၁။ |
နေပြည်တော် မြို့တော်အတွင်းရှိ စည်ပင်သာယာပိုင် ပန်းခြံများ၊ ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများကို ပြုစုထိန်းသိမ်း မွမ်းမံ ပြုပြင်ပေးခြင်း၊ အသစ်တိုးချဲ့ တည်ဆောက် ပေးခြင်း၊ |
၂။ |
ရေပန်းဥယျာဉ်နှင့် ပန်းမြိုင်လယ်ဥယျာဉ်၊ ဘိုးလင်း၊ ဘိလိယက် အားကစားကွင်းနှင့် အပန်းဖြေ ဥယျာဉ်များအား ထိန်းသိမ်းခြင်း၊ |
၃။ |
စည်ပင်သာယာပိုင်ပန်းခြံ၊ ပန်းဥယျာဉ် အသီးသီးတွင် ရှုချင်စဖွယ် ပန်းအလှပင်များ၊ ရာသီပန်းများ စိုက်ပျိုးပေးခြင်း၊ ထိန်းသိမ်းခြင်း၊ |
၄။ |
အန္တရာယ်ဖြစ်စေနိုင်သည့် သစ်ပင်အိုများနှင့် သစ်ကိုင်း၊ သစ်ခက်များကို ခုတ်လှဲ ဖယ်ရှားပေးခြင်း၊ လိုအပ်သည့်နေရာများကို ဖြည့်စွက်စိုက်ပျိုးခြင်း၊ |
၅။ |
လမ်းဆုံအဝိုင်းကြီးများ၊ တြိဂံကျွန်းများ၊ လမ်းလယ်ကျွန်းတို့တွင် စိမ်းလန်း စိုပြေသော သစ်ပင်များ၊ မြက်ခင်းများ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြုစု ထိန်းသိမ်းခြင်း၊ |
၆။ |
ရာသီအလိုက်သစ်ပင်၊ ပန်းပင်များနှင့် ရာသီပန်းများ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊ |
၇။ |
မြို့တော်အတွင်း ရှုခင်းသာနေရာများဖန်တီးခြင်းနှင့် လိုအပ်သောနေရာများတွင် စိမ်းလန်းစိုပြည်သော မြက်ခင်းများ၊ ပန်းခုံများ၊ ပန်းအလှပင်များနှင့် ရာသီပန်းများ ပြုစုပျိုးထောင်ပေးခြင်း၊ မွမ်းမံ ထိန်းသိမ်းခြင်း၊ |
၈။ |
ပန်းဥယျာဉ်နှင့်ပန်းခြံများတွင် လိုအပ်သောအဆောက်အဦးများတည်ဆောက်ပေးခြင်း၊ |
၉။ |
မိမိဌာနအတွက် လိုအပ်သော စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူခြင်း၊ မှာယူဖြည့်တင်းခြင်း၊ ပန်းခြံ အသီးသီးသို့ စနစ်တကျ သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်း၊ |
၁၀။ |
စိမ်းလန်းစိုပြည်ရေးဆိုင်ရာ ယာဉ်၊ ယန္တရားများဝယ်ယူဖြည့်တင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စက်သုံးဆီသုံးစွဲမှုတို့အား စီမံခန့်ခွဲခြင်း၊ |
၁၁။ |
မြို့တော်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေရန် စိုက်ပျိုးနိုင်သည့်မြေကွက်နေရာများ၌ အရိပ်ရအပင်များ၊ သစ်တောပင်များ၊ တအုပ်တမ စိုက်ပျိုးထိန်းသိမ်းခြင်း၊ |
၁၂။ |
ပန်းခြံ၊ ဥယျာဉ်ကြီးများမှ ဝင်ငွေရရှိသောလုပ်ငန်းများကို ဖော်ထုတ်ခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်း၊ |
၁၃။ |
ဌာနရှိအရာထမ်း၊ အမှုထမ်းများကို စနစ်တကျကြီးကြပ်ကွပ်ကဲခြင်း၊ လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပေးခြင်း၊ |
၁၄။ |
မြို့တော်နယ်နိမိတ်အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ |
၁၅။ |
နိုင်ငံတော်အခမ်းအနားများတွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ |
၁၆။ |
အရိပ်ရပန်းပင်များ ပျိုးထောင်ထုတ်လုပ်မှုလုပ်ငန်းများအားဆောင်ရွက်ခြင်း၊ |
၁၇။ |
ကော်မတီနယ်နိမိတ်အတွင်း မလိုအပ်သော အပင်များ၊ အမြင်မတင့်တယ်သောအပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ဆောင်ရွက်ခြင်း။ |