nptdc title

Language »  English | Myanmar

ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ခတ္တာဈေးသို့ အောင်သုခရပ်ကွက်လမ်းဘေးပျံကျဈေးသည်များအား ရွှေ့ပြောင်းရောင်းချမှုအခြေအနေအား ကြည့်ရှု့စစ်ဆေး15 March 2024 : 14:03:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် (၁၅.၃.၂၀၂၄)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် ဌာနကြီးမှူး(စီမံ) ဦးစိုးဝင်း၊ ဈေးများဌာနမှ ဌာနမှူး ဦးအောင်လှိုင်မျိုး၊ စီမံရေးရာဌာနမှ ဌာနမှူး ဦးစိုးမော်၊ ဈေးများဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ဈေးများဌာနကွပ်ကဲမှုအောက် ခတ္တာဈေးသို့ အောင်သုခရပ်ကွက်လမ်းဘေးပျံကျဈေးသည်များအား ရွှေ့ပြောင်းရောင်းချမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဈေးသန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အစဉ်တစိုက်ရှင်းလင်းဆောင်ရွက်ရေး၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ အထူးကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့