ငံခြားကုမ္ပဏီများနှင့် မြေငှားစာချုပ် ချုပ်ဆိုနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြခွင့်ပြုချက်ရယူ၍ မြေငှားစာချုပ် ချုပ်ဆို ငှားရမ်းခြင်း။

  • မြေငှားစာချုပ်(ဂရန်)အသစ်ထုတ်ပေးခြင်း
  • မြေငှားစာချုပ်(ဂရန်)မိတ္တူမှန်ထုတ်ပေးခြင်း
  • မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးပေးခြင်း
  • မြေငှားစာချုပ်(ဂရန်)ခွဲစိတ်ပေးခြင်း
  • မြေအမည်ပေါက်ပြောင်းလဲပေးခြင်း

မြေငှားစာချုပ်လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲပါရှိရမည်-

(က)မြေငှားစာချုပ်လျှောက်လွှာပုံစံ (ဌာနမှ အခမဲ့ထုတ်ပေး)၊
(ခ)မြေပုံ၊မြေရာဇဝင်လျှောက်လွှာပုံစံ (ဌာနမှ အခမဲ့ထုတ်ပေး)၊
(ဂ)နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊
(ဃ)အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ (တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊
(င)မြေကွက်တန်ဖိုး ပေးသွင်းထားသည့် ငွေသွင်းချလံမိတ္တူ၊
(စ)မြေပိုဝယ်ယူခွင့်ရရှိထားပါက မြေပိုတန်ဖိုး ပေးသွင်းထားသည့် ငွေသွင်းချလံမိတ္တူ၊
(ဆ)မြေပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် ခိုင်လုံသောအထောက်အထား စာရွက်စာတမ်းများ (တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊
(ဇ)မြေပြင်မှတ်တမ်းဓာတ်ပုံ (ရှေ့၊နောက်၊ဝဲ၊ယာ)(၁)ပုံစီ၊
(ဈ)အမည်မပေါက်သူမှ လျှောက်ထားခြင်းဖြစ်ပါက အမည်ပေါက်သူ (သို့မဟုတ်) အမွေဆက်ခံခွင့်ရှိသူ (သို့မဟုတ်) ပိုင်ဆိုင်ခွင့်ရှိသူက လွှဲအပ်ထားသော
အထွေထွေ ကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူးကိုယ်စားလှယ်လွှဲစာမိတ္တူ (တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊
(ည)အမွေဆက်ခံခြင်းဆိုင်ရာကိစ္စရပ်များအတွက် အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာ ရေးသားထားသည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာနှင့်
အမွေဆက်ခံခွင့်နှင့်သက်ဆိုင်သည့် အခြားအထောက်အထားများ။

မြေငှားဂရန်စာချုပ်လျှောက်ထားရာတွင် အဆင့်ဆင့်စိစစ်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ

