24 April 2025 : 15:04:00
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက် နံနက်ပိုင်းက (၂၈.၃.၂၀၂၅)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်အတွင်း အဓိကလမ်းမကြီးများဖြစ်သည့် တော်ဝင်ရတနာလမ်း(ကုမုဒြာကြာပန်းအဝိုင်းအနီး) လမ်းပျက်စီးမှုအား Moon Ray Co.,Ltd မှ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရာဇဌာနီလမ်း (ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် ကုမုဒြာကြာပန်း အဝိုင်းကြား) လမ်းပျက်စီးမှုအား စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရာဇသင်္ဂဟလမ်း(အမျိုးသားပြတိုက်အနီး) လမ်းပျက်စီးမှုအား Ayar Apex Co.,Ltd မှ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရာဇသင်္ဂဟလမ်း (လျှိုပိတ်ဆည်အမှတ်(၄)အနီး) လမ်းပျက်စီးမှုအား မန်းပြည်တံခွန်ကုမ္ပဏီမှ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနား-တောင်ညိုလမ်း(ပြည်ကြီး မဏ္ဍိုင်လမ်းဆုံအနီး)လမ်းပျက်စီးမှုအား Asia World Co.,Ltd မှ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က လုပ်ငန်းများကို အချိန်တို အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုတစိုက်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။