၁။ | မြို့နေလုပ်သားပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စီမံကိန်းများထားရှိ ဆောင်ရွက်ခြင်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်ငန်းများနှင့်အညီ စီမံဆောင်ရွက်ခြင်း၊ |
၂။ | ရေလှောင်ကန်ကြီးများ၊ ရေတွန်းစက်ကြီးများ၊ ရေစုပ်စက်ကြီးများနှင့် အဝီစိတွင်းများအား ပြုပြင်မွမ်းမံ ထိန်းသိမ်းလည်ပတ်၍ ရေဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခြင်း၊ |
၃။ | တရားမဝင်ရေဆက်သွယ်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်း၊ |
၄။ | ရေမီတာတပ်ဆင်ခြင်းနှင့် ရေဖိုးရေခကောက်ခံခြင်း၊ |
၅။ | ရေအားနည်းသောရပ်ကွက်များတွင် ရေပိုမိုရရှိနိုင်ရန် ရေပိုက်လိုင်းများချေးဆေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ သင့်လျော်သည့်နေရာများတွင် ရေလှောင်ကန်များနှင့် ထပ်ဆင့်ရေတွန်း စက်များဆောက်လုပ်ခြင်း၊ ရေလှောင်ကန် များမှ ရေလွှတ်ချိန်ကိုအလှည့်ဖြင့် စီမံစေလွှတ်ခြင်း၊ |
၆။ | ရေပြုန်းတီးမှုများနှင့် ရေဖြုန်းတီးမှုကာကွယ်ရေးအတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်းနှင့် ရေပိုက် ပေါက်နေခြင်းကို နှိုးဆော်စာထုတ်၍ ပြုပြင်ဆောင်ရွက်ခြင်း၊ |
၇။ | ကော်မတီပိုင် ရေပေးရေးစနစ်မှ ယာယီ၊ အပြီးသတ်၊ အိမ်ဟောင်း၊ ဆင့်ပွားရေ ဆက်သွယ်ခြင်း၊ ရေပို ဆက်သွယ်ခြင်း၊ ရေပိုက် ပြောင်းရွှေ့သွယ်ယူ ခြင်း၊ ရေပိုက်ချေးဆေးခြင်းနှင့် ရေစုပ် စက်တပ်ဆင်ခြင်းများပြုလုပ်ခွင့်ကို ဌာနမှသတ်မှတ်ထားသည့်လျှောက်လွှာပုံစံများဖြင့် လျှောက်လွှာတွင်ဖော်ပြထားသော ရေသွယ်မှုအမျိုးအစားအလိုက် သတ်မှတ်ထားသည့်စာရွက် စာတမ်းများပြည့်စုံစွာ ပူးတွဲဖြည့်စွက်ပြီး လိုင်စင်ရ ပိုက်ဆက်သူမှ တာ၀န်ယူဆောင်ရွက်မည့်အကြောင်း ပူးတွဲတင်ပြသည့်စာရွက်စာတမ်းများ မှန်ကန်ကြောင်း ၀န်ခံချက်များနှင့်အတူသက်ဆိုင်ရာမြို့နယ်တာ၀န်ခံ၊ ခရိုင် အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးတင်ပြချက် များအပေါ် စိစစ်ခွင့်ပြုခြင်း၊ |
၈။ | နေပြည်တော်သို့ ဖြန့်ဝေပေးနေသော သောက်သုံးရေများ၏ ရေအရည်အသွေးအား သိရှိနိုင်ရန် ကာလအပိုင်း အခြားသတ်မှန်၍ အဏုဇီဝနည်းဖြင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း။ |
၉။ | ချောင်းမကြီးဆည်မှ ရေပို့ပိုက်မကြီးများအား ချေးဆေးခြင်း၊ ပိုက်သရိုးကိုင်ခြင်း၊ ပိုက်ဆက်များကို စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်း၊ |
၁၀။ | ချောင်းမကြီးဆည် စက်နှင့်စက်ရုံများ၏ လုံခြုံရေးကို ဆောင်ရွက်ခြင်း၊ |
