နေပြည်တော်စည်ပင်ဧည့်ရိပ်သာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သီးခြားတာဝန်ပေးအပ်မှုအရ အကြောင်းကိစ္စအမျိုးမျိုးဖြင့် နေပြည်တော်သို့လာရောက်ကြသည့် ပြည်သူအပေါင်းတို့အား စိတ်ချမ်းချမ်းသာသာဖြင့် အဆင်ပြေချောမွေ့စွာ တည်းခိုနိုင်ရန် သန့်ရှင်းသန့်ရပ်သော၊ အဖိုးနှုန်းချိုသာသော၊ လုံခြုံစိတ်ချရသော နေပြည်တော်စည်ပင် ဧည့်ရိပ်သာကို ဖွင့်လှစ်၍ အောက်ပါအတိုင်းဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်-

(က) စတင်ဖွင့်လှစ်သည့်နေ့။ ၂၂.၁၁.၂၀၀၇
(ခ ) တည်နေရာ။ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ နေပြည်တော်မြို့တော် ခန်းမအနီး၊ ပျဉ်းမနား-တောင်ညိုလမ်းမကြီး၏ ဝဲ/ယာတွင်တည်ရှိပြီး ဧည့်ရိပ်သာ(၁)နှင့် (၂)ဟူ၍ (၂)ပိုင်းရှိပါသည်။
(ဂ ) အိပ်ခန်း(၁)ခန်းအကျယ်အဝန်း။ (၃၆၀) စတုရန်းပေ
(ဃ) အဆောင်အမျိုးအစား။ ဧည့်ရိပ်သာ(၁)တွင် လေအေးပေးစက်ပါ အဆောင်(၂၆)ဆောင်၊ရိုးရိုး အဆောင်(၆၃)ဆောင်နှင့်ဧည့်ရိပ်သာ(၂)တွင်လေအေးပေးစက်ပါ အဆောင်(၂၅)ဆောင်၊ ရိုးရိုးအဆောင်(၅၁)ဆောင်စုစုပေါင်းလေအေးပေးစက်ပါ အဆောင်(၅၁)ဆောင်၊ရိုးရိုးအဆောင်(၁၁၄) ဆောင်တို့၌ အခန်းပေါင်း(၁၃၁၂)ခန်းပါဝင်ပြီး လူဦးရေ(၃၉၃၆)ဦး တပြိုင်တည်း တည်းခိုနိုင်ပါသည်။
(င ) တည်းခိုဆောင်များကိုမိသားစုအဆောင်၊ အမျိုးသားအဆောင်၊ အမျိုးသမီးဆောင်ဟူ၍ သီးခြားစီ တည်းခိုနိုင်ရန် စီစဉ်ထားပါသည်။
(စ ) တည်းခိုခန်းခ နှုန်းထားများကို (၂၆.၅.၂၀၁၅)ရက်နေ့မှစ၍ အောက်ပါအတိုင်းပြင်ဆင်သတ်မှတ်ထားပါသည်-
(၁) အစိုးရဝန်ထမ်းများအတွက် (၁)ရက်နှုန်းထား
(ကက) ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၂,၆၀၀ကျပ်
( ခခ) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၂၅,၂၀၀ကျပ်
(၂) အစိုးရဝန်ထမ်းမဟုတ်သူများအတွက် (၁)ရက်နှုန်းထား
(ကက) ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၈,၉၀၀ကျပ်
( ခခ) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၃၁,၅၀၀ကျပ်
(ဂဂ) ငုရွှေဝါဆောင်(၅)ဦး ၆၃,၀၀၀ကျပ်
(ထပ်တိုး (၁)ဦးလျှင် ၁၂,၆၀၀ဖြင့် (၃)ဦးအထိ ခွင့်ပြုပါမည်။)
မှတ်ချက်။ ရိုးရိုးခန်း/Airconခန်း (၁)ခန်းလျှင် (၃)ဦးတည်းခိုနိုင်ပြီး (၂၄.၉.၂၀၂၄)ရက်နေ့ နံနက်(၀၄:၀၀)နာရီ အချိန်မှစ၍ ပြင်ဆင်ကောက်ခံသွားမည်ဖြစ်ပါသည်။
(ဆ) အခန်းတိုင်းတွင် ရေချိုးခန်း၊ သန့်စင်ခန်းများ တစ်ပါတည်းပါရှိပြီး လုံခြုံစိတ်ချစွာ တည်းခိုနိုင်ပါသည်။
(ဇ ) ဧည့်ရိပ်သာအုပ်ချုပ်ရေးမှူးရုံးခန်း၌ စာစီစာရိုက်ခြင်း၊ မိတ္တူကူးခြင်းနှင့် ကားလက်မှတ်များ မှာယူနိုင်ခြင်း စသောဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
