nptdc title

Language »  English | Myanmar

ဌာနကြီးမှူး(မြို့/မြေ) ဦးမင်းမင်းဇော် ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးအတွက် မြေယာရှုခင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း25 August 2023 : 16:08:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး(မြို့/မြေ) ဦးမင်းမင်းဇော်သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူး ဦးမိုးကျော်စွာနှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ နံနက်ပိုင်းက ရာဇဌာနီလမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံရှိ ကုမုဒြာကြာပန်းအဝိုင်းအနီးတွင် အသစ်တည်ဆောက် အကောင်အထည်ဖော်လျက်ရှိသော တြိဂံကျွန်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးရာ တြိဂံကျွန်းစိမ်းလန်းစိုပြည်ရေးအတွက် မြေသားများ ခင်းကျင်းရာ၌ အမှိုက်များ၊ ကျောက်ခဲများ၊ အုတ်ကျိုးများကင်းစင်အောင်ဖယ်ရှားရှင်းလင်းရန်၊ ရေပိုက်လိုင်းနှင့် Sprinkler များ တပ်ဆင်ရာတွင်လည်း အရည်အသွေးပြည့်မီသော ပစ္စည်းများအသုံးပြုရန်နှင့် အရေအတွက် လုံလောက်စွာတပ်ဆင်ရန်၊ အမျိုးအစားကောင်းမွန်သည့် ဂျပန်မြက်ကောင်းမြက်သန့်များကိုသာ အသုံးပြုရန်နှင့် လုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ဌာနကြီးမှူးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့ရှိ ကန်တော်မင်္ဂလာရှမ်းကန် ကန်ပေါင်ပေါ်တွင် အသစ်တည်ဆောက်လျက်ရှိသော မြေယာရှုခင်းလုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူတို့ စိတ်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်စေရေး တပ်ဆင် ပေးထားသည့် အဆင့်မီကနုတ်ထိုင်ခုံကြီးများကို ရေရှည်အသုံးပြုနိုင်ရေး ဂရုပြုထိန်းသိမ်းသွားရန်နှင့် ရာသီအလိုက် ပန်းပွင့်များဖြင့် ဝေဆာနေစေရေးအတွက် အပွင့်ပန်းပင်များ ဖြည့်စွက်စိုက်ပျိုးသွား ရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။

ပင်မစာမျက်နှာသို့