ရာပြတ်ဌာန
ဟိုတယ်၊ မိုတယ်၊ အင်းများအပေါ် ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း
| (က) | ၀င်ငွေခွန် | ၁၀ % |
| (ခ ) | ကုန်သွယ်လုပ်ငန်းခွန် | ၁၀ % |
| (ဂ ) | ၀န်ဆောင်ခ | ၁၀ % |
| (ဃ) | ဘဏ်၀န်ဆောင်ခ | ၄ % |
| (င ) | ပုဂ္ဂလိက/နိုင်ငံတော်အစိုးရအဖွဲ့အစည်းတစ်ခုခုသို့ အမှန်တကယ်ပေးချေရသည့် ငှားရမ်းခများ(ရှိခဲ့လျှင်) | |
| စုစုပေါင်း | ၃၄ % |
ပစ္စည်းခွန်
| (က) | အထွေထွေခွန်။ | အများပြည်သူဆိုင်ရာလမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ ပန်းခြံများ၊ စျေးများ၊ အားကစားကွင်းများစသည်များ တည်ဆောက်ခြင်း၊ဖောက်လုပ်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ကုန်ကျစရိတ်များကာမိစေရန်စည်းကြပ်သည့်အခွန်ကို ဆိုသည်။ |
| (ခ ) | မီးခွန်။ | အများပြည်သူဆိုင်ရာလမ်းများ၊ တံတားများတွင် မီးထွန်းပေးခြင်းအတွက် စရိတ်ကျခံနိုင်စေရန်စည်းကြပ်သောအခွန်ကို ဆိုသည်။ |
| (ဂ ) | ရေခွန်။ | ကော်မတီက ရေဖြန့်ဝေခြင်းအတွက် ကောက်ခံသည့်အခွန်ကို ဆိုသည်။ |
| (ဃ) | သန့်ရှင်းရေးခွန်။ | အမှိုက်နှင့်အညစ်အကြေးများစုစည်းသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းနှင့် မိလ္လာသန့်စင်ခြင်းလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများရှင်းလင်းခြင်းတို့အတွက် ဆောင်ရွက်ရသည့် စရိတ်များအားကျခံနိုင်စေရန် စည်းကြပ်သည့်အခွန်ကို ဆိုသည်။ |
အခွန်ထမ်းအမည်ပြောင်းလဲဆောင်ရွက်ခြင်း
| (က) | အခွန်ထမ်းအမည်ပြောင်းလျှောက်ထားသူ၏ လျှောက်လွှာ |
| (ခ ) | လျှောက်ထားသူ၏နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္ထူ |
| (ဂ ) | အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) မိတ္ထူ |
| (ဃ) | အခွန်ကြွေးကျန်ကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံချက် |
| (င ) | နောက်ဆုံးထမ်းဆောင်ခဲ့သည့် ပစ္စည်းခွန်ပြေစာမူရင်း |
| (စ ) | အိမ်အရောင်းအဝယ်စာချုပ် မိတ္တူ |
| (ဆ) | ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် |
ပင်မစာမျက်နှာ