nptdc title

Language »  English | Myanmar

နေပြည်တော် ချယ်ရီဈေးတွင် စားသောက်ဆိုင်ခန်းများ အသစ်တည်ဆောက်ရန်အတွက် စိတ်ဝင်စားမှု ဖော်ပြလွှာ Expression Of Interest(EOI) ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ 10 December 2020 : 11:12:00

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ချယ်ရီဈေးတွင် စားသောက်ဆိုင်ခန်းများ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် စိတ်ဝင်စားမှု ဖော်ပြလွှာ Expression Of Interest(EOI) ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို (၈.၁၂.၂၀၂၀)ရက်နေ့ နံနက် ၉ နာရီချိန်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်(၃) ဒေါ်စံပယ်ထွေး၊ တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူး ဦးစိုးဟန်၊ သက်ဆိုင်ရာ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် Expression Of Interest(EOI)တင်သွင်းထားသည့် ကုမ္ပဏီများ တက်ရောက်ကြသည်။ ရှေးဦးစွာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်(၃) ဒေါ်စံပယ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး တင်ဒါကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က Expression Of Interest(EOI)ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် တင်ဒါကော်မတီ အတွင်းရေးမှူး၊ ဈေးများဌာန ဌာနမှူး ဦးတိုင်းကျော်က Expression Of Interest(EOI) ဖွင့်ဖောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ပြောကြားရာ တက်ရောက်လာသည့် ကုမ္ပဏီများမှတာဝန်ရှိသူတို့က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ယင်းနောက် တင်ဒါကော်မတီ အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် စားသောက်ဆိုင်ခန်းများ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် စိတ်ဝင်စားမှု ဖော်ပြလွှာ Expression Of Interest(EOI) ပုံစံများကို ဖွင့်ဖောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ပြီး တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ကော်မတီဝင်(၃) ဒေါ်စံပယ်ထွေးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့