(က)လျှောက်လွှာနှင့်အတူ မြေပိုင်ဆိုင်မှုအထောက်အထားနှင့် အခြားစာရွက်စာတမ်းများအား ပြည့်စုံမှုရှိ/မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ခ)လျှောက်ထားမြေကွက်သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ထိန်းသိမ်းထားရှိသောမြေအတွင်း ပါဝင်ခြင်းရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဂ)လျှောက်ထားမြေကွက်သည် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက်ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဃ)လျှောက်ထားမြေကွက်သည် တရားရုံးတားဝရမ်း ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(င)လျှောက်ထားမြေကွက်သည် ဘဏ်တစ်ခုခုမှ ကန့်ကွက်မှုရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(စ)လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ အခြားကန့်ကွက်ချက်များ ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဆ)လျှောက်ထားမြေကွက်သည် မြေငှားစာချုပ်(ဂရန်) စည်းကမ်းဖောက်ဖျက်ခြင်း ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဇ)လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ ဦးပိုင်မှတ်ပုံစာရင်း(၁-က)တွင် ရေးသွင်းထားသည့် အချက်အလက်များသည် တင်ပြသည့် အထောက်အထားများနှင့်
သက်ဆိုင်မှု ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဈ)၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်ထားသည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိ၊
(ည)စာရွက်စာတမ်းများ စစ်ဆေးဆောင်ရွက်ပြီးပါက အမှုတွဲဖွင့်လှစ်၍ သတင်းစာကြော်ငြာ၊ မြေပေါ်ကန့်ကွက်ကြော်ငြာများ ခေါ်ယူစိစစ်ခြင်း၊
(ဋ)ကန့်ကွက်ကြော်ငြာ သတ်မှတ်ကာလပြည့်ပြီး တစ်စုံတစ်ရာ ကန့်ကွက်မှုမရှိပါက လျှောက်ထားမြေကွက်အား ကွင်းဆင်းတိုင်းတာ စိစစ်ခြင်း၊ မြေ၏ဖွံ့ဖြိုးမှု
အတွက် အသုံးပြုထားရှိမှုအား စိစစ်ခြင်း၊
(ဌ)လျှောက်ထားမြေကွက်အား မြို့နယ်တာဝန်ခံမှ မြေပြင်အခြေအနေ အသေးစိတ်တိုင်းတာစစ်ဆေးပြီး မြေပြင်စစ်ဆေးတွေ့ရှိချက်အား အစီရင်ခံစာပုံစံ၊
ကွင်းဆင်း တိုင်းတာမှုပြမြေပုံနှင့်အတူ ဌာနမှူးထံ အသေးစိတ်အစီရင်ခံ တင်ပြခြင်း၊
(ဍ)အထက်ပါအချက်အလက်များ ပြည့်စုံမှန်ကန်ပြီး မြေငှားစာချုပ် ချထားပေးရန် သင့်လျော်သည့် အမှုတွဲများအား အဆင့်ဆင့် စိစစ်တင်ပြချက်ဖြင့် စီမံခန့်ခွဲမှု
ကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊
(ဎ)စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှ မြေငှားစာချုပ် ချထားပေးရန် ခွင့်ပြုပြီး မြေကွက်များအတွက် မြေငှားစာချုပ်တန်ဖိုးကျသင့်ငွေများကို ပေးသွင်းစေခြင်း၊
