nptdc title

Language »  English | Myanmar

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရုံးလုပ်ငန်းဆောင်ရွက်မှုစနစ် (e-Office စနစ်) စတင်အသုံးပြုခြင်း ဖွင့်ပွဲအခမ်းအနား30 May 2017 : 15:05:00

             နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရုံးလုပ်ငန်းဆောင်ရွက်မှုစနစ် (e-Office စနစ်) စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်တွင် နေပြည်တော်မြို့တော်ခန်းမရှိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။
            အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌနှင့်အတွင်းရေးမှူး၊ ဖိတ်ကြားထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဌနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
             နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ e-Office စနစ်အသုံးပြုခြင်းအား CCD (City Capital Development) Co.Ltd မှ Power Point ဖြင့်ရှင်းလင်းတင်ပြပြီးနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ e-Government လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးမှ e-Office စနစ်အား လက်တွေ့သရုပ်ပြ ရှင်းလင်းတင်ပြသည်။
             အခမ်းအနားသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအနက် ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဌနှင့် Xerox Co.Ltd မှ ဦးနေလင်းတို့မှ e-Governmet စနစ် အောင်မြင်စွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသီးသီးအကြံပြုဆွေးနွေးတင်ပြကြသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းထိန်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး နံနက် ၁၁:၁၅ တွင် အခမ်းအနားပြီးဆုံးသည်။


ပင်မစာမျက်နှာသို့