MENU

နေပြည်တော်စည်ပင်ဘဏ်လီမိတက်

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို ၂၀၁၃ ခုနှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရာနှုန်းပြည့်အစုရှယ်ယာမတည်ငွေဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ဥတ္တရသီရိဘဏ်ခွဲကို ပထမဦးဆုံးဘဏ်ခွဲအဖြစ် အောင်မြင်စွာဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဘဏ်ရုံးချုပ်နှင့် ဇမ္ဗူသီရိဘဏ်ခွဲကြီးကို ထပ်မံဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရန်ကုန်၊ မန္တလေးအပါအဝင် ဘဏ်ခွဲကြီး (၈)ခုနှင့် ဘဏ်ခွဲငယ်(၂)ခု စုစုပေါင်း ဘဏ်ခွဲ(၁၀)ခုတို့ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို မိဘပြည်သူများထံ လုံခြုံစိတ်ချမှု အပြည့်အဝဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ ဆောင်ရွက်ပေးလျက်ရှိသော ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ

၁။စာရင်းရှင်အပ်ငွေ၊
၂။ငွေစုဘဏ်အပ်ငွေ၊
၃။ အချိန်ပိုင်းအပ်ငွေ(သို့)စာရင်းသေအပ်ငွေ၊
၄။ ချေးငွေများ၊
၅။ ငွေလွှဲခြင်း၊
၆။ငွေပေးအမိန့်ရောင်းချခြင်း၊
၇။ လုံခြုံမှုသေတ္တာငှားရမ်းခြင်း၊
၈။ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခြင်း၊
၉။Account Link
၁၀။Bank Guarantee
၁၁။ရေမီတာပေးဆောင်နိုင်ခြင်း
၁၂။E-commerce ဖြင့်ဈေးဝယ်နိုင်ခြင်း

စာရင်းရှင်အပ်ငွေ (Current Deposit)

စာရင်းရှင်အပ်ငွေစာရင်းကို လူပုဂ္ဂိုလ်တစ်ဦး(သို့) တစ်ဦးတည်းပိုင်လုပ်ငန်း(သို့) အသင်းအဖွဲ့နှင့် ကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ လူပုဂ္ဂိုလ်တစ်ဦး(သို့) နှစ်ဦးနှင့်အထက် တွဲဖက်၍လည်းကောင်း စာရင်း စတင်ဖွင့်လှစ်ရန်အတွက် အနည်းဆုံး ငွေကျပ်(၅,၀၀၀)ဖြင့်ဆောင်ရွက်နိုင်ပါသည်။ ငွေထုတ်ယူခြင်းကို အကြိမ်ကြိမ် ထုတ်ယူနိုင်ပြီး ငွေသွင်းခြင်းကိုလည်း ပမာဏအကန့်အသတ်မရှိသွင်းနိုင်ပါသည်။ ထိုစာရင်းရှင် အပ်ငွေအတွက်အတိုးမပေးပါ။

ငွေစုဘဏ်အပ်ငွေ (Saving Deposit)

ငွေစုဘဏ်အပ်ငွေစာရင်းကို တစ်ဦးတည်းဖြစ်စေ၊ တစ်ဦးထက်ပိုသောတွဲဖက်စာရင်းဖြစ်စေ၊ အဖွဲ့အစည်းအမျိုးမျိုးဖြစ်စေ ကနဦးအပ်နှံငွေ အနည်းဆုံးကျပ်(၅၀၀၀)ဖြင့် စတင်၍စာရင်းဖွင့်လှစ်နိုင်ပါသည်။ ငွေစုဘဏ်အပ်ငွေစာရင်းတွင် အရွယ်မရောက်သေးသူများအတွက်လည်း အုပ်ထိန်းသူနှင့်တွဲဖက်၍ ကနဦးအပ်နှံငွေ အနည်းဆုံးကျပ်(၅၀၀၀)ဖြင့် သက်ငယ်စာရင်းဖွင့်လှစ်နိုင်ပါသည်။
ငွေပမာဏနှင့် အကြိမ်အကန့်အသတ်မရှိ ပေးသွင်းနိုင်ပြီး ငွေထုတ်ယူခြင်းကို တစ်ပတ်လျှင်တစ်ကြိမ်သာ ထုတ်ယူခွင့်ပြုပါသည်။ လက်ရှိအတိုးနှုန်းမှာ တစ်နှစ်
လျှင် ၈.၀၀ % ဖြစ်ပါသည်။ (၃)လတစ်ကြိမ် (မတ်၊ဇွန်၊စက်တင်ဘာ၊ ဒီဇင်ဘာ) လများတွင် အတိုးထည့်ပေးပါသည်။လဆန်း(၇)ရက်နေ့မှ လကုန်ရက်အတွင်းရှိ အနည်းဆုံး လက်ကျန်ငွေ (လဆန်း(၇)ရက်လက်ကျန်ထက်မများရန်)ပေါ်တွင် တစ်လလုံးအတွက်လစဉ်အတိုး တွက်ချက်ပြီး (၃)လလျှင် တစ်ကြိမ်အတိုးထုတ်ယူနိုင်ပါသည်။ အတိုးထည့်သွင်းပေးသည့်လများတွင် အတိုးငွေမထုတ်ယူခဲ့ပါက နောက်လများအတွက် တိုးရင်းပေါင်း၍တွက်ချက်ပေးပါသည်။