(စျ ) ဧည့်ရိပ်သာရှေ့တွင် မြို့တွင်းယာဉ်လိုင်းများ၏ ကားမှတ်တိုင်များ၊ အငှားယာဉ်ဂိတ်များလည်း ရှိပါသည်။
(ည) တည်းခိုသူများ၏အဝတ်အထည်များအား လျှော်ဖွတ်သန့်စင်ပေးသည့် ခဝါလုပ်ငန်းဝန်ဆောင်မှုများ လည်းရှိပါသည်။
(ဋ ) တည်းခိုသူများ လွယ်ကူစွာစားသောက်နိုင်ရေးအတွက် ဧည့်ရိပ်သာဝင်းအတွင်း စားသောက်ဆိုင်များ စီစဉ်ထားရှိပါသည်။
(ဌ ) နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှ နေ့စဉ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းအကူအညီတောင်းခံရယူနိုင်ပါသည်-
(၁) ဧည့်ရိပ်သာ(၁) ၀၆၇-၄၃၂၀၅၆၊ ၀၆၇-၄၃၂၀၅၈၊ ၀၆၇-၈၁၀၈၁၈၅
(၂) ဧည့်ရိပ်သာ(၂) ၀၆၇-၄၃၂၀၁၁၊ ၀၆၇-၄၃၂၀၁၂

တည်းခိုသူများလိုက်နာရမည့် စည်းကမ်းချက်များ

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာသည် နိုင်ငံ့၀န်ထမ်း များ နေပြည်တော်သို့လုပ်ငန်းတာ၀န်ဖြင့် လာရောက်သည့်အခါတွင် အဆင်ပြေစွာ ဖြင့် တည်းခိုနိုင်ရန်အတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် ဆောက်လုပ် ပေးထားသော ဧည့်ရိပ်သာဖြစ်ပါသည်။
၂။နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို အထူးအစီ အစဉ်ဖြင့် တည်းခိုနေထိုင်ခွင့်ပြုထားပါသည်။
၃။နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများတွင် ပါ၀င်ဆောင်ရွက်နေသူများသည် သီးခြားခွင့်ပြုချက်မရှိဘဲ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဧည့်ရိပ်သာတွင် တည်းခိုခွင့်မပြု။
၄။နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်းရှိ အဆောက်အဦများ၊ စားသောက် ဆိုင်များတွင် လာရောက်တည်းခိုသူများကဖြစ်စေ၊ တည်းခိုသူများထံ လာရောက်တွေ့ဆုံသူများကဖြစ်စေ၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ပါတီနိုင်ငံ ရေးဆိုင်ရာဆွေးနွေးပွဲများ၊ ပါတီနိုင်ငံရေးဆိုင်ရာဆောင်ရွက်ချက်များကို ပြုလုပ်ခွင့် မပြုပါ။
၅။နိုင်ငံသားစိစစ်ရေးကဒ်ပြားဖြင့်သာ ဤဧည့်ရိပ်သာက တည်းခိုခွင့် ပြုပါသည်။ ၀န်ထမ်းဖြစ်ပါက ၀န်ထမ်းစိစစ်ရေးကဒ်ပြားနှင့် ခရီးသွားလာခွင့်အ မိန့် (M.O) ဖြင့်သာ တည်းခိုခွင့်ပြုပါသည်။ (ကြည်း၊ ရေ၊ လေ တပ်မတော်သား များအား တည်းခိုခွင့်မပြုပါ)
၆။မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်မှ စတင်၍ နောက်တစ်နေ့ မွန်းတည့်ချိန်(၁၂:၀၀)နာရီချိန်တွင် (၂၄)နာရီကာလအား တည်းခိုရက်(၁)ရက် ဟု သတ်မှတ်ပါသည်။
