nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းမကြီးများ ပြန်လည်ပြုပြင်နေမှု၊ အမှုထမ်းအိမ်ရာများ၊ လူပျိုဆောင်နှင့် အပျိုဆောင်များ ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး10 June 2025 : 16:06:00

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက ရာဇဌာနီနှင့် ရာဇသင်္ဂဟလမ်းမကြီးများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန် ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က လုပ်ငန်းများကို အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီပြီး ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် မြေသားသိပ်သည်းမှုရှိအောင် ဆောင်ရွက်ရန်နှင့် လမ်းခင်းကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရန်၊ တာဝန်ခံ အင်ဂျင်နီယာများက အမြဲမပြတ်စစ်ဆေးကြပ်မတ်ရန်တို့ကို မှာကြားခဲ့သည်။ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ အမှုထမ်းအိမ်ရာဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ယာယီရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြုပြင်ရမည့်လုပ်ငန်းများကို အမြန်ပြန်လည်ပြုပြင်ကာ တည်ဆောက် ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန်၊ ရေရှည်ခိုင်ခံ့မှုရှိရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်စေရေး သက်ဆိုင်ရာအင်ဂျင်နီယာများက အမြဲမပြတ်ကြပ်မတ် စစ်ဆေးရန်၊ ဆောက်လုပ်ရေးလုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရန်၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်မီ ရောက်ရှိရေး စနစ်တကျ စီမံဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ လူပျိုဆောင်နှင့် အပျိုဆောင်များ ဆောက်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့