စာရင်းသေအပ်ငွေ (Fixed Deposit)

စာရင်းသေအပ်ငွေကို ကျပ်သောင်းဂဏန်းအလီလီဖြင့် ပမာဏနှင့်အကြိမ် အကန့်အသတ်မရှိ စုဆောင်းအပ်နှံနိုင်ပါသည်။
လူပုဂ္ဂိုလ်တစ်ဦး(သို့)နှစ်ဦးနှင့်အထက် တွဲဖက်၍လည်းကောင်း၊ တစ်ဦးတည်းပိုင်လုပ်ငန်း (သို့) အသင်းအဖွဲ့နှင့်ကုမ္ပဏီများအနေဖြင့် လည်းကောင်း စာရင်းဖွင့်နိုင်ပါသည်။
လက်ရှိအတိုးနှုန်းမှာ သတ်မှတ်ထားသည့်အချိန်ကာလအပိုင်းအခြားအလိုက် အောက်ပါအတိုင်းဖြစ်ပါသည်-

အပ်နှံထားနိုင်သည့်ကာလ အတိုးနှုန်း
(၃)လ (၈.၂၅%)
(၆)လ (၈.၅၀%)
(၉)လ (၈.၇၅%)
(၁၂)လ (၉.၀၀%)

အပ်နှံသောအချိန်ကာလစေ့ရောက်တိုင်းရက်အလိုက် အတိုးတွက်ပေးပါသည်။ သက်တမ်းစေ့ရောက်ပြီး ကျော်လွန်သောကာလကို အတိုးပေးမည်မဟုတ်ပါ။ သက်တမ်းမစေ့မှီ အပ်နှံငွေပြန်လည် ထုတ်ယူပါက အတိုးခံစားခွင့်မရှိပါ။ စာရင်းသေအပ်ငွေစာရင်းသည် ဘဏ်တွင်ကာလကြာရှည်စွာ အပ်နှံလိုသူများအတွက် အထူးသင့်လျော်သော စာရင်းအမျိုးအစားဖြစ်ပြီး အပ်နှံမည့်ကာလအပေါ်မူတည်၍ မြင့်မားသော အတိုးနှုန်းများကို ခံစားရမည်ဖြစ်ပါသည်။

ခေါ်ယူအပ်ငွေစာရင်း

  • လူပုဂ္ဂိုလ်တစ်ဦး (သို့) နှစ်ဦးနှင့်အထက်တွဲဖက်၍လည်းကောင်း၊ အဖွဲ့အစည်းအမည်ဖြင့်လည်းကောင်း၊ ကုမ္ပဏီများအနေဖြင့်လည်းကောင်း စာရင်းဖွင့်နိုင်ပါသည်။
  • အနည်းဆုံးငွေကျပ်တစ်သောင်းဖြင့်စတင်စာရင်းဖွင့်လှစ်နိုင်ပြီး သိန်းဂဏန်းအလီလီဖြင့် အကြိမ်အကန့်အသတ်မရှိ စုဆောင်းအပ်နှံနိုင်ပါသည်။
  • ကျပ်သိန်းတစ်ရာနှင့်အထက် အပ်နှံငွေအတွက် အတိုးနှုန်းမှာ (၈)ရာခိုင်နှုန်းဖြစ်ပြီး ကျပ်သိန်းတစ်ရာအောက် အပ်နှံငွေအတွက် အတိုးနှုန်းမှာ (၄)ရာခိုင်နှုန်းဖြစ်ပါသည်။
  • နေ့စဉ်စာရင်းပိတ်လက်ကျန်ငွေအပေါ်ရက်အလိုက်အတိုးတွက်ချက်ပေးပြီး (၃)လတစ်ကြိမ် (June, Sept, Dec, March)လများတွင် အတိုးထည့်သွင်းပေးပါသည်။


