nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး12 April 2024 : 10:04:00

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ သက်ဆိုင်ရာဌာနမှူးများနှင့် နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်မြောက်ဘက် ဗိုလ်တောက်ထိန်လမ်းဘေးရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်က လျှောက်လမ်းဘေးနှင့်ပန်းခုံများကြား မြေကွက်လပ်တွင် အလှမြက်ခင်းများ စိုက်ပျိုးရန်နှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းတွင် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသော မြန်မာမှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် ကန်တော်မင်္ဂလာရှမ်းကန်တောင်ဘက်တွင် ကျောက်ထိုင်ခုံများ နေရာချထားမှု၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းစေပြီး ရနံ့မွှေးပျံ့သည့် အရိပ်ရပင်၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်အား အမြဲမပြတ်သန့်ရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်အညီ ကျူးကျော်များမရှိစေရေးနှင့် မြို့ဖွွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ထိထိ ရောက်ရောက်ဖြင့် အကျိုးသက်ရောက်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ မှာကြားပြီး ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့