MENU

အင်ဂျင်နီယာဌာန
(လမ်းတံတား)

  • လုပ်ငန်းတာဝန်များ
  • ၁။ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းမကြီးများနှင့် တံတားများပြင်ဆင်ထိန်းသိမ်းခြင်း၊
    ၂။ လမ်းများအသစ်ဖောက်လုပ်ခြင်း၊ ချဲ့ထွင်ခြင်း၊
    ၃။ လူသွားစင်္ကြန်များ၊ နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများ၊ အသစ်ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြင်ဆင်ခြင်း၊
    ၄။ အများပြည်သူအကျိုးငှာ လမ်းနယ်နိမိတ်များကို တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ သတ်မှတ်ခြင်း၊
    ၅။ ရေမြောင်းများတိုးချဲ့ခြင်း၊ ရေမြောင်းပေါ်တွင် တံတားဆောက်လုပ်ခြင်း၊ ရေမြောင်းကို ရေစီးရေလာကောင်းမွန်အောင် စီမံဆောင်ရွက်ခြင်း၊ လမ်းပေါ်ရေလျှံမှုများ ပပျောက်ရေးအတွက် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
    ၆။ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းများနှင့် ကိုယ်ပိုင်လမ်းများကို လမ်းအမည်၊ လမ်းအမှတ်သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အများပြည်သူ သိရှိစေ ရန် ကြေညာခြင်း၊
    ၇။ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဆုံလမ်းခွများတွင် လမ်းအန္တရာယ်ကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းမှုအတွက် မော်တော်ယာဉ်သတိပေးအချက်ပြမီးပွိုင့်များတပ်ဆင်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ထိန်းသိမ်းခြင်း၊
    ၈။ လမ်းများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သတ်သည့်လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ ထိန်းသိမ်းခြင်း၊
    ၉။ ယာဉ်ကြောဆေးလိုင်းများ ရေးဆွဲလုပ်ဆောင်ပေးခြင်း၊
    ၁၀။ ဘတ်စ်ကားလိုင်းများ သွားရာလမ်းကြောင်းသတ်မှတ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာများ သတ်မှတ်ပေးခြင်း၊
    ၁၁။ ယာဉ်သွားလာမှုအဆင်ပြေစေရေးအတွက် လိုအပ်ပါက လမ်းမကြီး၊ လမ်းမငယ်တို့ကို တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်ခြင်း၊
    ၁၂။ မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသည့်မော်တော်ယာဉ်များအား မော်တော်ယာဉ်အမျိုးအစားအလိုက် ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ် ရပ်နားခများ သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊
    ၁၃။ ကော်မတီပိုင်မော်တော်ယာဉ်များ၊ သံတမန်အဖွဲ့ပိုင်မော်တော်ယာဉ်များ၊ အစိုးရဌာနအဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ သူနာတင်မော်တော်ယာဉ်များ၊ မီးသတ်မော်တော်ယာဉ်များ၊ စည်ပင်သာယာလုပ်ငန်းများ(သို့မဟုတ်)မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကိစ္စများကို ဆောင်ရွက်ပေးရသောပုဂ္ဂလိကပိုင် မော်တော် ယာဉ်များအား ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခများကို ကင်းလွတ်ခွင့်ပြုခြင်း၊
    ၁၄။ မြို့တော်၏အင်္ဂါရပ်နှင့်အညီ ယာဉ်အန္တရာယ်မဖြစ်စေရန် လိုအပ်သည့်နေရာများတွင် လမ်းမီးထွန်းညှိပေးခြင်း၊
    ၁၅။ ယာဉ်များနှင့် ခြေလျင်လျှောက်သူများ၊ လမ်းအသုံးပြုသူများအား ဘေးအန္တရာယ်မဖြစ်စေရန် ခုံးကျော်တံတားများဆောက်လုပ်ရန် နေရာသတ်မှတ်ပေးခြင်းနှင့် လမ်းမကြီးများတွင် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရန် သံစကာ ကာပေးခြင်း၊
    ၁၆။ ဆိုက်ကား၊ စက်ဘီး၊ လက်တွန်းလှည်းနှင့် အနှေးယာဉ်များ မဝင်ရသည့်နယ်မြေနှင့် လမ်းများသတ်မှတ်ဆောင်ရွက်ပေးခြင်း၊
    ၁၇။ သစ်လုံးတင်ယာဉ်များနှင့် ကုန်သေတ္တာယာဉ်များ၊ ကုန်တင်ယာဉ်များသွားလာရန် လမ်းကြောင်းများ သတ်မှတ်ပေးခြင်း၊
    ၁၈။ အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် စက်ဆုပ်ဖွယ်ရာနှင့်ဘေးဖြစ်စေတက်သော အရည်၊ အစိုင်အခဲ၊ အမှုန့်၊ ဓါတ်ငွေ့ စသည်တို့ကို ကော်မတီထံခွင့်ပြုချက်တောင်းခံ၍ သတ်မှတ်ပေးသည့် လမ်း၊ အချိန်၊ နေရာများသို့ လုံလောက်သောလုံခြုံမှုအစီအမံများဖြင့်သာ သယ်ဆောင်ရန်ညွှန်ကြားခြင်း၊
    ၁၉။ လုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းပြည်ပတို့မှ မှာယူခြင်း၊ ဖြည့်တင်းခြင်း၊ သိုလှောင်ခြင်း၊ ထုတ်ပေးခြင်း၊
    ၂၀။ ကတ္တရာ၊ ကွန်ကရစ်များထုတ်ပေးခြင်း၊ ကျောက်အမျိုးမျိုးကို ခွဲစိတ်ပေးခြင်း၊
    ၂၁။ ကျောက်ပြား၊ ကပ်တုံးများ ပြုလုပ်ပေးခြင်း၊ ကွန်ကရစ်ကတ္တရာဖျော်စက်ကြီးများ၊ ကျောက်ခွဲစက်ကြီးများ၊ ဘိလပ်မြေထွက်ပစ္စည်းများ၊ အလုပ်ရုံများနှင့်စက်ကိရိယာများ ကြီးကြပ်ထိန်းသိမ်းခြင်း၊
    ၂၂။ လမ်းတံတားဌာန၏ အသုံးစရိတ်များအတွက် ဘတ်ဂျက်ရေးဆွဲခြင်း၊ တောင်းခံခြင်းနှင့် သုံးစွဲခြင်း၊
    ၂၃။ လမ်းမီးများ အသစ်ထွန်းညှိခြင်း၊ မီးလုံးများ ပြောင်းလဲတပ်ဆင်ခြင်း၊
    ၂၄။ ဌာနလက်အောက်ရှိ အရာထမ်း၊အမှုထမ်းများအား ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း၊