၁။ |
ကော်မတီနယ်နိမိတ်အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများနှင့်ပတ်သက်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီလျှောက်ထားစေခြင်း၊ စစ်ဆေးခြင်း၊ ဆောက်လုပ်ခွင့်အမိန့်ပေးခြင်း၊ရပ်ဆိုင်းခြင်း၊ ငြင်းပယ်ခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း၊ |
၂။ |
ကော်မတီပိုင်မြေများပေါ်တွင် အဆောက်အအုံအစိတ်အပိုင်းများ ကျူးကျော်ခြင်းကို စစ်ဆေးခြင်း၊ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦကို ဖြိုဖျက်စေခြင်း၊ ဖယ်ရှားစေခြင်း၊ အရေးယူခြင်း၊ |
၃။ |
ကော်မတီပိုင်မြေပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားရှိခြင်းကို စစ်ဆေးခြင်း၊ အခွန်စည်းကြပ်ကောက်ခံခြင်း၊ |
၄။ |
ကြော်ငြာဆိုင်းဘုတ်များကို စိစစ်ခွင့်ပြုခြင်း၊ အခွန်အခများ စည်းကြပ်ကောက်ခံခြင်း၊ ဟောင်းနွမ်းသောဆိုင်းဘုတ်များ အသစ်ပြုလုပ်စေခြင်း၊ဖယ်ရှားစေခြင်း၊ |
၅။ |
ကော်မတီအတွက်နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲရာတွင် ဆောက်လုပ်ရေးကဏ္ဍကို ရေးဆွဲတင်ပြခြင်း၊ |
၆။ |
မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ |
၇။ |
နေပြည်တော်မြို့တော်အား ခေတ်မီမြို့ပြစီမံကိန်းများချမှတ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊ |
၈။ |
အဆောက်အဦဆောက်လုပ်ရန်ခွင့်ပြုချက်ရယူမှုမရှိသော (သို့မဟုတ်) ခွင့်ပြုပုံစံနှင့်ညီညွတ်မှုမရှိသောအဆောက်အအုံများကို ပယ်ဖျက်ခြင်း၊ တရားစွဲဆိုခြင်း၊ |
၉။ |
အင်ဂျင်နီယာလိုင်စင်များ စိစစ်ထုတ်ပေးခြင်း၊ |
၁၀။ |
တည်ဆောက်ရေးလုပ်ငန်းခွင်များ စနစ်တကျရှိစေရန်စစ်ဆေးကြပ်မတ်ခြင်း၊ |
၁၁။ |
အန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံဟောင်းများကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းရန် တင်ပြဆောင်ရွက်ခြင်း၊ |