ချေးငွေများ

  • ချေးငွေများကိုကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုနှင့် ဆောက်လုပ် ရေးစသည့်လုပ်ငန်းများတွင် မိမိတို့၏လုပ်ငန်းများ ဆက်လက်ချဲ့ထွင်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်း များတိုးတက်အောင်မြင်စေရန်နှင့် လုပ်ငန်းရင်းနှီးငွေများ တိုးပွားလာစေရန်အတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။
  • လုပ်ငန်းရှင်များသို့ ၎င်းတို့အမည်ပေါက်ပိုင်ဆိုင်သည့် မြေနှင့်အဆောက်အဦများအား အာမခံရယူ၍လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စျေးဆိုင်ခန်းရှင်များသို့ ဆိုင်ခန်းပိုင်ဆိုင်မှု အထောက်အထားများအား အာမခံရယူ၍လည်းကောင်း ကာလသတ်မှတ်ချက်ချေးငွေများကို ထုတ်ချေးလျက်ရှိပါသည်။ ချေးငွေသက်တမ်းမှာ (၃)နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် (၁၃%) ဖြစ်ပါသည်။ ထုတ်ချေးငွေအား ပထမနှစ်သက်တမ်းအတွင်း အတိုးသာပေးဆပ်ရန်နှင့် ဒုတိယနှစ် သက်တမ်းစေ့ရောက်ချိန်တွင် အရင်းငွေ (၄၀%)ကိုလည်းကောင်း၊ တတိယနှစ် သက်တမ်းစေ့ရောက် လျှင်(၆၀%)ကိုလည်းကောင်း ပြန်လည်ပေးဆပ်ရန်ဖြစ်ပါသည်။ (၃)လလျှင်တစ်ကြိမ် (မတ်၊ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာ)လများတွင် အတိုးကောက်ခံပါသည်။
  • နေပြည်တော်စည်ပင်သာယာရေးကော်မတီမှဆောင်ရွက်သည့် လုပ်ငန်းများတွင် တင်ဒါအောင်မြင်သော ကုမ္ပဏီများသို့ လုပ်ငန်းတန်ဖိုး၏ (၂၅%)ကို တစ်နှစ်လျှင် အတိုးနှုန်း (၁၃%)ဖြင့် တင်ဒါ လုပ်ငန်းချေးငွေများအဖြစ် ထုတ်ချေးလျက်ရှိပါသည်။
  • နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနားတောင်ညိုလမ်းဘေး မြို့မဈေးအနီးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက် ရှိသော သုခတော်ဝင်အိမ်ရာတိုက်ခန်း ဝယ်ယူလိုသူများအားလည်း တစ်နှစ်လျှင် အတိုးနှုန်း (၁၃%) ဖြင့် လစဉ်အရစ်ကျဆပ် (Amortization Method) ဖြင့် အိမ်ရာတိုက်ခန်းချေးငွေ (Apartment Loan) အား သက်တမ်း(၃)နှစ်ဖြင့် ထုတ်ချေးလျက်ရှိပါသည်။

ငွေလွှဲခြင်း

ငွေလွှဲပေးပို့ခြင်းလုပ်ငန်းများကို CCT (Customer Credit Transfer) Online စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတွင်းရှိ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များသို့ ငွေကြေးများကို လုံခြုံစိတ်ချစွာနှင့် လျင်မြန်ထိရောက်စွာ လွှဲပြောင်းပေးပို့နိုင်ပါသည်။

