မြို့တော်ဂေါက်ကွင်း

မြို့တော်ဂေါက်ကွင်း၏လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

၁။ဌာန၏ လုပ်ငန်းတာဝန်များ၊
၂။မြေလွတ်မြေရိုင်းများ ဖော်ထုတ်၍ ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ တောပိတောက် အစရှိသည့်အပင်များ စိုက်ပျိုးခြင်းလုပ်ငန်း၊
၃။ပြည်ပပို့ကုန်ဖြစ်သည့် စိန်တလုံးသရက်ပင်များအား ဉယျာဉ်ခြံမြေအဖြစ်ဖော်ထုတ်၍ စိုက်ပျိုးခြင်းလုပ်ငန်း၊
၄။လယ်မြေရိုင်းများအား ဖော်ထုတ်၍ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးခြင်းလုပ်ငန်း
၅။ထုတ်လုပ်ရေးဌာနရုံး၌ ပျိုးခြံတစ်ခုတည်ဆောက်၍ ရတနာတန်းဝင်ကျွန်းပင်များ၊ စိန်တလုံးသရက်ပင်များ၊ ဒန့်တလွန်၊ ကင်ပွန်းချဉ် ကဲ့သို့သော သီးပင်စားပင်များ ပျိုးထောင်၍ဝေငှပေးခြင်း၊
၆။နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်နယ်မြေအတွင်းရှိကျေးရွာဟောင်းများတွင် နှစ်ရှည်နှစ်တို သီးပင်စားပင်များအားထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း၊
၇။ဆက်သွယ်ရန်ဖုန်းနံပါတ်များ။

ရည်ရွယ်ချက်

နေပြည်တော်ရှိ နိုင်ငံတော်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ စျေးနှုန်းသက်သာစွာဖြင့် ဂေါက်သီးရိုက် ကစားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ချမ်းသာ ပျော်ရွင်စေရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးစေရေး၊ နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေရေး၊ ထူးချွန်ထက်မြက်သော ဂေါက်သီးရိုက် ကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်တွင်းပြည်ပမှ ဂေါက်သီးရိုက် ကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် မြို့တော်ဂေါက်ကွင်းအား တည်ထောင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

တည်နေရာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဂေါက်ကွင်း၏

အရှေ့ဘက်၌ချောင်းမကြီးဆည်
အရှေ့တောင်ဘက်၌လျှပ်စစ်စွမ်းအား၀န်ကြီးဌာန၊ ပြည်သူ့လွှတ်တော်အဆောက်အအုံ
တောင်ဘက်၌ပညာသိဒ္ဓိရပ်ကွက်
အနောက်တောင်ဘက်နှင့်အနောက်ဘက်၌ နန်ချွန်ကျေးရွာနှင့် ငလိုက်ချောင်း
မြောက်ဘက်၌ချောင်းမကြီးဆည်

မြို့တော်ဂေါက်ကွင်းသမိုင်း

မြို့တော်ဂေါက်ကွင်း ဧရိယာသည် သစ်တောပိုင် မြေနေရာ ဖြစ်သော်လည်း ၂၀၀၆ခုနှစ်တွင် နိုင်ငံတော် အကြီးအကဲမှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနကို ဂေါက်ကွင်းဖောက်လုပ်ရန် ညွှန်ကြားခဲ့သည့်အတွက် (၁၄-၂-၂၀၀၆)ရက်နေ့မှ စတင်၍ အထူးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဥက္ကဌ၊ ဝန်ကြီးဦးသိန်းညွန့်နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်တို့ဦးစီး၍ စည်ပင်သာယာရေး ဦးစီးဌာန အင်ဂျင်နီယာအဖွဲ့များ ပူးပေါင်းပြီး ဖောက်လုပ်ခဲ့ပါသည်။ မြေအကျယ်အဝန်း (၄၃၉)ဧကတွင် ရှိသောမြို့တော်ဂေါက်ကွင်း ဂေါက်သီးရိုက် လေ့ကျင့်ရေး ကွင်းအား (၄-၁-၂၀၀၇)ရက်နေ့တွင် လည်းကောင်း၊ ဂေါက်ကွင်းပထမ(၉)ကျင်းအား (၂၅-၃-၂၀၀၇)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယ(၉)ကျင်းနှင့် ကလပ်(၁)အဆောက်အအုံတို့အား (၂-၁၂-၂၀၀၇)ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ပါသည်။

1 2 3 4 5