nptdc title

Language »  English | Myanmar

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ဆီ၊ဆေးများ သွားရောက်လှူဒါန်း27 October 2020 : 12:10:00

 

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်က ဆန်၊ ဆီ၊ ဆေးများ ပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာလ (၂၄)ရက် နံနက် (၈:၃၀)နာရီအချိန်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ သွားရောက်လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ခင်မြတ်လေး၊ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်နန်းအေးအေးဆန်းနှင့် ဘဏ်ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်း(၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်(၂) တိုက်တို့သို့ ဆန်၊ ဆီ၊ ဆေးများ လှူဒါန်းခဲ့သည်။ ထိုသို့ လှူဒါန်းရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့မသီဟနာဒကျောင်းတိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ(၁၀)ပုံး၊ ဗီတာမင်စီ ဆေးဗူး (၂၅) ဗူးအား လည်းကောင်း၊ မြို့လယ်သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ ဆန်အိတ်(၂၀)အိတ်၊ ဆီ ၁၀ ပိဿာ (၅)ပုံး၊ ဗီတာမင်စီဆေးဗူး(၂၅)ဗူး အားလည်းကောင်း၊ မဟာဗောဓိစာသင်တိုက်သို့ ဆန်အိတ်(၂၀)အိတ်၊ ဆီ ၁၀ ပိဿာ(၅)ပုံး၊ ဗီတာမင်စီ ဆေးဗူး (၂၅)ဗူးအားလည်းကောင်း၊ ကျောက်စရစ်ကုန်း ကျောင်းတိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ (၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး(၂၅)ဗူး အားလည်းကောင်း၊ ရွှေအင်းရိပ်သာကျောင်းတိုက်သို့ ဆန်အိတ် (၃၀)အိတ်၊ ဆီ ၁၀ ပိဿာ (၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး(၂၅)ဗူးအားလည်းကောင်း၊ မဟာဇနက ကျောင်းတိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ(၁၀)ပုံး၊ ဗီတာမင်စီ ဆေးဗူး (၂၅)ဗူးအားလည်းကောင်း၊ မြို့ဦးကျောင်းတိုက်သို့ ဆန်အိတ် (၂၀) အိတ်၊ ဆီ ၁၀ ပိဿာ(၅)ပုံး၊ ဗီတာမင်စီဆေးဗူး (၂၅)ဗူးအားလည်းကောင်း သွားရောက် လှူဒါန်းခဲ့သည်။ ဆက်လက်၍ ချမ်းမြေ့မေတ္တာသီလရှင်စာသင်တိုက်သို့ ဆန်အိတ်(၂၀)အိတ်၊ ဆီ ၁၀ ပိဿာ (၅)ပုံး၊ ဗီတာမင်စီဆေးဗူး(၆)ဗူး အားလည်းကောင်း၊ သိင်္ဂီရတနာသီလရှင်စာသင်တိုက်သို့ ဆန်အိတ် (၂၀)အိတ်၊ ဆီ ၁၀ ပိဿာ (၅)ပုံး၊ ဗီတာမင်စီ ဆေးဗူး(၆)ဗူး အားလည်းကောင်း အသီးသီးလှူဒါန်းခဲ့သည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်းနှင့် သီလရှင်စာသင်တိုက်(၂)တိုက်တို့သို့ စုစုပေါင်းလှူဒါန်းခဲ့မှုမှာ ဆန်အိတ် (၂၂၀)အိတ်၊ ဆီ(၆၅၀) ပိဿာနှင့် ဗီတာမင်စီဆေးဗူး(၁၈၇)ဗူး တို့ဖြစ်ကြောင်း သိရှိရသည်။၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းထံ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်က ဆန်၊ ဆီ၊ ဆေးများ သွားရောက်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ ဒုတိယဦးဆောင်ညွှန်ကြား ရေးမှူး ဦးလှစိုးနှင့် ဘဏ်ဝန်ထမ်းများပါဝင်သော လှူဒါန်းရေးအဖွဲ့က ဇေယျာသီရိမြို့နယ်အတွင်းရှိ သူရိယာရာမကျောင်းတိုက်သို့ ဆန်အိတ် (၂၀)အိတ်၊ ဆီ ၁၀ ပိဿာ(၅)ပုံး၊ ဗီတာမင်စီဆေးဗူး(၂၅)ဗူးအား လည်းကောင်း၊ သိုက်ချောင်းတပ်ဦး ကျောင်းတိုက်သို့ ဆန်အိတ်(၂၀)အိတ်၊ ဆီ ၁၀ ပိဿာ(၅)ပုံး၊ ဗီတာမင်စီ ဆေးဗူး (၂၅) ဗူးအား လည်းကောင်း၊ ရတနာစံစာသင်တိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ(၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး (၂၅)ဗူးအားလည်းကောင်း၊ ရေဆင်းကန်ဦးကျောင်းတိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ (၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး (၂၅)ဗူးအားလည်းကောင်း၊ ရွာသစ်ကြီးစာသင်တိုက်သို့ ဆန်အိတ်(၃၀) အိတ်၊ ဆီ ၁၀ ပိဿာ (၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး (၂၅)ဗူး အားလည်းကောင်း၊ မဟာဝိဇ္ဇာသိပ္ပံစာသင်တိုက်သို့ ဆန်အိတ်(၃၀)အိတ်၊ ဆီ ၁၀ ပိဿာ(၁၀)ပုံး၊ ဗီတာမင်စီဆေးဗူး (၂၅)ဗူး အားလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၆)ကျောင်းသို့ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်က လှူဒါန်းခဲ့မှုပေါင်းမှာ ဆန်အိတ် (၁၆၀)အိတ်၊ ဆီ(၅၀၀) ပိဿာ၊ ဗီတာမင်စီဆေးဗူး(၁၅၀)ဗူးတို့ ဖြစ်ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့