nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်သည် ကော်မတီဝင်များ၊ အမြဲတမ်းအတွင်း၀န်၊ ဌာနမှူးနှင့်တာ၀န်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်အတွင်း တည်ဆောက်လျှက်ရှိသည့် Box Culvert များအား ကြည့်ရှုစစ်ဆေး21 September 2018 : 11:09:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်သည် ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးဆန်းနိုင်၊ ဦးကျော်ဇင်လတ်၊အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်၊ အင်ဂျင်နီယာဌာန(လမ်း/တံတား) ဌာနမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီ၏ ၂၀၁၈ခုနှစ်(၆လ)ငွေလုံး ငွေရင်းဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမကြီးရှိနေပြည်တော်ဘူတာကြီးနှင့်ရွာတော်မီးပွိုင့်ကြား 160’x10’x8’R.C Box Culvert (၂)စင်းနှင့်နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ဘူတာကြီး ရှေ့သံလွင်လမ်းမကြီးနှင့်သီရိမဏ္ဍိုင်လမ်းဆုံရှိ 160’x6’x6’ Box Culvert ၂စင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှူစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။ အဆိုပါ Box Culvert (၄)စင်းအား တင်ဒါအောင်မြင်ခဲ့သည့်UEC ကုမ္မဏီမှ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ပင်မစာမျက်နှာသို့