မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မြေငှားစာချုပ်လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါအချက်အလက်များ ပူးတွဲပါရှိရမည်-
၁။
မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသောပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီလျော်ကြေးပေး၍ မြေသိမ်းယူခြင်း၊
၂။
စီမံကိန်းအရ သိမ်းဆည်းမည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ၊ သီးနှံလျော်ကြေးငွေများ တင်ပြတောင်းခံ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများအား စိစစ်ထုတ်ပေးခြင်း၊
၃။
စီမံကိန်းအရ သိမ်းဆည်းမည့် မြေနေရာတွင် တည်ရှိနေသော အဆောက်အအုံများအတွက် အဆောက်အအုံလျော်ကြေးနှင့် အိမ်ရာရွှေ့ပြောင်းစရိတ်များအား အင်ဂျင်နီယာဌာန (အဆောက်အအုံ)နှင့် ညှိနှိုင်းတွက်ချက်၍ ပိုင်ရှင်များအား ပေးလျော်ခြင်း ၊
၄။
မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေများကို လွှဲပြောင်းရယူရေးအတွက် မြေအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ၊
၅။
မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများကို လွှဲပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး လွှဲပြောင်းရယူခြင်း ၊
၆။
သိမ်းယူထားသော မြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို မြို့မြေနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း ၊
၇။
ကျူးကျော်များအား ရှင်းလင်းခြင်း၊ စနစ်တကျပြန်လည်နေရာချထားခြင်း၊ ပြောင်းရွှေ့နေရာ ချထားပေးခြင်း ၊
၈။
မြို့တော်၏ မြို့ပြဖွံဖြိုးမှုစီမံကိန်းများ၊ မြေစီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍-
(က)
ကွန်ပျူတာမှတ်တမ်းများ ရေးသွင်းထားရှိခြင်း ၊ (ခ )
လိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများ၊ စာရင်းဇယားများ၊ ပုံစံများကို သတ်မှတ်ထားရှိခြင်း၊ (ဂ )
ကွန်ပျူတာမှတ်တမ်းများ၊ အခြားလိုအပ်သည့်မှတ်တမ်းများ၊ စာအုပ်စာတမ်းများနှင့် စာရင်းဇယားများကို စနစ်တကျထိန်းသိမ်းထားရှိခြင်း၊
၁။
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြို့တော်နေပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များကို သိရှိစေရန် ဆောင်ရွက်ခြင်း၊
၂။
နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများကို မြေအမျိုးအစားအလိုက် မြို့မြေစာရင်းတွင် မှတ်သားခြင်းဖြင့် လည်းကောင်း၊ မြေကွက်အကျယ်အဝန်းကို မြို့ကွက် မြေပုံတွင် မှတ်သားခြင်းဖြင့် လည်းကောင်း၊ မြေပုံရာဇဝင်များကို ကွန်ပျူတာစနစ်ဖြင့် မှတ်သား၍ လည်းကောင်း၊ လက်ရှိအခြေအနေအထိ မှန်ကန်မှုရှိစေရန် စနစ်တကျမှတ်တမ်း ထိန်းသိမ်းထားရှိခြင်း၊
၃။
မြေစီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သော မြေငှားစာချုပ်ထုတ်ပေးခြင်း၊ မြေကွက်အမည်ပေါက်ပြောင်း သတ်မှတ်ခြင်း၊ မြေငှားစာချုပ် သက်တမ်းတိုးခြင်း၊ မြေပုံမြေရာဇဝင် ထုတ်ပေးခြင်း စသည့် ကိစ္စရပ်များကို ကော်မတီကထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်း၊
၄။
မြေစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ပြုပြင်သင့်သည့် အချက်များကို ကော်မတီသို့ ပြင်ဆင်ရေးဆွဲတင်ပြခြင်း ၊
၅။
မြို့တော်နယ်နိမိတ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေ ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ ၊ အစိုးရဌာနအဖွဲ့အစည်းပိုင်မြေ၊ အခွန်လွတ်သာသနာမြေနှင့် အခွန်လွတ်ဗဒ္ဓသိမ်မြေ၊ လယ်ယာမြေ နှင့် မြေလွတ်မြေရိုင်းများမှအပ ကော်မတီပိုင်မြေများ၊ ကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ ကော်မတီက တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူထားသောမြေများ၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ ၊ လိုင်စင်ဖြင့်ဖြစ်စေ ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသောမြေများကို စီမံခန့်ခွဲခြင်း ၊
၆။
လူနေထိုင်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် (သို့မဟုတ်) အခြားလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်း ၊
၇။
မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏သက်တမ်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း နှင့် သက်တမ်းတိုးမြှင့်ပေးခြင်း ၊
၈။
မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း ၊
၉။
မြေငှားစာချုပ်များ၊ ပါမစ်များကိုထုတ်ပေးရာတွင် သတ်မှတ်ကာလအတွင်း မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ရရှိသည့်ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းခြင်း ၊
၁၀။
မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်ဖိုးအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံသို့ တောင်းခံရယူခြင်း ၊
၁၁။
ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၊ နိုင်ငံခြားကုမ္ပဏီများနှင့် မြေငှားစာချုပ်ချုပ်ဆိုနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြခွင့်ပြုချက်ရယူ၍ မြေငှားစာချုပ်ချုပ်ဆို ငှားရမ်းခြင်း။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ အောက်ပါတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်-
မြေငှားစာချုပ်(ဂရန်)လျှောက်ထားနိုင်သော မြေများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) မြေငှားစာချုပ်လျှောက်လွှာပုံစံ (ဌာနမှ အခမဲ့ထုတ်ပေး)၊ (ခ) မြေပုံ၊မြေရာဇဝင်လျှောက်လွှာပုံစံ(ဌာနမှ အခမဲ့ထုတ်ပေး)၊ (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊ (ဃ) အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ(တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊ (င) မြေကွက်တန်ဖိုး ပေးသွင်းထားသည့် ငွေသွင်းချလံမိတ္တူ၊ (စ) မြေပိုဝယ်ယူခွင့်ရရှိထားပါက မြေပိုတန်ဖိုး ပေးသွင်းထားသည့် ငွေသွင်းချလံမိတ္တူ၊ (ဆ) မြေပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် ခိုင်လုံသောအထောက်အထား စာရွက်စာတမ်းများ(တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊ (ဇ) မြေပြင်မှတ်တမ်းဓာတ်ပုံ (ရှေ့၊နောက်၊ဝဲ၊ယာ)(၁)ပုံစီ၊ (ဈ) အမည်မပေါက်သူမှ လျှောက်ထားခြင်းဖြစ်ပါက အမည်ပေါက်သူ (သို့မဟုတ်) အမွေဆက်ခံခွင့်ရှိသူ (သို့မဟုတ်) ပိုင်ဆိုင်ခွင့်ရှိသူက လွှဲအပ်ထားသော အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့မဟုတ်) အထူးကိုယ်စားလှယ်လွှဲစာမိတ္တူ (တိုက်ဆိုင်စိစစ်ရန်အတွက် မူရင်းတင်ပြရမည်)၊ (ည) အမွေဆက်ခံခြင်းဆိုင်ရာကိစ္စရပ်များအတွက် အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာ ရေးသားထားသည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာနှင့် အမွေဆက်ခံခွင့်နှင့်သက်ဆိုင်သည့် အခြားအထောက်အထားများ။
(က) လျှောက်လွှာနှင့်အတူ မြေပိုင်ဆိုင်မှုအထောက်အထားနှင့် အခြားစာရွက်စာတမ်းများအား ပြည့်စုံမှုရှိ/မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ခ) လျှောက်ထားမြေကွက်သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ထိန်းသိမ်းထားရှိသောမြေအတွင်း ပါဝင်ခြင်း ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ဂ) လျှောက်ထားမြေကွက်သည် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ဃ) လျှောက်ထားမြေကွက်သည် တရားရုံးတားဝရမ်း ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (င) လျှောက်ထားမြေကွက်သည် ဘဏ်တစ်ခုခုမှ ကန့်ကွက်မှု ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (စ) လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ အခြားကန့်ကွက်ချက်များ ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ဆ) လျှောက်ထားမြေကွက်သည် မြေငှားစာချုပ်(ဂရန်) စည်းကမ်းဖောက်ဖျက်ခြင်း ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ဇ) လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ ဦးပိုင်မှတ်ပုံစာရင်း(၁-က)တွင် ရေးသွင်းထားသည့် အချက်အလက်များသည် တင်ပြသည့် အထောက်အထားများနှင့် သက်ဆိုင်မှု ရှိ/မရှိ ဌာနရှိ ဦးပိုင်မှတ်ပုံစာရင်း(၁-က)နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ (ဈ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်ထားသည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိ၊ (ည) စာရွက်စာတမ်းများ စစ်ဆေးဆောင်ရွက်ပြီးပါက အမှုတွဲဖွင့်လှစ်၍ သတင်းစာကြော်ငြာ၊ မြေပေါ်ကန့်ကွက်ကြော်ငြာများ ခေါ်ယူစိစစ်ခြင်း၊ (ဋ) ကန့်ကွက်ကြော်ငြာ သတ်မှတ်ကာလပြည့်ပြီး တစ်စုံတစ်ရာ ကန့်ကွက်မှုမရှိပါက လျှောက်ထားမြေကွက်အား ကွင်းဆင်းတိုင်းတာ စိစစ်ခြင်း၊ မြေ၏ဖွံ့ဖြိုးမှုအတွက် အသုံးပြုထားရှိမှုအား စိစစ်ခြင်း၊ (ဌ) လျှောက်ထားမြေကွက်အား မြို့နယ်တာဝန်ခံမှ မြေပြင်အခြေအနေ အသေးစိတ် တိုင်းတာစစ်ဆေးပြီး မြေပြင်စစ်ဆေးတွေ့ရှိချက်အား အစီရင်ခံစာပုံစံ၊ ကွင်းဆင်း တိုင်းတာမှုပြမြေပုံနှင့်အတူ ဌာနမှူးထံ အသေးစိတ်အစီရင်ခံ တင်ပြခြင်း၊ (ဍ) အထက်ပါအချက်အလက်များ ပြည့်စုံမှန်ကန်ပြီး မြေငှားစာချုပ် ချထားပေးရန် သင့်လျော်သည့် အမှုတွဲများအား အဆင့်ဆင့် စိစစ်တင်ပြချက်ဖြင့် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူခြင်း၊ (ဎ) စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှ မြေငှားစာချုပ် ချထားပေးရန် ခွင့်ပြုပြီး မြေကွက်များအတွက် မြေငှားစာချုပ်တန်ဖိုးကျသင့်ငွေများကို ပေးသွင်းစေခြင်း၊ (ဏ) သက်ဆိုင်ရာမြို့နယ်တာဝန်ခံမြေတိုင်းဝန်ထမ်းက မြေငှားစာချုပ်ပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါဝင်သော မြေပုံရေးဆွဲခြင်းနှင့် မြေငှားစာချုပ် ရေးသားခြင်း၊ (တ) မြေငှားစာချုပ်တွင် အငှားစာချုပ်ရရှိသူ ကာယကံရှင်ကိုယ်တိုင် ဌာနမှူး/ဒုတိယ ဌာနမှူး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးစေခြင်း၊ (ထ) မြေငှားစာချုပ်တွင် မြေအငှားချထားသူနှင့် မြေငှားစာချုပ်ရရှိသူတို့ နှစ်ဦးနှစ်ဖက် အတွက် သက်သေတစ်ဦးစီက ဌာနမှူး၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးစေခြင်း၊ (ဒ) ရေးသားပြီးသည့် မြေငှားစာချုပ်အား အဆင့်ဆင့်တင်ပြ၍ ဌာနမှူးမှ အတည်ပြု လက်မှတ်ရေးထိုးစေခြင်း၊ (ဓ) မြေငှားစာချုပ်ထုတ်ပေးပြီးအမှုတွဲအား ယင်းသို့ထုတ်ပေးပြီးကြောင်း ဦးပိုင်မှတ်ပုံစာရင်း(၁-က)တွင် မှတ်သားခြင်းနှင့် အမှုတွဲပိတ်သိမ်းခြင်း။
စဉ်
အကြောင်းအရာ
ကြာမြင့်ကာလ
မှတ်ချက်
၁။
မြေငှားစာချုပ်လျှောက်လွှာပုံစံနှင့် ပူးတွဲတင်ပြသည့်စာရွက်စာတမ်းများအားစစ်ဆေးပြီးပြည့်စုံမှုရှိပါကနေ့စဉ်ထုတ်သတင်းစာကြော်ငြာနှင့် မြေပေါ်ကန့်ကွက် ကြော်ငြာ (၁၅)ရက် ကန့်ကွက်ကြော်ငြာ ခေါ်ယူနိုင်ရန်လျှောက်ထားသူသို့ ကန့်ကွက်လွှာပုံစံများ ထုတ်ပေးခြင်းနှင့်အမှုတွဲပေးခြင်းနှင့် အမှုတွဲ ဖွင့်လှစ်ခြင်း၊
(၁)ရက်
သတင်းစာတွင်ကြော်ငြာပါသည့်ရက်မှစတင်၍(၁၅)ရက်ဖြစ်ပါသည်။ မြေပေါ်တွင်ကန့်
ကွက်ကြော်ငြာ(၁)စောင်၊ ရပ်ကွက်/မြို့အုပ်ချုပ်ရေးရုံးသို့ (၁) စောင်စီနှင့် အများပြည်သူ
မြင်သာသည့် စျေးတွင်ကြော်ငြာရန် (၁)စောင် ပေးပို့ ပြီး လက်ခံရရှိကြောင်းအထောက်
အထားများအား လျှောက်ထားသူက ဌာနသို့ပြန်လည်ပေးပို့ရန် ဖြစ်ပါသည်။
၂။
နေ့စဉ်ထုတ်သတင်းစာတွင် ကန့်ကွက် ကြော်ငြာခြင်း၊ မြေပေါ်ကန့်ကွက်ကြော်ငြာ ခြင်းအတွက် ကြာမြင့်ကာလ
(၁၅) ရက်
သတင်းစာတွင် ကန့်ကွက်ကြော်ငြာပါ သည့်ရက်နောက်ကျပါကပိုမိုကြန့်ကြာမှု ရှိနိုင်ပါ
သည်။ မြေပေါ်ကန့်ကွက်ကြော်ငြာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရခြင်းနှင့်ရပ်ကွက်/မြို့/
စျေးအုပ်ချုပ်ရေးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား ပြည်လည်ပေးပို့မှုမရှိလျှင်
ကာယကံရှင် ၏ပျက်ကွက်မှုကြောင့်ပိုမိုကြန့်ကြာနိုင်ပါ သည်။
၃။
ကန့်ကွက်ကြော်ငြာ (၁၅)ရက်ပြည့်ပြီး တစ်စုံတစ်ရာကန့်ကွက်မှုမရှိပါက မြေငှား စာချုပ်လျှောက်ထားမြေကွက်သို့ကွင်းဆင်း စစ်ဆေးခြင်းနှင့်စစ်ဆေးတွေ့ရှိချက်အသေး စိတ်အား မြေပုံနှင့် အတူဌာနမှူးထံ အစီ ရင်ခံတင်ပြခြင်း
(၅) ရက်
ကန့်ကွက်လွှာတင်သွင်းလိုသူများအနေဖြင့် ကန့်ကွက်သည့်အကြောင်းကြားလွှာ အား(၁၅)ရက် အတွင်းစာဖြင့်ပေးပို့သော် လည်းအမျိုးမျိုးသော ကြန့်ကြာခြင်းကြောင့် (၁၅)ရက်ကျော်မှ ရောက်ရှိမှုများ ရှိနိုင်သဖြင့်ကွင်းဆင်း စစ်ဆေးခြင်းအား (၅)ရက်အတွင်း စစ်ဆေးရန်သတ်မှတ်ပါသည်။ ကွင်းဆင်းစစ်ဆေးသည့်မြေကွက်သည် သတ်မှတ်ဧရိယာ ကိုက်ညီမှုမရှိဘဲ ကွဲလွဲချက်များတွေ့ရှိရ ပါကပိုမိုကြန့်ကြာနိုင်ပါသည်။
