nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး25 May 2025 : 11:05:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟ အိမ်ရာ(၂)ရှိ ခတ္တာလမ်းသို့ သွားရောက်၍ စက်စက်ယိုချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ပြန်လည်တူးဖော်နေမှုနှင့် ချောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြကြပြီး မြို့တော်ဝန်က ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် စနစ်တကျပြန်လည်ဆောင်ရွက်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် Box Culvert ပြန်လည်ပြုပြင်ရေးနှင့် Box Culvert အတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး စီစဉ်ဆောင်ရွက်ရန်၊ ချောင်းဘေးမြေထိန်းနံရံများ ပြိုကျမှုမရှိစေရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ထိုမှတဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီးသစ်ပင်များ စိမ်းလန်းစိုပြေရှင်သန်ဖြစ်ထွန်းစေရေးအတွက် နေပြည်တော် H1 လမ်း၊ လေဆိပ်လမ်း၊ ပျဉ်းမနားမြို့ရှောင်လမ်း၊ ဧလာမြို့အဝင်လမ်း နှင့် ရန်ကုန်-မန္တလေးရထားလမ်းများသို့ သွားရောက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လမ်းမကြီးများ အပါအဝင် ကျေးလက်လမ်းများ၏ လမ်းဘေးဝဲ/ယာတွင် နှစ်ရှည်ပင်နှင့် အလှပန်းပင်များ လျာထားစိုက်ပျိုးနိုင်ရေးနှင့် လမ်းလယ်ကျွန်းများတွင် မြေယာရှုခင်း အလှပန်းပင်များ ထည့်သွင်းစိုက်ပျိုးရေး အလေးထားဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ယင်းနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇဌာနီလမ်းမကြီးရှိ လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာ(AC)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးစေရေး တာဝန်ရှိသူများက အချိန်ပြည့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့