nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး23 June 2025 : 16:06:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ၂၀၂၅ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရာဇသင်္ဂဟလမ်းနှင့် သပြေကုန်းအဝိုင်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းနှင့်မြေထိန်းနံရံများ ပြန်လည် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေနုတ်မြောင်းများ စနစ်တကျပြန်လည်တူးဖော်ရေး၊ တာဝန်ခံအင်ဂျင်နီယာများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဇေယျာသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး ပင်လောင်းလမ်းဆုံနှင့် အိုင်စောက်‌ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ရေမြောင်းများကို သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျပြန်လည်တူးဖော်ဆောင်ရွက်ရေး၊ ရေမြောင်းများအတွင်း အမှိုက်များ၊ ချုံနွယ်များမရှိစေရန် ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ Box Culvert နှင့် ရေထုတ်ပြွန်များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့