၁၁။ | ရေပို့ပိုက်လိုင်းများ၌ လိုအပ်သည့်နေရာများတွင် ပိုက်ကျော်ခုံးတံတားများ တည်ဆောက်ခြင်း၊ |
၁၂။ | နေပြည်တော်နေပြည်သူများအတွက် သောက်သုံးရေ ရရှိစေရန် ပေးပို့ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ဒေသများ၊ မြို့ဆင်ခြေဖုံးရပ်ကွက်များတွင် အဝီစိ တွင်းများ တူးဖော်ပေးခြင်း၊ |
၁၃။ | ရေပိုက်နှင့်စက်ပစ္စည်း ကိရိယာများ၊ ရေစုပ်စက်များ၊ စက်အရန် ပစ္စည်းများ၊ ကလိုရင်းဆေးရည်၊ ကျောက်ချဉ်နှင့် လိုအပ်သော ဓါတုပစ္စည်းများ၊ ပြည်တွင်းပြည်ပမှ မှာယူခြင်း၊ စနစ်တကျကိုင်တွယ်သုံးစွဲရန် စီမံညွှန်ကြားခြင်း၊ |
၁၄။ | ချောင်းမကြီးရေတွန်းစက် လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ |
၁၅။ | ရေတွန်းစက်ကြီးများချို့ယွင်းပျက်စီးသည့်အခါ အမြန်ဆုံးပြင်ဆင်ခြင်း၊ စက်အပိုပစ္စည်းများစက်ရုံတွင် တီထွင် ကြံဆ ထုတ်လုပ်ဆောင်ရွက်ခြင်း၊ |
၁၆။ | မီးငြိမ်းသတ်ရေးအတွက် လိုအပ်သည့်မီးသတ်ပိုက်ခေါင်းများ၊ မီးသတ်ရေတိုင်များ တိုးချဲ့တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် မြေစိုက်ကန်များကိုလည်း ထိန်းသိမ်းပြုပြင်ခြင်း၊ |
၁၇။ | ရေပေးရေးလုပ်ငန်းအတွက်လိုအပ်သော ကြိုတင်အားဖြည့်ကွန်ကရစ်ပိုက်များ၊ အထူးပိုက်များနှင့်အခြားလုပ်ငန်း သုံး ကွန်ကရစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ |
၁၈။ | မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ ယင်မလုံအိမ်သာအစား ယင်လုံအိမ်သာ၊ ရေလောင်းအိမ်သာစနစ်ဖြင့် အသုံးပြုရေး ကို စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ |
၁၉။ | မိလ္လာစက်များ၊ ရေမှုတ်စက်များနှင့် ရေဆိုးသန့်စင်စက်များအား လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ |
၂၀။ | မြို့နေပြည်သူလူထုမှစွန့်ပစ်သော မိလ္လာအညစ်အကြေးများကို ရေဆိုးသန့်စင်စနစ်ဖြင့်စွန့်ပစ်နိုင်ရန် နေပြည်တော် ရှိလေမှုတ်စက်ရုံကြီးအား နေ့စဉ်မှန်မှန်လည်ပတ်၍ ရေဆိုးသန့်စင် စက်ရုံသို့ မိလ္လာရေများရောက်ရှိအောင် စီမံဆောင်ရွက်ခြင်း၊ |
၂၁။ | မိလ္လာပိုက်များ၊ မိလ္လာပိုက်လိုင်းများပိတ်ဆို့မှု၊ ယိုစိမ့်မှုများမရှိစေရန်နှင့် စွန့်ပစ်အညစ်အကြေးများကြောင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုမဖြစ်စေရန်နှင့် ပြည်သူလူထုကျန်းမာရေး ထိခိုက်မှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ |
၂၂။ | မိလ္လာပြွန်စနစ်တို့ဖြင့် သက်ဆိုင်သောတည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ |
၂၃။ | မြို့တော်အတွက်လိုအပ်လျက်ရှိသော ရေပေးဝေရေး၊ ရေအရင်းအမြစ်သစ်ရှာဖွေရေး၊ မိလ္လာပြွန်၊ မိလ္လာကန်စနစ် တိုးချဲ့လုပ်ကိုင်ရေးစသည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက်စီမံချက်များ ရေးဆွဲထားရှိ ပြီးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ |
၂၄။ | ယာယီအိမ်သာ၊ မိလ္လာကန်ဆောက်လုပ်ခြင်းနှင့် မိလ္လာပြွန်ဆက်သွယ်ခြင်းများပြုလုပ်ခွင့်ကိုဌာနမှ သတ်မှတ်ထား သည့် လျှောက်လွှာပုံစံဖြင့် လျှောက်လွှာတွင် ဖော်ပြထားသော သတ်
မှတ်ထားသည့်စာရွက်စာတမ်းများ ပြည့်စုံစွာ ပူးတွဲဖြည့်စွက်ပြီး လိုင်စင်ရပိုက်ဆက်သူက တာဝန်ယူဆောင်ရွက်မည့်အကြောင်း ပူးတွဲတင်ပြမည့်စာရွက် စာတမ်းများ မှန်ကန်ကြောင်း
၀န်ခံချက်များနှင့်အတူ သက်ဆိုင်ရာမြို့နယ်တာဝန်ခံ၊ ခရိုင်အင်ဂျင်နီယာ၊ သန့်ရှင်းမှုဌာနမှ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် စိစစ်ခွင့်ပြုခြင်း၊ |
၂၅။ | လုပ်ငန်းဆောင်ရွက်ရာတွင်နှစ်စဉ်တိုးတက်မှုရှိစေရန် နှစ်တိုနှစ်ရှည်စီမံကိန်းများရေးဆွဲတင်ပြခြင်း၊ ဘတ်ဂျက်ရေးဆွဲတင်ပြတောင်းခံခြင်း၊သုံးစွဲခြင်း၊ဝင်ငွေကောက်ခံရရှိမှုစိစစ်ခြင်း၊ |
၂၆။ | ကော်မတီပိုင်ငွေနှင့်ပစ္စည်းလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်တားဆီးခြင်း၊ |
၂၇။ | ရေလှောင်ကန်ကြီးများမှ တိုက်ရိုက်ရေဖြန့်ဖြူးနိုင်ခြင်းမရှိသော မြို့နယ်များအား အဝီစိတွင်းများတူးဖော်ခြင်း စသည့်ရေဖြန့်ဖြူးခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ |
၂၈။ | ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ သာမန်လုပ်ငန်းများအတွက် သာမန်/ ငွေလုံးငွေရင်း စသည့်အသုံးစရိတ်များအား ခန့်မှန်းခြေရေးဆွဲတင်ပြတောင်းခံခြင်းနှင့် စနစ်တကျသုံးစွဲစေခြင်းများအား စီမံဆောင်ရွက်ခြင်း၊ |
၂၉။ | နှစ်စဉ်ကျင်းပ ပြုလုပ်သည့် ရာသီအလိုက်ပွဲတော်များတွင် ရေရရှိရေး လုပ်ငန်းအပြင် သီးခြားတာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများအား ကျေပွန်စွာ အချိန်နှင့်တပြေးညီ စီမံဆောင် ရွက်ခြင်း၊ |
၃၀။ | ရေပေးဝေခြင်းနှင့်မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မပြတ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော ကိရိယာများ၊ စက်အရန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ရရှိစေရေး အတွက် စီမံဆောင်ရွက်ခြင်း၊ |
၃၁။ | ကော်မတီပိုင်ငွေနှင့်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး ကာကွယ်တားဆီးနိုင်ရန် စီမံဆောင်ရွက်ခြင်း။ |