၇။တစ်ရက်အတွက် တည်းခိုခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အစိုးရဝန်ထမ်းများအတွက် (၁)ရက်နှုန်းထား
(၁) ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၂,၆၀၀ကျပ်
( ၂) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၂၅,၂၀၀ကျပ်
(ခ) အစိုးရဝန်ထမ်းမဟုတ်သူများအတွက် (၁)ရက်နှုန်းထား
(၁) ရိုးရိုးအိပ်ခန်း(၁)ခန်း ၁၈,၉၀၀ကျပ်
( ၂) လေအေးပေးစက်ပါအိပ်ခန်း(၁)ခန်း ၃၁,၅၀၀ကျပ်
သတိပြုပါရန်။ နံနက်(၀၄:၀၀)နာရီချိန်မတိုင်မီ ရောက်ရှိတည်းခိုပါက ၎င်းနေ့ မွန်းတည့်(၁၂:၀၀)နာရီချိန် ကျော်လွန်ပါက တည်းခိုခန်းခ(၁)ရက်စာ ထပ်မံပေး သွင်းရပါမည်။ တစ်ရက်စာတည်းခိုခန်းခပေးသွင်းပြီး တည်းခိုကာလကုန်ဆုံး၍ နောက်တစ်ရက်ထပ်မံတည်းခိုလိုပါက တည်းခိုခွင့်ကုန်ဆုံးမည့်နေ့ မွန်းတည့်(၁၂:၀၀)နာရီချိန်မတိုင်မီ တည်းခိုခန်းခငွေအား ထပ်မံပေးသွင်း စေကာ ဆက်လက်တည်းခိုရန် ခွင့်ပြုပါမည်။
၈။ဇနီးမောင်နှံများလာရောက်တည်းခိုပါက အကြင်လင်မယားဖြစ်ကြောင်း ဌာနတစ်ခုခု၏ ထောက်ခံချက်ပါရှိမှသာ အတူတည်းခိုခွင့်ပြုပါသည်။ ထောက်ခံ ချက်မပါရှိပါက အိပ်ခန်းတစ်ခန်းတည်းတွင် အတူတည်းခိုခွင့်ပြုမည် မဟုတ်ပါ။
၉။အမျိုးသမီးသီးသန့် တည်းခိုဆောင်နှင့် အိပ်ခန်းအတွင်းသို့ အမျိုးသားများ ၀င်ရောက်ခွင့်မပြု။
၁၀။တည်းခိုနေသူ အမျိုးသားအိပ်ခန်းအတွင်းသို့ အမျိုးသမီး၀င်ရောက်ခွင့် မပြု။ ဧည့်သည်ကလက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။
၁၁။တည်းခိုနေသူအမျိုးသားအိပ်ခန်းအတွင်းသို့ အမျိုးသမီး၀င်ရောက်ခွင့်မပြု။ ဧည့်သည်က လက်ခံသော်လည်း ဤဧည့်ရိပ်သာစည်းကမ်းအရ ခွင့်မပြုပါ။
၁၂။လက်နက်ခဲယမ်းနှင့်ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ ဥပဒေနှင့်ငြိစွန်းသောပစ္စည်းများ၊ စာရွက်စာတမ်းများ ယူဆောင်တည်းခိုခွင့်မပြုပါ။
၁၃။နိုင်ငံတော်အစိုးရနှင့် ဆန့်ကျင်သည့်ဆောင်ရွက်ချက် ကိစ္စရပ်မှန်သမျှအား လုံး၀(လုံး၀)ဆောင်ရွက်ခွင့်မပြုပါ။
၁၄။အိပ်ခန်းအတွင်း မူးယစ်သေစာသောက်စားခြင်း၊ လောင်းကစားခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ လုံး၀(လုံး၀)ခွင့်မပြုပါ။
၁၅။ဧည့်လက်ခံကောင်တာတွင် တည်းခိုရန်စာရင်းပေးသွင်းပြီး တည်းခိုခွင့်ပြု ထားသူမှအပ အိပ်ခန်းအတွင်းသို့ အခြားဧည့်သည်များ ၀င်ရောက် ခွင့်မပြုပါ။
၁၆။တည်းခိုနေထိုင်စဉ်ကာလအတွင်း တည်းခိုသူ၏နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ်)၀န်ထမ်းစိစစ်ရေးကဒ်ပြားကို ဧည့်လက်ခံကောင်တာတွင် အပ်နှံထား ရပါမည်။ လက်ရှိနေရပ်လိပ်စာကို မှန်ကန်၊ တိကျ၊ ပြည့်စုံစွာပေးရပါမည်။