(ဏ)သက်ဆိုင်ရာမြို့နယ်တာဝန်ခံမြေတိုင်းဝန်ထမ်းက မြေငှားစာချုပ်ပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါဝင်သော မြေပုံရေးဆွဲခြင်းနှင့် မြေငှား
စာချုပ် ရေးသားခြင်း၊
(တ)မြေငှားစာချုပ်တွင် အငှားစာချုပ်ရရှိသူ ကာယကံရှင်ကိုယ်တိုင် ဌာနမှူး/ဒုတိယ ဌာနမှူး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးစေခြင်း၊
(ထ)မြေငှားစာချုပ်တွင် မြေအငှားချထားသူနှင့် မြေငှားစာချုပ်ရရှိသူတို့ နှစ်ဦးနှစ်ဖက်အတွက် သက်သေတစ်ဦးစီက ဌာနမှူး၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး
စေခြင်း၊
(ဒ)ရေးသားပြီးသည့် မြေငှားစာချုပ်အား အဆင့်ဆင့်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးစေခြင်း၊
(ဓ)မြေငှားစာချုပ်ထုတ်ပေးပြီးအမှုတွဲအား ယင်းသို့ထုတ်ပေးပြီးကြောင်း ဦးပိုင်မှတ်ပုံစာရင်း(၁-က)တွင် မှတ်သားခြင်းနှင့် အမှုတွဲပိတ်သိမ်းခြင်း။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် အကြောင်းအရာ ကြာမြင့်ကာလ မှတ်ချက်
၁။ မြေငှားစာချုပ်လျှောက်လွှာပုံစံနှင့် ပူးတွဲတင်ပြသည့်စာရွက်စာတမ်းများအားစစ်ဆေးပြီးပြည့်စုံမှုရှိပါကနေ့စဉ်ထုတ်သတင်းစာကြော်ငြာနှင့် မြေပေါ်ကန့်ကွက် ကြော်ငြာ (၁၅)ရက် ကန့်ကွက်ကြော်ငြာ ခေါ်ယူနိုင်ရန်လျှောက်ထားသူသို့ ကန့်ကွက်လွှာပုံစံများ ထုတ်ပေးခြင်းနှင့်အမှုတွဲပေးခြင်းနှင့် အမှုတွဲ ဖွင့်လှစ်ခြင်း၊ (၁)ရက် သတင်းစာတွင်ကြော်ငြာပါသည့်ရက်မှစတင်၍(၁၅)ရက်ဖြစ်ပါသည်။ မြေပေါ်တွင်ကန့်
ကွက်ကြော်ငြာ(၁)စောင်၊ ရပ်ကွက်/မြို့အုပ်ချုပ်ရေးရုံးသို့ (၁) စောင်စီနှင့် အများပြည်သူ
မြင်သာသည့် စျေးတွင်ကြော်ငြာရန် (၁)စောင် ပေးပို့ ပြီး လက်ခံရရှိကြောင်းအထောက်
အထားများအား လျှောက်ထားသူက ဌာနသို့ပြန်လည်ပေးပို့ရန် ဖြစ်ပါသည်။
၂။ နေ့စဉ်ထုတ်သတင်းစာတွင် ကန့်ကွက် ကြော်ငြာခြင်း၊ မြေပေါ်ကန့်ကွက်ကြော်ငြာ ခြင်းအတွက် ကြာမြင့်ကာလ (၁၅) ရက် သတင်းစာတွင် ကန့်ကွက်ကြော်ငြာပါ သည့်ရက်နောက်ကျပါကပိုမိုကြန့်ကြာမှု ရှိနိုင်ပါ
သည်။ မြေပေါ်ကန့်ကွက်ကြော်ငြာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်းနှင့်ရပ်ကွက်/မြို့/
စျေးအုပ်ချုပ်ရေးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား ပြည်လည်ပေးပို့မှုမရှိလျှင်
ကာယကံရှင် ၏ပျက်ကွက်မှုကြောင့်ပိုမိုကြန့်ကြာနိုင်ပါ သည်။
၃။ ကန့်ကွက်ကြော်ငြာ (၁၅)ရက်ပြည့်ပြီး တစ်စုံတစ်ရာကန့်ကွက်မှုမရှိပါက မြေငှား စာချုပ်လျှောက်ထားမြေကွက်သို့ကွင်းဆင်း စစ်ဆေးခြင်းနှင့်စစ်ဆေးတွေ့ရှိချက်အသေး စိတ်အား မြေပုံနှင့် အတူဌာနမှူးထံ အစီ ရင်ခံတင်ပြခြင်း (၅) ရက် ကန့်ကွက်လွှာတင်သွင်းလိုသူများအနေဖြင့် ကန့်ကွက်သည့်အကြောင်းကြားလွှာ အား(၁၅)ရက် အတွင်းစာဖြင့်ပေးပို့သော် လည်းအမျိုးမျိုးသော ကြန့်ကြာခြင်းကြောင့် (၁၅)ရက်ကျော်မှ ရောက်ရှိမှုများ ရှိနိုင်သဖြင့်ကွင်းဆင်း စစ်ဆေးခြင်းအား (၅)ရက်အတွင်း စစ်ဆေးရန် သတ်မှတ်ပါသည်။ ကွင်းဆင်းစစ်ဆေးသည့် မြေကွက်သည် သတ်မှတ်ဧရိယာ ကိုက်ညီမှုမရှိဘဲ ကွဲလွဲချက်များ တွေ့ရှိရ ပါကပိုမို ကြန့်ကြာ နိုင်ပါသည်။ မြေပြင်ကွင်းဆင်း စစ်ဆေးသည့် အချိန်တွင် လျှောက်ထားသူ (သို့မဟုတ်) ကိုယ်စားလှယ်မှ လာရောက်နိုင်မှု မရှိခြင်းနှင့် ကန့်ကွက်ကြော်ငြာ ကပ်ထားကြောင်း မတွေ့ရှိရပါက ကာယကံရှင်၏ ပျက်ကွက်မှုကြောင့် ပိုမိုကြန့်ကြာ နိုင်ပါသည်။
၄။ ကွင်းဆင်းစစ်ဆေးပြီး မြေငှားစာချုပ် ချထားရန် သင့်တော်သည့် အမှုတွဲများအား
စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့တင်ပြ ခွင့်ပြုချက်ရယူခြင်း၊
(၇) ရက် စီမံခန်ခွဲမှုကော်မတီအစည်းအဝေးအား (၁)ပတ် လျှင် အနည်းဆုံး(၁)ကြိမ်ပြုလုပ်သောကြောင့် ဖြစ်ပါသည်။
၅။
စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ ခွင့်ပြုပြီးမြေကွက်များအတွက် မြေငှားစာချုပ်ချထားပေးရန် ဆောင်ရွက်သည့် လုပ်ငန်းများ-
(က) မြေငှားစာချုပ်တန်ဖိုးသတ်မှတ် ကျ သင့်ငွေများ ပေးသွင်းစေခြင်း၊
(ခ) မြို့နယ်တာ၀န်ခံ မြေတိုင်း၀န်ထမ်း မှ မြေငှားစာချုပ်ပေါ်တွင် အငှားချထား မည့်မြေ၏ အတိုင်းအတာပါ၀င်သော မြေပုံ ရေးဆွဲခြင်း၊ မြေငှားစာချုပ်ရေးသားခြင်း နှင့်အဆင့်ဆင့်တင်ပြလက်မှတ်ရေးထိုးခြင်း၊
(ဂ) သတ်မှတ်တန်ဖိုးငွေပေးသွင်းပြီး ရေးသားပြီးသည့်မြေငှား စာချုပ်ပေါ်တွင် အငှားစာချုပ်ရရှိသူနှင့် အသိသက်သေ(၁) ဦးတို့မှ ဌာနမှူး/ဒုဌာနမှူး၏ ရှေ့မှောက် တွင် လက်မှတ်ရေးထိုးစေခြင်းနှင့် မြေငှား စာချုပ်တွင် ဌာနမှူးမှ အတည်ပြုလက်မှတ် ရေးထိုး၍ ကာယကံရှင်သို့ ထုတ်ပေးခြင်း၊
(၅) ရက် မြေငှားဂရန် တန်ဖိုး သတ်မှတ်ကျသင့်ငွေ ပေးသွင်းပြီးမှသာ မြေပုံရေးဆွဲခြင်းနှင့် မြေငှား စာချုပ်(ဂရန်) ရေးသားခြင်း လုပ်ငန်များကို ဆောင်ရွက်ပါသည်။ အငှားစာချုပ် ရရှိသူနှင့် အသိ သက်သေ (၁)ဦးသည် ဌာနသို့ သတ်မှတ် ကာလအတွင်း လာရောက်၍ မြေငှား စာချုပ်တွင် လက်မှတ် ရေးထိုးခြင်း၊ ထုတ်ယူခြင်း မရှိပါက ကာယကံရှင်၏ပျက်ကွက် မှုကြောင့်ပိုမို ကြန့်ကြာ နိုင်ပါသည်။
စုစုပေါင်းခန့်မှန်းကြာမြင့်ချိန် ၃၃ ရက်
(မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်းရှိခြင်း၊ ကန့်ကွက်သူရှိခြင်း၊ တရားရုံးဖြေရှင်းနေရခြင်းများ ရှိပါက အထက်ပါဆောင်ရွက်ချိန်များထက် ပိုမိုကြန့်ကြာနိုင်ပါသည်)

  • အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • စွန့်လွှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
  • မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားရန်
  • ဘဏ်ငွေချေးခွင့်လျှောက်ထားရန်
  • အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
  • ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
  • အဆောက်အအုံအကြီးစားပြင်ဆင်ခွင့်လျှောက်ထားရန်
  • အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရန်
  • မှတ်တမ်းအဖြစ်ထားရှိရန်
  • ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစားများကို မြေပုံ/ မြေရာဇ၀င် ရေကူးခြင်းနှင့် မြေတိုင်းတာခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးပါသည်။
  • လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဦဆောက်လုပ်ရန်။ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုး ကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ မြေပုံ/မြေရာဇ၀င်ရေကူးပေးခြင်းကို ဆောင်ရွက်ပါသည်။
  • အဆောက်အဦဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်တွင်ငွေချေးရန်အတွက် အမည်ပေါက်ကိုယ်တိုင် လျှောက်ထားမှသာ မြေပုံ/မြေရာဇ၀င် ရေကူးခြင်းကို ဆောင်ရွက်ပေးပါသည်။
  • စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်အတွက် လျှောက်ထားရာတွင် မြေကွက်ပူးတွဲ ပိုင်ဆိုင်သူများက လျှောက်ထားမှသာ မြေပုံ/မြေရာဇ၀င်ရေးကူးခြင်းကို ဆောင်ရွက်ပေးပါသည်။
  • မြေကွက်ခွဲစိတ်ခွင့်အတွက် လျှောက်ထားရာတွင် ဘိုးဘွားပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေ ဖြစ်မှသာ မြေပုံ/မြေရာဇ၀င်ရေးကူးခြင်းကို ဆောင်ရွက်ပေးပါသည်။
  • လျှောက်ထားသူသည် ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ ဘိုးဘွားပိုင်မြေ ဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားစာချုပ်နှင့် အမည်ပေါက်သူက ပိုင်ဆိုင် ကြောင်းအထောက် အထား(သို့မဟုတ်) ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံးစီရင်ချက်နှင့် ဒီကရီမူရင်းများအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ပြီးဖြစ်၍ လျှောက်ထားသူဟာ အမွေဆက်ဆံ ခွင့်ရှိကြောင်း ပြည့်စုံစွာရေးသား ဖော်ပြထားသည့် (လျှောက်ထားသူ ကိုယ်တိုင်တရားရုံးတွင် ပြုလုပ်သည့်) ကျမ်း ကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာ မူရင်းများကိုပါ တင်ပြ လျှောက်ထားရပါသည်။
  • ဌာနမှလျှောက်ထားသူ တင်ပြသည့်အထောက်အထားမိတ္တူများကို မူရင်းများဖြင့် တိုက်ဆိုင် စစ်ဆေး၍လက်ခံပေးပါမည်။
  • တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထား မှန်ကန်ပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြကာ သတင်းစာတွင် (၁၅)ရက် ကြော်ငြာခြင်းများ ဆောင်ရွက်ပါသည်။ သတင်းစာကြော်ငြာ (၁၅)ရက်ပြည့်သည်အထိ ကန့်ကွက်သူမရှိပါက သတ်မှတ်၀န်ဆောင်ခ ပေးသွင်းစေပြီးအမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံစာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/ မြေရာဇ၀င်ရေးကူး ထုတ်ပေးပါသည်။
  • လျှောက်ထားသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ ဘိုးဘွားပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားစာချုပ်နှင့် အမည်ပေါက်သူက ပိုင်ဆိုင်ကြောင်းအထောက်အထား(သို့မဟုတ်)ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံးစီရင်ချက်နှင့် ဒီကရီမူရင်းများအပြင် အမွေရှင်နှင့်ကျန်အမွေဆိုင်များကွယ်လွန်ပြီဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာရေးသားဖော်ပြထားသည့် (လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့်) ကျမ်းကျိန်လွှာ(သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်းများကိုပါ တင်လျှောက် ထားရပါသည်။
  • ဌာနမှ လျှောက်ထားသူတင်ပြသည့် အထောက်အထားမိတ္တူများကို မူရင်းများဖြင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါမည်။
  • တင်ပြသောအထောက်အထားနှင့် မြေစာရင်းရှိအထောက်အထားမှန်ကန်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြကာ သတင်းစာတွင်(၁၅)ရက်ကြော်ငြာ ခြင်းများဆောင်ရွက်ပါသည်။ သတင်းစာကြေငဲာ(၁၅)ရက်ပြည့်သည်အထိ ကန့်ကွက်သူမရှိပါက သတ်မှတ်၀န်ဆောင်ခ ပေးသွင်းစေပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇ၀င်ရေးကူး ထုတ်ပေးပါသည်။
  • မြေတိုင်းလျှောက်ထားလိုသူသည် ဌာနမှသတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်၊ ဘိုးဘွားပိုင်မြေဖြစ်က မှတ်ပုံတင်စာချုပ်စာတမ်း၊ မြေငှားစာချုပ် (ဂရန်)မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်)၊ အမည်ပေါက်ပိုင်ဆိုင်မှုအထောက်အထား၊ အမည်ပေါက်ပိုင်ဆိုင်မှုမဟုတ်က ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် စာချုပ် စာတမ်းအထောက်အထား သို့မဟုတ် တရားရုံးစီရင်ချက်နှင့် ဒီဂရီမူရင်းများ တင်ပြလျှောက်ထားရပါ မည်။
  • ဌာနမှတင်ပြသော အထောက်အထားမိတ္တူများအား မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ လက်ခံ ပေးပါသည်။
  • လျှောက်ထားသူတင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားကိုက်ညီမှု၊ မှန်ကန်မှုရှိပါက လျှောက်ထားသည့်မြေကွက်နှင့်ထိစပ်နေသည့် ပတ်၀န်းကျင်မြေကွက်များမှ မြေတိုင်းတာမည်ဖြစ်ကြောင်း ကြော်ငြာစာတွင် သိရှိကြောင်းလက်မှတ်ရေးထိုးပေးရပြီး ကန့်ကွက်မှုမရှိပါက သတ်မှတ်၀န်ဆောင်ခ ပေးသွင်းစေ၍ မြေတိုင်းတာပေးမည်ဖြစ်ပါသည်။
  • ဘိုးဘွားပိုင်မြေနှင့် မြေငှားစာချုပ်(ဂရန်)မြေများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင် ခွဲစိတ်ပေး ပါသည်။
  • ခွဲစိတ်ပေးရန်လျှောက်ထားသည့် မြေကွက်နှင့်ခွဲစိ တ်ပေးပြီး ကျန်ရှိသည့် မြေကွက်သည် အနည်းဆုံး ဧရိယာ (၂၄၀၀)စတုရန်းပေရှိရပါမည်။
  • ခွဲစိတ်ရန်လျှောက်ထားမြေကွက်အတွင်းသို့ ၀င်ထွက်သွားလာရန် လုံလောက်သောလမ်းပါရှိရပါမည်။ ကော်မတီပိုင်လမ်းမရှိပါက ကိုယ်ပိုင်လမ်းလျာထားပေးရပါမည်။
  • မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံလွတ်ကင်းမှုရှိရပါမည်။
  • လျှောက်ထားသူတင်ပြသော အထောက်အထားများ ပြည့်စုံမှန်ကန်ပါက ဌာနမှ ကွင်းဆင်းတိုင်းတာ စစ်ဆေးပါသည်။
  • ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှန်ကန်ပါက သတ်မှတ်၀န်ဆောင်ခပေးသွင်းစေပြီး မြေငှားစာချုပ် (ဂရန်)နှင့် ဘိုးဘွားပိုင်မြေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေကွက်ခွဲစိတ်ခြင်းအား ဆောင်ရွက်ပေးပါသည်။
  • ဌာနရှိမြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင်လည်း ဦးပိုင်အသစ်များခွဲစိတ်မှတ်သားပါသည်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန်ဆိုင်ရာ အချက်အလက်များ

