27 January 2021 : 09:01:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူး (ထုတ်လုပ်ရေး) ဦးစိုးဟန် သည် စက်ရုံမှူး ဦးကျော်ဆန်းထွန်း၊ ဒုတိယစက်ရုံမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၆.၁.၂၀၂၁ ရက်၊ အင်္ဂါနေ့၊ ညနေ ၁၆:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး၊ ပျဉ်းမနား-တောင်ညို ကားလမ်းဘေးရှိ နေပြည်တော်အုတ်စက်ရုံ (မင်းကုန်း)တွင် နှစ်ပတ်လည်အကြီးစားပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စက်ရုံမှူး ဦးကျော်ဆန်းထွန်း နှင့် တာဝန်ရှိသူများက နေပြည်တော် အုတ်စက်ရုံ၏ အုတ်စိမ်းပိုင်းဆိုင်ရာ စက်ပစ္စည်းများ၊ မီးသင်းဖိုပိုင်းဆိုင်ရာ စက်ပစ္စည်းများ၊ ကျောက်မီးသွေး ကြိတ်စက်များနှင့် စက်ပစ္စည်းများကြံ့ခိုင်ကောင်းမွန်စေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (၁၄.၁.၂၀၂၁)ရက်နေ့မှစ၍ အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ဌာနကြီးမှူး (ထုတ်လုပ်ရေး) ဦးစိုးဟန် က လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။