nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ မေတ္တာရပ်ခံပန်ကြားခြင်း06 June 2025 : 09:06:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း (၃၀.၄.၂၀၂၅ မှ ၂.၆.၂၀၂၅ ထိ) မိုးရွာသွန်းမှုကြောင့် ချောင်းရေစီးဆင်းဝင်ရောက်သဖြင့် ချောင်းမကြီးဆည်ရေ နောက်ကျိခြင်းများဖြစ်ပေါ်ခဲ့ရာ ချောင်းမကြီးဆည်မှ ရေရယူထားသော ရေသန့်စင်စက်ရုံအမှတ်(၁)နှင့် အမှတ်(၂)တို့တွင် နှုန်းပါဝင်မှုများပြားလာသည့်အတွက် ရေသန့်စင်နိုင်မှုနှုန်း ကျဆင်းလာပါသဖြင့် လိုအပ်သည်များကို အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။သို့ဖြစ်ပါ၍ ၎င်းရေသန့်စင်စက်ရုံများမှ ရေပေးဝေလျက်ရှိသော လွှတ်တော်၊ အိမ်တော်၊ ဝန်ကြီးရုံးများ၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြို့တော်ခန်းမ၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ရွှေနံသာရပ်ကွက်၊ အားကစားကျေးရွာနှင့် သုခဝတီ အိမ်ရာ၊ ပိတောက်အိမ်ရာ၊ သဇင်ဆောင်၊ သပြေဆောင်များသို့ ရန်အောင်မြင်ဆည်ရေဖြင့် ဖြည့်စွက်အချိုးကျ ပေးဝေလျက်ရှိပါကြောင်းနှင့် ရေပေးဝေချိန်များ နောက်ကျခြင်း၊ ရေပြည့်ဝစွာ ပေးဝေနိုင်မှုမရှိခြင်းတို့အတွက် စိစစ်ချွေတာသုံးစွဲပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပင်မစာမျက်နှာသို့