ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

လုပ်ငန်းတာဝန်များ

၁။ နေပြည်တော်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အခွန်အခများ စည်းကြပ်ကောက်ခံသည့် မြို့နယ်များရှိ လမ်းမကြီးများနှင့်လမ်းသွယ်များမှ အမှိုက်သရိုက်များကို စနစ်တကျလှည်းသိမ်း သယ်ယူစွန့်ပစ်ခြင်း၊
၂။ အခွန်အခကောက်ခံသော မြို့နယ်၊ ရပ်ကွက်များတွင် အမှိုက်စွန့်ပစ်နိုင်ရန်အတွက် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ခြင်း၊
၃။ စီမံဆောင်ရွက်သည့် အမှိုက်သိမ်းစနစ်များကို အစဉ်ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်ပုံရန်နေရာသတ်မှတ်ခြင်း၊ အမှိုက်ကန်များတည်ဆောင်ခြင်း၊ အမှိုက်ပုံးများချထားပေးမှုစီမံဆောင်ရွက်ခြင်း၊
၄။ အခွန်ကောက်ခံခြင်းမပြုသော အစိုးရဌာနအဆောက်အအုံများ၊ ပရိဝုဏ်များ၊ ဝင်းခြံများအတွင်း အမှိုက်သရိုက် ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ဌာနကသတ်မှတ်သော အပြီးသတ်အမှိုက်စွန့်ပစ်နေရာသို့ သယ်ယူစွန့်ပစ်ရေးများ ညွှန်ကြားဆောင်ရွက်ခြင်း၊
၅။ သိမ်းဆည်းပြီးသောအမှိုက်များကို အပြီးသတ်စွန့်ပစ်ရန်အတွက် အစီအမံများပြုလုပ်ခြင်း၊
၆။ အများပြည်သူသုံး အခပေးအိမ်သာများကို သန့်ရှင်းစွာဖွင့်လှစ်ထားရှိပေးခြင်း၊
၇။ ခဝါရုံလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း၊
၈။ သုသာန်များကို စနစ်တကျဖွင့်လှစ်၍ မြေမြှုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊
၉။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရန် လေထု၊ ရေထု၊ မြေသားထုညစ်ညမ်းခြင်း၊ အသံဆူညံခြင်း စသည်တို့အတွက် ဓါတ်ခွဲစမ်းသပ်ခြင်း၊ လိုအပ်သောအကာအကွယ်များ ပြုလုပ်စီမံကွပ်ကဲညွှန်ကြား
အုပ်ချုပ်ပေးခြင်း၊
၁၀။ ဌာနအတွက်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းကိရိယာများ ဝယ်ယူရန်တင်ပြခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စနစ်တကျထုတ်ပေးမှတ်တမ်းတင်ခြင်း။

အမှိုက်အမျိုးအစားများခွဲခြားခြင်း

၁။ မီးဖိုချောင်ထွက်အမှိုက် ဆိုသည်မှာ နေ့စဉ်စားသောက်ရန်ချက်ပြုတ်ကြော်လှော် လုပ်ကိုင်ဖန်တီးခြင်းကြောင့် ထွက်ရှိလာသောအမှိုက်သရိုက်အညစ်အကြေးကိုဆိုသည်။
၂။ ခြံထွက်အမှိုက် ဆိုသည်မှာ ဝင်းခြံဥပစာ တစ်ခုခုအတွင်းရှိ သစ်ပင်ကြီးငယ် တစ်မျိုးမျိုးကို ခုတ်ထွင် ရှင်းလင်းခြင်းကြောင့်ဖြစ်စ၊ သဘာဝအလျောက်ဖြစ်စေ ထွက်ပေါ်သောသစ်ပင်၊သစ်ကိုင်းသစ်ရွက်အမှိုက်သရိုက်နှင့် အခြားနည်းဖြင့် ပေါ်ထွက်သော အမှိုက်သရိုက်တစ်မျိုးမျိုးကို ဆိုသည်။
၃။ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက် ဆိုသည်မှာ နိုင်ငံတော်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံကြီးများ၊ စက်မှုလုပ်ငန်းများနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော အမှိုက်သရိုက်အညစ်အကြေးကို ဆိုသည်။
၄။ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက် ဆိုသည်မှာ နေအိမ် (သို့မဟုတ်) အဆောက်အအုံတစ်စုံတရာကို ပြုပြင်ခြင်း၊ သို့မဟုတ် ဆောက်လုပ်ခြင်း၊ ဖြိုချဖျက်သိမ်းခြင်းကြောင့်ဖြစ်စေ၊ တည်ဆောက်ရေးလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ဆောင်ခြင်းကြောင့်ဖြစ်စေ၊ ထွက်ရှိလာသော အမှိုက်သရိုက်များ၊ မြေကြီး၊ မြေစာများနှင့် လုပ်ငန်းသုံး ဝတ္ထုပစ္စည်းအစိတ်အပိုင်းအစအနများကို ဆိုသည်။
၅။ စီးပွားရေးလုပ်ငန်းထွက်အမှိုက် ဆိုသည်မှာ ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းတစ်ရပ်ရပ်အရဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်အရဖြစ်စေ ထွက်ရှိလာသောအမှိုက်သရိုက် အညစ်အကြေးများကို ဆိုသည်။
၆။ သာမာန်အမှိုက် ဆိုသည်မှာ လမ်းသွားလမ်းလာများ၊ ခရီးသည်များက အလွယ်တကူစွန့်ပစ်နိုင်သော အမှိုက်များနှင့် ဆိုခဲ့သည့်အမှိုက်သရိုက်အမျိုးအစားများနှင့် အကျုံးမဝင်သည့် ထုထည်ပမာဏကြီးမားခြင်း မရှိသော အခြားအသေးအဖွဲ အမှိုက်များကို ဆိုသည်။
၇။ ဆေးရုံ၊ ဆေးခန်းထွက်အမှိုက် ဆိုသည်မှာ နိုင်ငံတော်ပိုင်ဖြစ်စေ၊ ပုဂ္ဂလိကနှင့် အဖွဲ့အစည်းတစ်ရပ်ရပ်ပိုင်ဖြစ်စေ၊ ဆေးရုံ သို့မဟုတ် ဆေးခန်းတစ်မျိုးမျိုးမှ ထွက်ရှိလာသော လူကိုထိရှ အန္တရာယ်ဖြစ်စေနိုင်သည့် ပုလင်းခွံများ၊ ဆေးထိုးအပ်များအပါအဝင် အမှိုက်သရိုက်အညစ်အကြေးများကို ဆိုသည်။