nptdc title

Language »  English | Myanmar

မြို့တော်ဝန် ဦးသန်းထွန်းဦး၊ တပ်ကုန်းမြို့မဈေးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး နှင့် ဈေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး16 February 2024 : 10:02:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် (15.2.2024)ရက်နေ့၊ ညနေ(17:45)ခန့်အချိန်၌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော် ကောင်စီနယ်မြေမှ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ ဈေးများဌာန ဌာနမှူး ဦးအောင်လှိုင်မျိုးနှင့်အဖွဲ့တို့လိုက်ပါလျက် ဈေးများဌာနကွပ်ကဲမှုအောက်ရှိ တပ်ကုန်းမြို့မဈေးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေး၏လုပ်ငန်းဆောင်တာများကို အဆင့်မီမီ ဆောင်ရွက်သွားနိုင်ရေး ၊ မြို့နေထိုင်သည့် လူဦးရေနှုန်းထားနှင့် ဈေးရောင်းချနိုင်သည့် ဧရိယာ အကျယ်အဝန်း လုံလောက်မှုရှိ/မရှိ စိစစ်ဆောင်ရွက်သွားနိုင်ရေး ၊ အများပြည်သူများ ဈေးနှုန်း သင့်တင့်မျှတစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့ကို သား/ငါး၊ ဟင်းသီး ဟင်းရွက်၊ အခြားကုန်ပစ္စည်းများရောင်းချသည့် ဈေးသူ/ဈေးသားများနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ ပူးပေါင်းဆောင်ရွက်သွားရန်၊ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးလုပ်ငန်းများ အစဉ်တစိုက်ရှင်းလင်းဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များ အထူးကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့