nptdc title

Language »  English | Myanmar

ကြော်ငြာသင်ပုန်း

  • အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့်အသိပေးကြေညာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး

  • ရေသုံးစွဲမှုအခက်အခဲဖြစ်ပေါ်လျှင်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ
  • Registering Property Indicator
ဘိလပ်မြေစက်ရုံ(နေပြည်တော်)

ဘိလပ်မြေစက်ရုံ(နေပြည်တော်)၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။စက်ရုံတည်ဆောက်မှု သမိုင်းအကျဉ်းချုပ်

ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား ၂၀၀၇ခုနှစ်၊သြဂုတ်လ(၁)ရက်နေ့တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊မြန်မာ့ ကြွေထည်မြေထည်လုပ်ငန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊Jiangsu Pengfei Group Co;Ltd၊Jတို့ စက်ပစ္စည်းပေးသွင်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး စက်ရုံအား(၁.၇.၂၀၀၈)ရက်နေ့တွင် တည်ဆောက်ခဲ့ ပါသည်။၂၀၀၉ခုနှစ်၊အောက်တိုဘာလ (၃၁)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

၂။ရည်ရွယ်ချက်

  • နိုင်ငံတော်၏ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန်
  • နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သောဘိလပ်မြေကို အနီးကပ်ဖြည့်ဆည်းပေးနိုင်ရန်
  • ပြည်တွင်းဖြစ်သယံဇာတများကို အကျိုးရှိစွာအသုံးပြုနိုင်ရန်
  • နေပြည်တော်ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်
  • နိုင်ငံတော်ဖွံ့ဖြိုးမှုနှင့်အတူ နယ်မြေအတွင်း လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရှိစေရန်

၃။ဘိလပ်မြေစက်ရုံ(နေပြည်တော်)၏ စက်ရုံဆိုင်ရာအချက်အလက်များ

(က) တည်နေရာ - နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးရွာမှ (၈/၆)မိုင် အကွာ အောင်စည်လာကျေးရွာ၊ တောင်ဖီလာထုံးကျောက်တောင်အနီး မြေပုံညွန်း
(ခ ) မြေနေရာအကျယ်အဝန်း -၂၇၆.၉၉ဧက
(ဂ ) စတင်တည်ဆောက်သည့်နေ့ရက် -၁.၇.၂၀၀၈
(ဃ) တည်ဆောက်ပြီးစီးသည့်နေ့ရက် -၃၁.၁၀.၂၀၀၉
(င) ထုတ်လုပ်မှုနည်းစဉ် - အစိုနည်းစဉ်(Wet Process)
(စ) စက်စွမ်းအား - ဘိလပ်မြေ ၅၀၀ တန်/ နေ့
(ဆ) စံချိန်စံညွှန်း - EN 197-1 (2000) Strength Class 525 (52.5 N/mm2)
(ဇ) သုံးစွဲသည့်လောင်စာ - သဘာဝဓါတ်ငွေ့၊ကျောက်မီးသွေး
(ဈ) စွမ်းအင် - လျှပ်စစ်-စက်ရုံမှ(၁၂.၈၉)မိုင်ကွာဝေးသည့်သဲဖြူဓါတ်အားခွဲရုံမှ ဗို့အားမြင့်ဓါတ်အားလိုင်းဖြင့် သွယ်တန်းရရှိပါသည်။
ကျောက်မီးသွေး-မင်းဘူးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှဝယ် ယူအသုံးပြုပါသည်။
- သဘာဝဓါတ်ငွေ့-(၁၀.၆.၂၀၁၄)ရက်နေ့မှစတင်၍ မြန်မာ့ရေနံ နှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှရယူသုံးစွဲလျှက်ရှိပါသည်။
တစ် ရက်လျှင်0.4ကုဗပေသန်းအား ကျောက်မီးသွေးနှင့် ရောစပ် မီးထိုး အသုံးပြုလျှက်ရှိပါသည်။
(ည) ရေ - စက်ရုံအနီးရှိ မဲဟော်ချောင်းရေကို ရေစုပ်စက်ဖြင့်မောင်းတင်ပြီး နေ့စဉ်ပျမ်းမျှ ဂါလံ(၂၀၀၀၀၀)ခန့် ရယူသုံးစွဲလျှက်ရှိသည်။
(ဋ) အဓိကအသုံးပြုသည့်ကုန်ကြမ်း-
(၁) ထုံးကျောက် - အဓိကကုန်ကြမ်းဖြစ်သော ထုံးကျောက်အား စက်ရုံအနီးရှိ တောင်ဖီလာထုံးကျောက်တောင်မှ ထုတ်ယူရရှိပါသည်။
(၂) သံကျောက် - စက်ရုံအနီးပတ်ဝန်းကျင်နယ်မြေများမှ တူးဖော်ရရှိပြီးအရည် အသွေးကောင်းမွန်သည့် သံကျောက်များကို ပြင်ဦးလွင်သံကျောက်လုပ်ကွက်များမှ ဝယ်ယူသုံးစွဲပါသည်။
(၃) ရွှံ့စေး - စက်ရုံအနီးပတ်ဝန်းကျင်မှ ရယူသုံးစွဲလျှက်ရှိပါသည်။
(၄) ဂေါဒန်ကျောက် - အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ သီပေါဂေါဒန်ကျောက်နှင့် ရှမ်းပြည်နယ်၊ မောက်မယ်ဒေသထွက်ဂေါဒန်ကျောက်များအား ဝယ်ယူအသုံးပြုလျက်ရှိပါ သည်။