မြေပြင်ကွင်းဆင်းစစ်ဆေး
သည့် အချိန်တွင်လျှောက်ထားသူ(သို့မဟုတ်)ကိုယ်စားလှယ်မှ လာရောက်နိုင်မှုမရှိခြင်းနှင့်
ကန့်ကွက်ကြော်ငြာကပ်ထားကြောင်း မတွေ့ရှိရပါက ကာယကံရှင်၏ ပျက်ကွက်မှုကြောင့်
ပိုမိုကြန့်ကြာနိုင်ပါသည်။
၄။
ကွင်းဆင်းစစ်ဆေးပြီး မြေငှားစာချုပ် ချထားရန် သင့်တော်သည့် အမှုတွဲများအား
စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့တင်ပြ ခွင့်ပြုချက်ရယူခြင်း၊(၇) ရက်
စီမံခန်ခွဲမှုကော်မတီအစည်းအဝေးအား (၁)ပတ် လျှင် အနည်းဆုံး(၁)ကြိမ်ပြုလုပ်သောကြောင့် ဖြစ်ပါသည်။
၅။
စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှ ခွင့်ပြုပြီးမြေကွက်များအတွက် မြေငှားစာချုပ်ချထားပေးရန် ဆောင်ရွက်သည့် လုပ်ငန်းများ-
(က)
မြေငှားစာချုပ်တန်ဖိုးသတ်မှတ် ကျ သင့်ငွေများ ပေးသွင်းစေခြင်း၊
(ခ)
မြို့နယ်တာ၀န်ခံ မြေတိုင်း၀န်ထမ်း မှ မြေငှားစာချုပ်ပေါ်တွင် အငှားချထား မည့်မြေ၏ အတိုင်းအတာပါ၀င်သော မြေပုံ ရေးဆွဲခြင်း၊ မြေငှားစာချုပ်ရေးသားခြင်း နှင့်အဆင့်ဆင့်တင်ပြလက်မှတ်ရေးထိုးခြင်း၊
(ဂ)
သတ်မှတ်တန်ဖိုးငွေပေးသွင်းပြီး ရေးသားပြီးသည့်မြေငှား စာချုပ်ပေါ်တွင် အငှားစာချုပ်ရရှိသူနှင့် အသိသက်သေ(၁) ဦးတို့မှ ဌာနမှူး/ဒုဌာနမှူး၏ ရှေ့မှောက် တွင် လက်မှတ်ရေးထိုးစေခြင်းနှင့် မြေငှား စာချုပ်တွင် ဌာနမှူးမှ အတည်ပြုလက်မှတ် ရေးထိုး၍ ကာယကံရှင်သို့ ထုတ်ပေးခြင်း၊ (၅) ရက်
မြေငှားဂရန်တန်ဖိုးသတ်မှတ်ကျသင့်ငွေပေးသွင်းပြီးမှသာ မြေပုံရေးဆွဲခြင်းနှင့် မြေငှား စာချုပ်(ဂရန်)ရေးသားခြင်းလုပ်ငန်များကို ဆောင်ရွက်ပါသည်။ အငှားစာချုပ်ရရှိသူနှင့် အသိ သက်သေ (၁)ဦးသည် ဌာနသို့ သတ်မှတ် ကာလအတွင်း လာရောက်၍ မြေငှား
စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း၊ ထုတ်ယူခြင်းမရှိပါက ကာယကံရှင်၏ပျက်ကွက်
မှုကြောင့်ပိုမိုကြန့်ကြာ နိုင်ပါသည်။
စုစုပေါင်းခန့်မှန်းကြာမြင့်ချိန်
၃၃ ရက် (မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်းရှိခြင်း၊ ကန့်ကွက်သူရှိခြင်း၊ တရားရုံးဖြေရှင်းနေရခြင်းများ ရှိပါက အထက်ပါဆောင်ရွက်ချိန်များထက် ပိုမိုကြန့်ကြာနိုင်ပါသည်)
အောက်ပါကိစ္စရပ်များအတွက် မြေပုံ/မြေရာဇ၀င် (Certified Map) လျှောက်ထားနိုင်ပါသည်-
မြေပုံ/မြေရာဇ၀င်ရေးကူးပေးခြင်းအား အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်-
အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇ၀င်ရေးကူးရန်နှင့် လျှောက်ထားခြင်းမှအပ ကျန်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် လျှောက်ထားခြင်းများကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်-
အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇ၀င်ရေးကူးပေးခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ပါသည်-
မြေတိုင်းတာပေးရန် လျှောက်ထားရာတွင် အောက်ပါအတိုင်း လက်ခံဆောင်ရွက်ပေးရပါသည်-
မြေကွက်ခွဲစိတ်ပေးရန် လျှောက်ထားရာတွင် အောက်ပါအတိုင်း လက်ခံဆောင်ရွက်ပေးရပါသည်-
ပင်မစာမျက်နှာ