ရည်ရွယ်ချက်

၁။ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့တွင် အသေးစားနှင့်အလတ်စား စက်မှုဇုန်တည်ထောင်ခြင်းဖြင့် ဒေသခံပြည်သူလူထုအတွက်
အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ပြည်သူများ၏၀င်ငွေနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်။

တည်နေရာ

၂။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများကို မြေများကို မြေအမျိုးအစားအလိုက် မြို့မြေစာရင်းတွင် မှတ်သားခြင်းဖြင့်လည်းကောင်း၊
လက်ရှိအခြေ အနေအထိ မှန်ကန်မှုရှိစေရန် စနစ်တကျမှတ်တမ်းထိန်းသိမ်းထားရှိခြင်း၊

အကျယ်အဝန်း

၃။ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်သည် မြေဧကပေါင်း (၃၈၅)ဧပရှိပြီး မြေကွက်တစ်ကွက်လျှင် (၂.၀၀)ဧကမှ(၂.၅၀)ဧကရှိ မြေကွက်ပေါင်း
(၁၁၅)ကွက်ကို ဖော်ထုတ်ထားပါသည်။ မြေကွက်(၃၀)ကွက်အား လုပ်ငန်းရှင်များသို့ နေရာချထားပေးပြီး ဖြစ်ပါသည်။

စက်မှုဇုန်အကောင်အထည်ဖော်ခြင်း

၄။ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန် မြေနေရာချထားရေးကောင်မတီကို ဖွဲ့စည်းဆောင်ရွက်ပါသည်။

