nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)တို့တွင် အလှူငွေများ ပေးအပ်လှူဒါန်း02 June 2025 : 14:06:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေများပေးအပ်လှူဒါန်းပွဲကို၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တို့၌ အသီးသီး ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးရုံများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားခဲ့သည်။ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တို့၌ ဆေးကုသ မှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့