nptdc title

Language »  English | Myanmar

နေပြည်တော်ကောင်စီဥက္ကဌ ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်သည် ယနေ့နေ့လည်ပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့်လူငယ်စကားဝိုင်း"လူငယ်နှင့်အနာဂတ်" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ အခမ်းအနား30 September 2018 : 22:09:00

နေပြည်တော်ကောင်စီဥက္ကဌ ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်သည် ယနေ့နေ့လည်ပိုင်းက နေပြည်တော် ပျဉ်းမနားရှိ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့်လူငယ်စကားဝိုင်း"လူငယ်နှင့်အနာဂတ်" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ နေပြည်တော်ကျန်းမာရေးဦးစီးမှူး၊ နေပြည်တော်ပညာရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှူး၊ နေပြည်တော်အားကစားမှူး၊ နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူးနှင့် စာရေးဆရာ ဦးခင်မောင်ဇော်တို့မှ "လူငယ်နှင့်အနာဂတ်" ခေါင်းစဉ်နှင့်စပ်လျဉ်း၍ မိတ်ဆက်စကား အသီးသီး ပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ခံ လူငယ်များမှ မိမိတို့ သိရှိလိုသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်း အကြံပြုတင်ပြချက်များအား နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။ စိုက်ပျိုးရေးသိပ္ပံကျောင်းသား၊ ကျောင်းသူများမှ စိုက်ပျိုးရေးပညာကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့ခံလူငယ်များမှ စာပေဗဟုသုတများအား လေ့လာလိုက်စားမှု ပိုမိုတိုးတက်လာစေရန်ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့