04 January 2020 : 12:01:00
ပထမအကြိမ် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစု လူမှုကူညီထောက်ပံ့မှု ဦးစီးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဝန်ထမ်းမိသားစုများ၏ အသက် (၁)နှစ်အောက် ကလေးကျန်းမာမှု ပြိုင်ပွဲကို (၃.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)ချိန်ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၏ဇနီး ဒေါ်ခင်စောမူ တက်ရောက်အားပေးသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၏ ဇနီး၊ ကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ကော်မတီဝင်များ၏ ဇနီးများ၊ ဌာနကြီးမှူးများ၏ ဇနီးများ၊ ဌာနမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစုများ အသက် (၁)နှစ်အောက် ကလေးကျန်းမာမှု ပြိုင်ပွဲကျင်းပရာ ကလေးငယ်များအား သတ်မှတ်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်း၊ ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ကာကွယ်ဆေးထိုး ပြီးစီးမှု စစ်ဆေးခြင်းများ ပြုလုပ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၏ဇနီး ဒေါ်ခင်စောမူက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ကျန်းမာရေးဌာနမှ ဆရာဝန်များက ကျန်းမာရေးအသိပညာပေး ဟောပြောကြသည်။ ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ မြို့တော်ဝန်၏ဇနီး ဒေါ်ခင်စောမူ ဦးဆောင်၍ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။