အခွန်ဌာန
- လုပ်ငန်းတာဝန်များ
-
၁။ ကူးတို့ အကောက်များ ကောက်ခံခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း၊ ၂။ မော်တော်ယာဉ် များအား မြို့၀င်ကြေးခွန်နှင့် တန်ပိုဒဏ်ကြေးများ ကောက်ခံခြင်း၊ ၃။ အဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျ ရှိစေရေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များ ကောက်ခံခြင်း၊ ၄။ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းများ နှင့် အဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံများ ဖွင့်လှစ်ခြင်း။ ၅။ ယာဉ်ရောင်း၀ယ်ရေး စခန်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များ ကောက်ခံခြင်း၊ ၆။ ယာဉ်မောင်း သင်ကွင်းများဖွင့်လှစ်ခြင်း၊ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် အခွန်အကောက်များ ကောက်ခံခြင်း၊ ၇။ ကော်မတီပိုင် မြစ်ချောင်းများ၏ ကမ်းနားနယ်နိမိတ်တွင် ယာယီ စုပုံနေရာသတ်မှတ် နေရာချထားပေးခြင်း၊ ၈။ ပုဂ္ဂလိက အသေးစား ချေးငွေလုပ်ငန်းများ စိစစ်၍ လိုင်စင်ထုတ်ပေးခြင်း၊ ၉။ မြို့တော်အင်္ဂါရပ် နှင့်ညီညွတ်စေရန် ငါးပိ၊ ငါးခြောက်လုပ်ငန်းများကို ဇုန်သတ်မှတ်၍ စနစ်တကျ ထူထောင်ပေးခြင်း၊ ၁၀။ တံတားများ အခွန်ကောက်ခံမှု လုပ်ငန်းဆောင်ရွက်ခြင်း၊ ၁၁။ ကော်မတီက အခါအားလျှော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း - လုပ်ငန်းတာဝန်များ အပေါ်ဆောင်ရွက် နေမှုများ-
-
၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနသည် နေပြည်တော်စည်ပင်သာယာရေးဥပဒေအရ အခွန်၊အခများရရှိစေရေးအတွက် မြို့ဝင်ကြေးဘီးကောက်များ၊ကူးတို့အကောက်များအား ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်း၊လုပ်ထုံးလုပ်နည်း၊အမိန့်၊ညွှန်ကြားချက်များနှင့်အညီ နှစ်စဉ်လေလံစနစ်ဖြင့် လိုင်စင်ချထားကောက်ခံလျက်ရှိပါသည်- (က) မြို့ဝင်ကြေးဘီးကောက်ဂိတ်များအနေဖြင့် နေပြည်တော်သို့အဝင်နယ်နိမိတ်အစပ်နေရာ(၆)နေရာတို့တွင်တည်ရှိပြီး တန်ပိုဒဏ်ကြေးကောက်ခံသည့် ဂိတ်(၁)ဂိတ်လည်း ရှိပါသည်။ (ခ ) ကူးတို့အကောက်များအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပေါင်းလောင်းမြစ်အားဖြတ်ကူးသည့် ကူးတို့လုပ်ငန်း(၄)ခုဖြင့် ကောက်ခံဆောင်ရွက် လျက်ရှိပါသည်။ ၂။ အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းနှင့် ခရီးသည်တင်ယာဉ်ရပ်နားစခန်းအနေဖြင့် ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်းအား အောက်ပါအတိုင်း တည်ထောင်ဖွင့်လှစ်ထားရှိပါသည်- (က) စတင်ဖွင့်လှစ်သည့်နေ့- ၈.၁၂.၂၀၀၆ (ခ) တည်နေရာ-နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့်ပျဉ်းမနားမြို့ရှောင်လမ်းတို့ဆုံရာတွင် တည်ရှိပါသည်။ (ဂ) အကျယ်အဝန်း- (၉၅.၈၂)ဧက (ဃ) ဆိုင်ခန်းအမျိုးအစား- အောက်ပါအတိုင်းဆိုင်းခန်းပေါင်း(၄၁၁)ခန်းရှိပါသည်-
စဉ် - (၁)
အမျိုးအမည် - ပွဲရုံခန်း(RC ၂ထပ်)
အကျယ်အဝန်း (စတုရန်းပေ) - ၁၂၀၀(အောက်)/၆၀၀(အပေါ်)
ရှိရင်း - ၂၁၀
နေရာချပြီး - ၂၀၅
လစ်လပ် - ၅
တန်ဘိုး (ကျပ်သိန်း) - ၅၅၀
စဉ် - (၂)
အမျိုးအမည် - ကားဂိတ်ခန်း(RC ၂ထပ်)
အကျယ်အဝန်း (စတုရန်းပေ) - ၁၀၀၀ (အောက်)/၄၃၂(အပေါ်)
ရှိရင်း - ၉၆
နေရာချပြီး - ၉၆
တန်ဘိုး (ကျပ်သိန်း) - ၄၀၀
စဉ် - (၃)
အမျိုးအမည် - စားသောက်ဆိုင်ခန်း(RC ၁ထပ်)
အကျယ်အဝန်း (စတုရန်းပေ) - ၁၂၀၀
ရှိရင်း - ၃၆
နေရာချပြီး - ၃၆
တန်ဘိုး (ကျပ်သိန်း) - ၂၀၀
စဉ် - (၄)
အမျိုးအမည် - ယာဉ်ပြင်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်းအုတ်နံကပ်)
အကျယ်အဝန်း (စတုရန်းပေ) - ၁၆၈၀
ရှိရင်း - ၅၉
နေရာချပြီး - ၅၉
တန်ဘိုး (ကျပ်သိန်း) - ၂၀၀
စဉ် - (၅)
အမျိုးအမည် - ရေဆေးခုံနှင့်အလုပ်ရုံ(သွပ်မိုးကွန်ကရစ်ခင်းအုတ်နံကပ်)
အကျယ်အဝန်း (စတုရန်းပေ) - ၈၄၀
ရှိရင်း - ၁၀
နေရာချပြီး - ၁၀
တန်ဘိုး (ကျပ်သိန်း) - ၂၀၀(င) အထက်ပါပွဲရုံဆိုင်ခန်းလစ်လပ်(၅)ခန်းအား(၁)ခန်းလျှင် ဆိုင်ခန်းတန်ဘိုးငွေကျပ် (၅၅၀)သိန်းဖြင့် အခွန်ဌာနသို့ လျှောက်ထားဝယ်ယူနိုင်ပါသည်၊