nptdc title

Language »  English | Myanmar

ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး နေပြည်တော် ရေပန်းဥယျာဉ်တွင် မသန်စွမ်းပုဂ္ဂိုလ်များအတွက် လျှောက်လမ်းပြုလုပ်နေမှုအား သွားရောက်စစ်ဆေး14 January 2020 : 14:01:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးသည် (၇.၁.၂၀၂၀) ရက်နေ့ ညနေပိုင်းက ကော်မတီဝင်(၅) ဦးဆန်းနိုင်၊ ဌာနကြီးမှူး ဦးတင်အောင်ငွေ၊ ဌာနမှူး ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ရေပန်းဥယျာဉ်တွင် မသန်စွမ်းပုဂ္ဂိုလ်များ အတွက် လျှောက်လမ်းပြုလုပ်နေသည့် လုပ်ငန်းခွင်သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား စစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ ပန်းခြံသို့လာရောက်အပန်းဖြေ ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေး စနစ်တကျဖြင့် ဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါ လုပ်ငန်းအား မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မသန်စွမ်းသူများအတွက် အဆင်ပြေသင့်လျော်သည့် ပတ်ဝန်းကျင်(Reasonable Accommodation) ဖန်တီးမှုဆိုင်ရာ အခြေခံအဆောက်အဦများ ပြင်ဆင် မွမ်းမံခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ ဆောက်ရွက်ဖန်တီးရန် လမ်းညွှန်မှုအရ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၆၄.၆၇၀)သန်းဖြင့် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း မသန်စွမ်း ပုဂ္ဂိုလ်များ (Physical and Visual Disabilities) အဆင်ပြေစွာလည်ပတ်သွားလာနိုင်ရေးအတွက် သီးသန့်လမ်း၊ Wheel Chair Path Way,Steel Hand Rail , Wheel Chair Stand, Toilet နှင့် အမှတ်အသားပါလှေျာက်လမ်းများ၊ စတီးလက်ရန်များနှင့် ဆိုင်းဘုတ်များပြုလုပ်ခြင်း လုပ်ငန်းများအား (၃၀.၁၀.၂၀၁၉) ရက်နေ့တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ပင်မစာမျက်နှာသို့