ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လိုပါက အောက်ပါလုပ်ငန်းအမျိုးအစားအလိုက် ကွပ်ကဲရေးရုံးမှတဆင့် အခွန်ဌာနသို့ နောက်ဆက်တွဲ(က)ပါ လျှောက်လွှာ ပုံစံဖြင့်တင်ပြလျှောက်ထား၍ ခွင့်ပြုချက်ရရှိပါက ယှဉ်တွဲပါနှုန်းထားများအတိုင်း ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ် တစ်ကြိမ်သွင်းဆောင်ရပါသည်-
| စဉ် | လုပ်ငန်းအမျိုးအမည် | လိုင်စင်ခ(ကျပ်) |
|---|---|---|
| (က) | ပွဲရုံလုပ်ငန်း | ၅ဝ,ဝဝဝ |
| (ခ) | ကားဂိတ်လုပ်ငန်း | ၃၇,၅ဝဝ |
| (ဂ) | စားသောက်ဆိုင်လုပ်ငန်း | ၂၅,ဝဝဝ |
| (ဃ) | ယာဉ်ပြင်အလုပ်ရုံလုပ်ငန်း | ၃၇,၅ဝဝ |
| (င) | ရေဆေးခုံနှင့်အလုပ်ရုံလုပ်ငန်း | ၃၇,၅ဝဝ |








