နေပြည်တော်အုတ်စက်ရုံ
တည်နေရာ | - | နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး၊ ပျဉ်မနား-တောင်ညိုကားလမ်းဘေးမိုင်တိုင် (၁၆/၆)ဖာလုံ၌ တည်ရှိပါသည်။ |
အကျယ်အဝန်း | - | (၈၁၇.၄၈၃)ဧက |
ထုတ်လုပ်ပစ္စည်း | - | အဆင့်မြင့် (၁၀)ပေါက် စက်အုတ် (၁.၅'' Ø အရွယ် (၁၀) ပေါက်) |
အရွယ်အစား | - | (8½''x 4''x 2¾'') |
အလေးချိန် | - | 2.2kg |
ဖိနှိပ်ခံနိုင်အား | - | 1500 psi ~ 2250 psi |
အုတ်တစ်ချပ်စျေးနှုန်း | - | စက်ရုံအထိုင်စျေး(၂၂၅ ကျပ်) |
နေ့စဉ်ထုတ်လုပ်နိုင်မှု | - | အုတ်ချပ်ရေ(၁၂၀,၀၀၀)ချပ် |
ဖြန့်ဖြူးရောင်းချမှု | - | နေပြည်တော်ရှိစီမံကိန်းလုပ်ငန်းများနှင့် ပုဂ္ဂလိက၀ယ်ယူသူများအား ရောင်းချဖြန့်ဖြူးလျက် ရှိပါသည်။ |
ဆက်သွယ်ရန် | - | နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး (ဘိလပ်မြေနှင့်အုတ်အရောင်းဌာနခွဲ)၊ ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်း ဥယျာဉ်အနီး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း 067-432312 နေပြည်တော်အုတ်စက်ရုံ၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မင်းကုန်း၊ ကျွဲရှင်းကျေးရွာအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း 09 8302310၊ 09 31020206၊ 09 31020205 |
၁။ | နေပြည်တော်အုတ်စက်ရုံအား ၁၄.၁.၂၀၀၈ ရက်၊ အစည်းအဝေးအမှတ်စဉ်(၁/၂၀၀၈) တွင် ကျင်းပပြုလုပ်သော အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့မှ တည်ဆောက် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပါသည်။ |
၂။ | တစ်ရက်လျှင်(၁၅၀၀၀၀)ချပ် ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် Fair Sun Industry Co.,Ltd. ကုမ္ပဏီဖြင့် (၂၅.၁.၂၀၀၈) ရက်နေ့တွင် စာချုပ်တန်ဖိုး (၃၈၂၂.၂၉)ကျပ်သန်းဖြင့် စာချုပ်ချုပ်ဆိုအပ်နှံခဲ့ပါသည်။ |
၃။ | အုတ်စိမ်းထုတ်လုပ်မှုအား (၂.၁၁.၂၀၀၉)ရက်နေ့တွင် စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပြီး အုတ်ကျက်ထုတ်လုပ်မှုအား (၁.၄.၂၀၁၀) ရက်မှ စတင်စမ်းသပ် ထုတ်လုပ်ခဲ့ ပါသည်။ |
၄။ | (၁.၁၁.၂၀၁၀)ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး သင့်တော်သော ရက်မြတ်ရက်ကောင်း ဖြစ်သော (၁၁.၂.၂၀၁၁) ရက်နေ့တွင် နေပြည်တော် အုတ်စက်ရုံ (မင်းကုန်း) အား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ |
၅။ | နေပြည်တော်အုတ်စက်ရုံတည်ဆောက်မှုတွင် မြန်မာပြည်တွင်းကျပ်ငွေ (၁၇၀၄၂.၇၈၈) ကျပ်သန်း ကုန်ကျခဲ့ပါသည်။ |
၆။ | နေပြည်တော်အုတ်စက်ရုံအား အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ နေပြည်တော်စည်ပင် သာယာရေး ကော်မတီသို့ (၁၉.၅.၂၀၁၁) ရက်နေ့တွင် လွှဲပြောင်း ပေးအပ် ခဲ့ပါသည်။ |
၁။ | နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးမီအုတ်များကို ဖြည့်ဆည်းပေးနိုင်ရန်။ |
၂။ | နေပြည်တော်ပတ်ဝန်းကျင်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်။ |
၃။ | နိုင်ငံတော်ဖွံ့ဖြိုးမှုနှင့်အတူနယ်မြေအတွင်း လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိစေရန်။ |
၄။ | စက်နှင့်စက်ပစ္စည်းများထုတ်လုပ်မှုနည်းပညာနှင့်အတွေ့အကြုံရရှိပြီးကျွမ်းကျင်ပညာရှင် များ တိုးတက်များပြားလာစေရန်။ |
၅။ | စက်နှင့်စက်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်တပ်ဆင်ခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျော့နည်းသက်သာစေရန်။ |