| ၁။ | အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်မြေယာနှင့် အဆောက်အအုံများကို ဥပဒေပြဌာန်းချက်နှင့်အညီ ပစ္စည်းခွန်စည်းကြပ်နိုင်ရေး တွက်ချက် ဆောင်ရွက်ခြင်း၊ |
| ၂။ | စက်ရုံ၊အလုပ်ရုံများ စီးပွားရေးအဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
| ၃။ | ဟိုတယ်၊ မိုတယ်၊ အင်းများ ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
| ၄။ | ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သော အဆောက်အအုံ၊ စက်မှုလုပ်ငန်းများအပေါ် ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်း၊ |
| ၅။ | အထပ်မြင့်အဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
| ၆။ | ငှားရမ်းထားသော အဆောက်အအုံများအား ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
| ၇။ | နိုင်ငံခြားငွေဖြင့် လုံးချင်းငှားအဆောက်အအုံများအား နိုင်ငံခြားငွေဖြင့် ပစ္စည်းခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ |
| ၈။ | အတည်ပြုပြီးသော ခွဲပုံစာရင်းအရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများပေါ်တွင် စည်းကြပ်သည့်ပစ္စည်းခွန်များအတွက် နှိုးဆော်စာရေးသားထုတ်ဝေ
ခြင်း၊ |
| ၉။ | အဆောက်အအုံသစ်များအား အခွန်စည်းကြပ်ခြင်း၊ ဖျက်သိမ်းသောအဆောက်အအုံများအတွက် အခွန်ပယ်ဖျက်ခြင်း၊ အဆောက်အအုံများကို တိုးချဲ့ပြင်ဆင်ခြင်းများအား အခွန်ငွေတိုးရရှိရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်း၊ |
| ၁၀။ | အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံမရရှိသောပြေစာများအား စိစစ်ဆောင်ရွက်ခြင်း၊ |
| ၁၁။ | ဌာန၏ရသုံးမှန်းခြေငွေစာရင်းများကို ရေးဆွဲတင်ပြခြင်း၊ |
| ၁၂။ | နှစ်စဉ်ပစ္စည်းခွန်စည်းကြပ်ရရှိမည့် ခန့်မှန်းခြေနှင့် ပစ္စည်းခွန်ဝင်ငွေစာရင်းခန့်မှန်း ပြုစုတင်ပြခြင်း၊ |
| ၁၃။ | စာရင်းအင်းနှင့် ခွဲဝေပုံစာရင်းချုပ်များ စိစစ်ခြင်း၊ |
| ၁၄။ | အခွန်ထမ်းအမည်များ ပြောင်းလဲပေးရခြင်း၊ |
| ၁၅။ | အဆောက်အအုံများ နံပါတ်သတ်မှတ်ခြင်း၊ |