05 September 2018 : 13:09:00
နေပြည်တော် မြို့မစျေး (သစ်သီးဝလံနှင့် သားငါးရုံ)အခြမ်းကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်တင်၍ အဆင့်မြင့်စျေး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ Global One Belt One Road Association မှ တာဝန်ရှိသူများက လာရောက်ဆွေးနွေးရှင်းလင်းတင်ပြကြသည်။ အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်နှင့် ဦးကျော်ဇင်လတ်၊ ဌာနကြီးမှူး ဦးစိုးဟန်၊ ဌာနမှူး ဦးတိုင်းကျော်နှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံကြသည်။ ရှေးဦးစွာ ကော်မတီဝင် ဦးမင်းသိမ်း၊ ဦးဆန်းနိုင်တို့က အဖွင့်နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြပြီး Global One Belt One Road Associationမှ တာဝန်ရှိသူများက နပြည်တော် မြို့မစျေး (သစ်သီးဝလံနှင့် သားငါးရုံ)အခြမ်းကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်တင်၍ အဆင့်မြင့်စျေး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများမှ အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။