၁၇။ငွေနှင့်အခြားတန်ဖိုးရှိသည့် ပစ္စည်းများပါရှိပါက ဧည့်ရိပ်သာတာ၀န်ခံအရာ ရှိထံတွင် သေချာစွာအပ်နှံပါ၊ မအပ်နှံဘဲပျောက်ဆုံးမှုဖြစ်ပါက ဧည့်ရိပ်သာမှ တာ၀န်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
၁၈။ အိပ်ခန်းအတွင်းဆေးလိပ်မသောက်ရ၊ ဖယောင်းတိုင်မီးမထွန်းရ၊ မီးဘေးအန္တရာယ်ဖြစ်ပွားစေမည့် ကိစ္စရပ်များကို ရှောင်ကြဉ်ရပါမည်။
၁၉။ အမှိုက်နှင့်ကွမ်းတံတွေးများကို တည်းခိုဆောင်ရှိအမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ရပါမည်။
၂၀။ တည်းခိုသူဧည့်သည်ကြောင့် ဧည့်ရိပ်သာရှိ ပစ္စည်းပျောက်ဆုံး/ပျက်စီးခဲ့ ပါက ကာလတန်ဖိုးအတိုင်းပေးလျော်ရပါမည်။
၂၁။အပြင်သို့ထွက်ခွါပါက မိမိအခန်းသော့အား ဧည့်လက်ခံကောင်တာတွင် အပ်နှံရပါမည်။
၂၂။အိပ်ခန်းအား ပြန်လည်မအပ်နှံမီ မိမိနှင့်အတူပါရှိသည့် ပစ္စည်းများကို သေချာစွာ စစ်ဆေး၍ ပြန်လည်ယူဆောင်သွားကြပါရန်နှင့် ကျန်ရှိခဲ့လျှင် ဧည့်ရိပ်သာမှ လုံး၀တာ၀န်မယူပါ။
၂၃။ဧည့်သည်များသည် မိမိတည်းခိုသည့် အခန်း၍သာ တည်းခိုနေထိုင်ရမည် ဖြစ်ပြီးအခြားအိပ်ခန်းသို့ ကူးပြောင်းလည်ပတ်ခြင်း၊ တည်းခိုနေထိုင်ခြင်း လုံး၀ ခွင့်မပြုပါ။
၂၄။ဘေးပတ်၀န်းကျင်မှ တည်းခိုနေသူဧည့်သည်များအား အနှောင့်အယှက် ဖြစ်စေမည့် ကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ ကျယ်လောင်စွာစကားပြောခြင်း၊ သီချင်းဖွင့်/ဆိုခြင်း၊ ညစ်ညမ်းစွာဆဲရေးတိုင်း ထွာခြင်းများမပြုရပါ။
၂၅။ ကူးစက်ရောဂါရှိသူများအား တည်းခိုခွင့်မပြုပါ။
၂၆။ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များမှ ဒေသခံများနှင့်၀န်ထမ်းများ လာရောက်တည်း ခိုခြင်းကို တည်းခိုခွင့်မပြုပါ။
၂၇။ဧည့်သည်တော်များ၏ လုံခြုံရေးအတွက် ည(၁၁:၀၀)နာရီချိန်တွင် ဧည်ရိပ်သာ၏ခြံ၀င်းတံခါးအားပိတ်ပါမည်။
၂၈။ဧည့်ရိပ်သာ၀န်ထမ်းများ၏ဆက်ဆံရေးမပြေပြစ်လျှင်သော်လည်းကောင်း၊ တည်းခိုနေထိုင်စဉ်ကာလအတွင်း အခက်အခဲရှိလျှင်သော်လည်းကောင်း ဧည့်ရိပ် သာ(၁)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ် (၀၆၇-၄၃၂၀၅၆)နှင့်ဧည့်ရိပ်သာ (၂)၊ ဧည့်/ငွေလက်ခံကောင်တာဖုန်းနံပါတ်(၁၆၇-၄၃၂၀၁၂)များသို့ အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

ဤဧည့်ရိပ်သာတွင် တည်းခိုပါက အထက်ပါစည်းကမ်းချက်(၂၈)ချက်အား သိရှိနားလည်သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါမည်၊
အခန်းတွင်းလိုအပ်ချက်နှင့် မကျေနပ်မှုများရှိပါက တာ၀န်ခံနှင့် ကောင်တာရှိ တာ၀န်ကျတို့ကို တိုင်ကြားအသိပေးနိုင်ပါသည်။

ပုံ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