16 May 2025 : 15:05:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တွဲဖက်အတွင်းရေးမှူးနှင့် ဌာနကြီးမှူး(ကျန်းမာရေး)၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကြီးကြပ် ဆောင်ရွက်သည့် စည်ပင်ဧည့်ရိပ်သာ(၂)သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အိပ်ဆောင်များနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့တော်ဝန်က ပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီစေရေး အလေးထားဆောင်ရွက်ရန်၊ အင်ဂျင်နီယာနှင့် လုပ်သား အင်အားများ ထပ်တိုး၍ အမြန်ပြီးစီးစေရေး စီမံဆောင်ရွက်ရန်၊ ပြိုကျပျက်စီးခဲ့သည့် အိပ်ဆောင်များမှ ဆယ်တင်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ အိပ်ဆောင်ပတ်လည်ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆီးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။