အခြေခံအဆောက်အအုံများဆောင်ရွက်မှု

၅။ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်ဧရိယာအတွင်း အခြေခံအဆောက်အအုံများ တည်ဆောက်ထားရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လျှပ်စစ်။ 33ကေဗွီအေ ဓါတ်အားခွဲရုံတစ်ခုကို သီးခြားတည်ဆောက်ထားပြီး စက်မှုဇုန်အတွင်း လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ
ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိပါသည်။ လျှပ်စစ်ဓါတ်အားကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများမှ ထရန်စဖော်မာလျှောက်ထားပါက အမြန်ရရှိရေးဆောင်ရွက်ပေးလျက်ရှိသည်။ လမ်းမီး(၁/၅)မိုင်သွယ်တန်းပြီးဖြစ်ပါ
သည်။
(ခ ) ဆက်သွယ်ရေး။ စက်မှုဇုန်အတွင်း တယ်လီဖုန်းလိုင်းအရှည်(၅၅၀၀)မီတာကို သွယ်တန်းပြီးဖြစ်ပါသည်။e-mailနှင့်Internet အသုံးပြုနိုင်မည် ဖြစ်ပါသည်။
(ဂ ) လမ်း။ စက်မှုဇုန်အတွင်း ပေ (၁၅၀)လမ်း/(၂/၆)မိုင်၊ ပေ(၁၀၀)လမ်း(၂/၁)မိုင်၊ ပေ(၈၀)လမ်း(၁/၁)မိုင်အား ကွန်ကရိလမ်းများ
ဖောက်လုပ်ထားပြီးဖြစ်ပါသည်။ လမ်းလုပ်ငန်းများဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။
(ဃ) ရေ။ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မြေတန်ဖိုး

၆။ မြေတစ်ဧကအတွက်Infrastructureကြေးငွေကျပ်(၇၀၀)သိန်း၊ မြေတန်ဖိုး ငွေကျပ် (၃၂၀)သိန်း စုစုပေါင်းငွေကျပ် (၁၀၂၀)သိန်းဖြစ်ပါသည်။

စက်မှုဇုန်တွင် မြေနေရာချထားမှုစနစ်

၇။ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်တွင် လုပ်ကိုင်ရန် လျှောက်ထားလာသည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို အောက်ပါအတိုင်းမြေနေရာ
ချထားပေးမည် ဖြစ်ပါသည်−
(က) ပြည်တွင်းလုပ်ငန်းရှင်များအား ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန် မြေနေရာချထားရေးကော်မတီမှ နေရာချထားပေးပါသည်။
(ခ ) ပြည်ပလုပ်ငန်းရှင်များအား မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်နေရာချထားရေးကော်မတီမှ နေရာချထားပေးမည်ဖြစ်ပါသည်။
(ဂ ) အသုံးပြုခွင့်ရရှိသောမြေကွက်အတွက် Infrastructureကြေးနှင့်မြေတန်ဖိုး ပေးသွင်းပြီးအခိုင်အမာခြံစည်းရိုးကာရံပြီးပါက နှစ်(၃၀)မြေငှား
ချထားပေးမည်ဖြစ်ပါသည်။

လုပ်ကိုင်နိုင်သည့် လုပ်ငန်းများ

၈။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော စက်ရုံ၊ အလုပ်ရုံများကိုသာ လုပ်ကိုင်ခွင့်ပြုပါသည်။ စက်ရုံပိုင်ရေဆိုးသန့်စင်စနစ်(waste water treatment
system)တပ်ဆင်၍ ၁၀၀% သန့်စင်နိုင်ပါက လက်ခံရန်စဉ်းစားပါမည်။

လုပ်ငန်းအမျိုးအစားအကြံပြုချက်

၉။ အောက်ပါလုပ်ငန်းအမျိုးအစားများကို စက်မှုဇုန်တွင် လာရောက်လုပ်ကိုင်ပါက ပိုမိုသင့်လျော်ပါသည်−
(က) အထည်ချုပ်စက်ရုံ၊ ချည်ထည်စက်ရုံ။
(ခ ) ကွန်ပျူတာပစ္စည်းနှင့်အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်တပ်ဆင်ခြင်း။
(ဂ ) အဆင့်အတန်းမြင့်၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးခြင်း။
(ဃ) ခေတ်မီအလှကုန်ဆိုင်ရာပစ္စည်းများထုတ်လုပ်ခြင်း။
(င) စက်မှုလက်မှုဆိုင်ရာအချောထည်ပစ္စည်းများထုတ်လုပ်ခြင်း။