၄။လဲွှပြောင်းပေးအပ်ခြင်း
အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းလက်အောက်ရှိ ဘိလပ်မြေစက်ရုံ (နေပြည်တော်)အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ စက်ရုံအဖြစ် (၃၀.၉.၂၀၁၀)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှုငွေဖြင့် တည်ဆောက်ခဲ့သည့် စက်ရုံ(၁)ရုံဖြစ်ပါသည်။ စက်ရုံလွှဲပြောင်းခဲ့စဉ် ရင်းနှီးမြှုပ်နှံမှုတန်ဘိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လွှဲပြောင်းပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဘိုး - ၂၅၂၉၂.၃၈၄ ကျပ်သန်း

၅။ရည်မှန်းချက်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ ဘိလပ်မြေစက်ရုံ(နေပြည်တော်)အား အောက်ဖော်ပြပါရည်မှန်းချက်များထား၍ ဆောင်ရွက်လျှက်ရှိပါသည်-

(က) ၀န်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရမည်။
(ခ) ဘိလပ်မြေတစ်လ တန်(၁၀၀၀၀)ထုတ်လုပ်နိုင်ရမည်။
(ဂ) ထုတ်လုပ်သည့်ဘိလပ်မြေများဖြန့်ဖြူးနိုင်ရမည်။
(ဃ) စက်ရုံသန့်ရှင်း၊သပ်ရပ်၊သာယာ၊လှပ စိမ်းလန်းစိုပြေရမည်။

၆။ဝန်ထမ်းအင်အား အခြေအနေ
စက်ရုံမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)တစ်ဦးအပါအဝင် အရာထမ်းဝန်ထမ်း(၃၉)ဦး၊ အမှုထမ်းဝန်ထမ်း (၃၀၅)ဦး နှင့် နေ့စားဝန်ထမ်း(၇၄)ဦး၊ စုစုပေါင်း ၀န်ထမ်းအင်အား (၄၁၈)ဦးခန့်ထား၍ စက်ရုံဘိလပ်မြေထုတ်လုပ်မှု၊ဖြန့်ဖြူးမှုတို့အား ဆောင်ရွက်လျှက်ရှိပါသည်။

၇။ထုပ်ပိုးမှုအခြေအနေ
ဘိလပ်မြေထုတ်ပိုးမှုအဖြစ်အသုံးပြုသော နေပြည်တော်Cement(NC)၊တံဆိပ်အိတ်ခွံများကို နိုင်ငံတကာအသုံးပြု လျှက်ရှိသော ထိုင်းနိုင်ငံထုတ်အိတ်ခွံများ ဝယ်ယူအသုံးပြုလျှက်ရှိပါသည်။အိတ်ခွံတစ်လုံးလျှင် ဘိလပ်မြေ50Kg(110 Lb) ထည့်သွင်းပြီး ထုပ်ပိုးထားရှိပါသည်။အိတ်အတွင်းရေငွေ့စိမ့်ဝင်နိုင်မှုမရှိ၍ ကြာရှည်သိုလှောင်နိုင်ခြင်း၊သယ်ယူပို့ဆောင်မှု၊ရွှေ့ ပြောင်းမှုဆောင်ရွက်ရာတွင်လည်း အိတ်ကွဲမရှိခြင်းကြောင့် ဘိလပ်မြေလေလွင့်မှုမရှိနိုင်ကြောင်း အာမခံပါသည်။

၈။စံချိန်စံညွှန်းသတ်မှတ်မှု
ဘိလပ်မြေအရည်အသွေးအား နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်EN197-1(2000)Strength Class 525 (52.5 N/mm2)ဖြင့် စံသတ်မှတ်၍ထုတ်လုပ်လျှက်ရှိပြီး ဘိလပ်မြေထုတ်လုပ်မှုဖြစ်စဉ်များအလိုက် ဓါတုဗေဒဆိုင်ရာစစ်ဆေး ချက်(Chemical Test)၊ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်(Physical Test)တို့ကို စက်ရုံအရည်အသွေးစစ်ဆေးရေးဌာန၌ နေ့စဉ်၊ နာရီစဉ် စစ်ဆေးလျှက်ရှိပြီး အောက်ဖော်ပြပါ ဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်ချက်များ၊ဂုဏ်သတ္တိများနှင့်အညီ ထုတ်လုပ် လျှက်ရှိပါသည်-

