04 June 2025 : 16:06:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ကော်မတီဝင်(၂) ဦးခွန်နေထွန်းဦး၊ ဌာနကြီးမှူး ဦးစိုးဝင်း၊ သက်ဆိုင်ရာဌာနမှူးများနှင့် တာဝန်ရှိသူ များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့သွားရောက်၍ ပင်လောင်းလမ်းဆုံမှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အထိ လမ်းဘေးဝဲ/ယာ မြက်ဖြတ်ခြင်းလုပ်ငန်း၊ တက္ကသိုလ်အဝင် လမ်းဘေးရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများအား စီမံရေးရာဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနတို့မှ လုပ်သားအင်အားနှင့် စက်ယန္တရားများဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။