nptdc title

Language »  English | Myanmar

ဌာနကြီးမှူး(ထုတ်လုပ်ရေး) ဦးစိုးဟန်သည် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော် မြို့မဈေးတွင် ယာဉ်ပြင်အလုပ်ရုံ၊ စားသောက်ဆိုင်ခန်းများ အသစ်တည်ဆောက်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး12 January 2023 : 10:01:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူး(ထုတ်လုပ်ရေး) ဦးစိုးဟန်သည် (၁၁.၁.၂၀၂၃)ရက်နေ့၌ ဈေးများဌာန ဌာနမှူး ဦးအောင်လှိုင်မျိုး၊ ဒုတိယဌာနမှူး ဦးမောင်မောင်စံနှင့် လက်ထောက်ဌာနမှူး ဦးမြင့်စန်းတို့လိုက်ပါလျက် နေပြည်တော် မြို့မဈေးတွင် ယာဉ်ပြင်အလုပ်ရုံ၊ စားသောက်ဆိုင်ခန်း၊ ကားအလှဆင်ခြင်းနှင့် ရေဆေးဆီလိုက် ဆိုင်ခန်းများ အသစ်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ပင်မစာမျက်နှာသို့