(က) ဘိလပ်မြေ၏ဓါတုဗေဒဆိုင်ရာ ဓါတ်ခွဲစမ်းသပ်ချက်များ
SiO2 - 21.18%
Al2O3 - 4.83%
Fe2O3 - 3.52%
CaO - 65.57%
MgO - 0.94%
SO3 - 1.78%
L.O.I - 0.81%
(ခ) နေပြည်တော်ဘိလပ်မြေ၏ ဂုဏ်သတ္တိများ
(၁) မှုန့်ညက်မှု - 320 m2/kg
(Blaine Value)
(၂) ပြန့်ကားမှု - Nil
(Expansion)
(၃) ကနဦးခဲချိန် - 130 Min
(Initial Setting)
(၄) နောက်ဆုံးခဲချိန် - 180 Min
(Final Setting)
(၅) ၂ရက်ဖိခွဲခံနိုင်အား - 20.0 Mpa
(2days Compressive Strength)
(၆) ၂၈ရက်ဖိခွဲခံနိုင်အား - 52.5 Mpa
(28days Compressive Strength)

၉။အဓိကကုန်ထုတ်စက်ကြီးများ

(က) Primary Crusher 164 t/h
(ခ) Secondary Crusher 120 t/h
(ဂ) Belt Conveyor 200 t/h
(ဃ) Reclaimer 60 t/h
(င) Clay&Iron Ore Crusher 10 t/h
(စ) Raw Proportion 80 t/h
(ဆ) Raw Mill Ø2.6 x13m 45 t/h
(ဇ) Slurry Silo Ø7x21mx4nos 4200t
(ဈ) Slurry Basin Ø25x5.5m 3550t
(ည) Electrostatic Precipitator(45m2EP) 240000m3/h
(25m2EP) 85000m3/h
(ဋ) RotaryKilnØ3.5x145m 500t/d
(ဌ) Grate Cooler 23t/h
(ဍ) Coal Mill Ø2.4x4.52m 14t/h
(ဎ) Clinker Silo Ø12x27.5mx3nos 9900t
(ဏ) Gypsum Crusher 15t/h
(တ) Cement MillØ3x11m 28t/h
(ထ) Cement SiloØ12x25mx2no 9500t
(ဒ) Rotary Packer(8-spout) 100t/h

၁၀။ဘိလပ်မြေဖြန့်ဖြူးရောင်းချမှုစျေးနှုန်းသတ်မှတ်ချက်
ဘိလပ်မြေစက်ရုံ(နေပြည်တော်)မှ ထုတ်လုပ်လျှက်ရှိသည့် ဘိလပ်မြေများကို နိုင်ငံတကာစံချိန်၊စံညွှန်းသတ်မှတ်ချက် EN197-1(2000)Strength Class525(52.5 N/mm2)အရည်အသွေးမီ ဘိလပ်မြေများထုတ်လုပ်လျက်ရှိပြီး (၁.၄.၂၀၁၅)ရက်နေ့မှစတင်၍ အစိုးရဌာနများသို့ ဘိလပ်မြေတစ်အိတ်စက်ရုံအထိုင်စျေးအား တစ်အိတ်လျှင် ၅၂၀၀ိ/-၊ တစ်တန်လျှင်၁၀၄၀၀၀ိ/- နှုန်းဖြင့် လည်းကောင်း၊ ပုဂ္ဂလိကဝယ်ယူသူများသို့ တစ်အိတ်လျှင် ၅၃၀၀ိ/-၊ တစ်တန်လျှင်၁၀၆၀၀၀ိ/- နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။ အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီသော ဘိလပ်မြေများ မှာကြား ဝယ်ယူလိုပါက အောက်ဖော်ပြပါ လိပ်စာအတိုင်း ဆက်သွယ်မှာကြားဝယ်ယူနိုင်ပါသည်။ နေပြည်တော်ပတ်ဝန်းကျင်ဒေသများအတွင်း မှာကြားဝယ်ယူလိုပါက သယ်ယူပို့ဆောင်ခ တစ်တန်လျှင် ၆၃၀၀ိ/- နှုန်းဖြင့် မော်တော်ယာဉ်များ စီစဉ်ပေးလျက်ရှိပါသည်။ -


ဘိလပ်မြေစက်ရုံ(နေပြည်တော်) - ၀၉ ၄၉၂၁၀၀၈၆
ရုံးခွဲ - ၀၆၇ ၄၃၂၃၁၂
ဦးစိန်ကိုကို(ဒုတိယညွှန်ကြားရေးမှူး) - ၀၉ ၄၃၀၃၅၆၅၉
ဦးစသန်းထိုက်(ညွှန်ကြားရေးမှူး) - ၀၉ ၈၆၃၆၅၄၇