nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများနှင့် ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေး23 June 2025 : 16:06:00

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟ လမ်းမကြီး၊ တော်ဝင်ရတနာလမ်းမကြီးနှင့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ သုခတော်ဝင် အိမ်ရာရှိ သစ္စာလမ်းနှင့် မုဒိတာလမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မြို့တော်ဝန်က လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်းအသုံးပြုရေး၊ မြေစမ်းသပ်မှုများ စနစ်တကျဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး စက်ယန္တရားများဖြင့် အရေးပေါ်ရေပိုလွှဲ ဆောင်ရွက်နေမှု၊ ယာယီရေတားတမံဆောင်ရွက်နေမှုနှင့် ရေထုတ်ပြွန်ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ ပဲခူးလမ်း၊ သော်ကလမ်းနှင့် ပုဗ္ဗသီရိမြို့နယ်၊ ကျိုက်ထိုလမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့‌တော်ဝန်က လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် အမြဲမပြတ် စစ်ဆေးဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့