စက်မှုဇုန်၏အားသာချက်များ

၁၀။ ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်၏အားသာချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−
(က) လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမရှိစေဘဲဓါတ်အားပြည့်ဝစွာဖြင့် ၂၄နာရီအသုံးပြုနိုင်ရန် ဆောင်ရွက်ထားပါသည်။ တည်ငြိမ်၍လုံလောက်သော ဗို့အားပေးနိုင်ပါသည်။
(ခ ) ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်မြေနေရာသည် ရန်ကုန် -နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့နှင့် နီးကပ်စွာတည်ရှိ၍ဆက်သွယ်သွားလာရေးအဆင်ပြေကောင်းမွန်ပါသည်။
(ဂ ) ဒက္ခိဏသီရိမြို့နယ်နှင့်လယ်ဝေးမြို့နယ်တို့မှ လုပ်သားအင်အားများစွာ ရရှိနိုင်ပါသည်။ လေ့ကျင့်သင်တန်းပေး၍ လုပ်သားများ၏ အခြေခံပညာရေးအရ စွမ်းရည်မြှင့်တင်ရလွယ်ကူပါသည်။
(ဃ) ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်းကြောင့် အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင် သွားလာနိုင်ပါသည်။
(င) စက်မှုဇုန်တွင်း စက်ရုံများကို စိတ်တိုင်းကျတည်ဆောက်နိုင်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့၊ ဟိုတယ်ဇုန်အမှတ်(၃)ဆိုင်ရာ အချက်အလက်များ

တည်နေရာ

၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့၊ ဟိုတယ်ဇုန်အမှတ်(၃)သည် ရန်ကုန်နေပြည်တော်မန္တလေးအမြန်လမ်းမကြီး၏ အရှေ့ဘက်ခြမ်း ဒက္ခိဏသီရိ
မြို့၊ ရွှေပြည်တော်ဝင်လမ်း၏မြောက်ဘက်၊ ရန်အောင်မြင်ဂေါက်ကွင်း၏ အနောက်ဘက်တွင် တည်ရှိပါသည်။

အကျယ်အဝန်း

၂။ ဒက္ခိဏသီရိမြို့၊ ဟိုတယ်ဇုန်အမှတ်(၃)သည် မြေဧရိယာအကျယ်အဝန်း ဧကပေါင်း (၅၁၃.၃၇)ဧကရှိပြီး မြေကွက်တစ်ကွက်လျှင် (၅.၀၀)ဧကခန့်ရှိ မြေကွက်
ပေါင်း(၄၆)ကွက်ကို ဖော်ထုတ်ထားပါသည်။ ဟိုတယ်လုပ်ငန်းရှင်များသို့ မြေကွက်(၂၀)ကွက်နေရာချထားပေးပြီး ဖြစ်ပါသည်။

မြေတန်ဖိုး

၃။ မြေတစ်ဧကအတွက် Infrastructure ကြေးငွေကျပ်(၈၀၀)သိန်း၊ မြေတန်ဖိုးငွေကျပ် (၅၀၀)သိန်း စုစုပေါင်းငွေကျပ် (၁၃၀၀)သိန်း သတ်မှတ်ထားရှိပါသည်။

စက်မှုဇုန်တွင် မြေနေရာချထားမှုစနစ်

၄။ ဒက္ခိဏသီရိ ဟိုတယ်ဇုန် အမှတ်(၃)တွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်လိုသူ နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် လွတ်လပ်စွာ လျှောက်ထားနိုင်ပြီး အသုံးပြုခွင့်ရရှိသော မြေကွက်အတွက် Infrastructure ကြေးနှင့် မြေတန်ဖိုး ပေးသွင်းပြီး အခိုင်အမာ ခြံစည်းရိုးကာရံပြီး ပါက နှစ်(၃၀) မြေငှားစာချုပ်ချထားပေး
မည်ဖြစ်ပါသည်။