အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရေမီတာလျှောက်ထားရာတွင်ပါ၀င်ရမည့်အချက်များ
- မြေကွက်ပိုင်ဆိုင်မှုအထောက်အထား၊
- ပိုင်ရှင်မှတ်ပုံတင်မိတ္တူ၊
- လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ၊
- လုပ်ငန်းသုံး၊ စီးပွားသုံးဖြစ်ပါက လုပ်ငန်းလိုင်စင်မိတ္တူ၊
- အိမ်ငှါးဖြစ်ပါက အိမ်ရှင်၏သဘောတူညီချက်၊၊
ရေမီတာအရွယ်အစားအလိုက် ရေမီတာဖိုးနှင့်တပ်ဆင်ခနှုန်းထားများ
(က) | ¾'' ရေမီတာ(၁)လုံး | ၂၂၀၀၀ ကျပ်(မီတာဖိုး+မှတ်ပုံတင်ခ+တပ်ဆင်ခ) |
(ခ ) | 1'' ရေမီတာ(၁)လုံး | ၃၁၅၀၀ ကျပ်(မီတာဖိုး+မှတ်ပုံတင်ခ+တပ်ဆင်ခ) |
(ဂ ) | 1½''ရေမီတာ(၁)လုံး | ၃၆၅၀၀ ကျပ်(မီတာဖိုး+မှတ်ပုံတင်ခ) |
(ဃ ) | 2'' ရေမီတာ(၁)လုံး | ၄၁၀၀၀ ကျပ်(မီတာဖိုး+မှတ်ပုံတင်ခ) |
(င ) | 4'' ရေမီတာ(၁)လုံး | ၉၁၀၀၀ ကျပ်(မီတာဖိုး+မှတ်ပုံတင်ခ) |
ရေတိုင်ဖြတ်ခြင်းဆိုင်ရာအချက်များ
- နှိုးဆော်သည့်ပြေစာ ရရှိသည့်ရက်မှစ၍ (၁၄)ရက်အတွင်း နောက်ဆုံးထားပေး ဆောင်ရမည်၊၊
- နှိုးဆော်စာ ရရှိသည့်ရက်မှစ၍ (၁၄)ရက်ထက် ကျော်လွန်ပါက ကျသင့်ငွေ၏(၅%)ကို ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမည်၊၊
- နှိုးဆော်စာ ရရှိသည့်ရက်မှစ၍ (၂၈)ရက်ထက် ကျော်လွန်ပါက ကျသင့်ငွေ၏(၁၀%)ကို ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမည်၊၊
- နှိုးဆော်စာ ရရှိသည့်ရက်မှစ၍ (၄၂)ရက်ထက် ကျော်လွန်ပါက ကျသင့်ငွေ၏(၁၅%)ကို ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမည်၊၊
- ရက်ပေါင်း(၆၀)အတွင်း ရေဖိုးရေခကျသင့်ငွေနှင်ဒဏ်ကြေးငွေများ ပေးဆောင်ခြင်းမရှိ ပါက ရေဖြတ်တောက်ခြင်းခံရမည်။
ရေတိုင်ဖြတ်တောက်ခံရပါက ပြန်လည်လျှောက်ထားရမည့်အချက်များ
- ရေတိုင်ပြန်လည်ဆက်သွယ်ခွင့် ကိုယ်တိုင်လျှောက်ထားပုံစံနှင့် ကတိခံ၀န်ချက်၊
- ရေဖိုးရေခကြွေးကျန်များပေးသွင်းပြီးကြောင်း သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးရုံးများမှ ထောက်ခံချက်။
ရေတိုင်ပြန်လည်ဆက်သွယ်ရန် ပေးဆောင်ရမည့် ရေမီတာအရွယ်အစားအလိုက် ဒဏ်ကြေးငွေ နှုန်းထားများ
(က)
¾'' ရေမီတာ(၁)လုံး
၂၅၀၀၀ ကျပ်
(ခ )
1'' ရေမီတာ(၁)လုံး
၂၅၀၀၀ ကျပ်
(ဂ )
1½'' ရေမီတာ(၁)လုံး
၃၀၀၀၀ ကျပ်
(ဃ )
2'' ရေမီတာ(၁)လုံး
၃၅၀၀၀ ကျပ်
(င )
4'' ရေမီတာ(၁)လုံး
၆၀၀၀၀ ကျပ်
ရေဖိုးရေခကောက်ခံမှုနှုန်းထားများ
(က)
ဌာနဆိုင်ရာသုံး
၅၅ ကျပ်
(ခ )
ပုဂ္ဂလိကသုံး
၁၁၀ ကျပ်
(ဂ )
စီးပွား/လုပ်ငန်းသုံး
၃၃၀ ကျပ်
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၁
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၂
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၃
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၄
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၅
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၆
ရေမလုံလောက်မှု၊ ရေပြတ်တောက်မှုဖြစ်ပေါ်ပါကဆက်သွယ်ရန်ဖုန်းနံပါတ်များ-၇