ငွေလွှဲခနှုန်းထားများမှာ-
လွှဲငွေပမာဏ ကျပ်သိန်း (၃၀၀) အထိ (၃,၀၀၀) ကျပ် နှင့် CBM Net Fee (၅၀၀)ကျပ်
လွှဲငွေပမာဏ ကျပ်သိန်း (၃၀၀) အထက်ကို (၀.၀၁%) နှင့် CBM Net Fee (၅၀၀)ကျပ်

ငွေပေးအမိန့်ရောင်းချခြင်း(Payment Order)

အစိုးရဌာနဆိုင်ရာများသို့ ပေးသွင်းရမည့်ကိစ္စများအတွက် ငွေပေးအမိန့်(Payment Order)ကို (Bank Guarantee Cheque) အဖြစ်ရောင်းချခြင်း ဝန်ဆောင်မှုလုပ်ငန်းကို လျင်မြန်စွာဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်ခမှာ အနည်းဆုံးကျပ် - ၃,၀၀၀ နှင့် ငွေကျပ် - ၃,၀၀၀,၀၀၀ အထက်ဖြစ်ပါက ၁၀ပြားနှုန်းဖြစ်ပြီး အများဆုံးကောက်ခံသည့်နှုန်းထားမှာကျပ်-၃၀,၀၀၀/-ဖြစ်ပါသည်။

လုံခြုံမှုသေတ္တာငှားရမ်းခြင်း (Safe Deposit Locker)

Customer များ၏ တန်ဖိုးကြီးလှသောပစ္စည်းများ၊ စာရွက်စာတမ်းများကို ဘဏ်၏ငွေတိုက်ခန်း အတွင်းရှိသေတ္တာအတွင်း သိမ်းဆည်းနိုင်ပါသည်။ သေတ္တာငှားရမ်းခအတွက် ဘဏ်မှဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင်ကျပ်-၅၀,၀၀၀/-ကောက်ခံပါသည်။

နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခြင်း ဝန်ဆောင်မှု (Money Changer)

Customer များ၏ ဆန္ဒအတိုင်း ၎င်းတို့ထံမှ နိုင်ငံခြားငွေများကို ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်လျက်ရှိသော ငွေလဲနှုန်း(CBM's Reference Rate)ကို အခြေခံ၍ သတ်မှတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝယ်ယူရောင်းချပေးသည့် နိုင်ငံခြားငွေအမျိုးအစားများမှာ-

(က) အမေရိကန်ဒေါ်လာ (USD)
(ခ ) ယူရို (EURO)
(ဂ ) စင်္ကာပူဒေါ်လာ(SGD)
(ဃ ) မလေးရှားရင်းဂစ်(MYR)
(င ) ထိုင်းဘတ်(THB) တို့ဖြစ်ပါသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်နိုင်ငံခြားငွေလဲလှယ်ပေးရေးကောင်တာ (Money Changer) တွင်မဆို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရို ငွေကြေးများကို နိုင်ငံသားမှတ်ပုံတင် (National Registeration Card) သို့မဟုတ် နိုင်ငံကူးလက်မှတ် (Passport) ဖြင့်လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။

Account များ Link ပေးထားခြင်း

Current A/C ကို Saving A/C နှင့် ချိတ်ဆက် (Link) ပေးထားရန် Instruction ပေးနိုင်ပါသည်။

Bank Guarantee

  • လုပ်ငန်းရှင်များ(သို့) အဖွဲ့အစည်းများအချင်းချင်း စီးပွားရေးဆိုင်ရာ သဘောတူညီမှုလုပ်ငန်းများတွင် လုံခြုံစိတ်ချ၍ ယုံကြည်မှုရှိစေရန် တောင်းခံလေ့ရှိသော
    Bank Guarantee ကို ထုတ်ပေးခြင်းအား ဆောင်ရွက်ပေးပါသည်။
  • Bank Guarantee အမျိုးအစားများမှာ Performance Guarantee, Tender Guarantee or Bid Bond Guarantee တို့ ဖြစ်ပါသည်။
  • ဘဏ်အာမခံလျှောက်ထားသူသည် ငွေသားတင်သွင်းခြင်း၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ရှိ စာရင်းရှင် စာရင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေစာရင်း တင်ပြခြင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အာမခံအဖြစ်(ချေးငွေလုပ်ထုံးလုပ်နည်းများအရ)တင်သွင်းခြင်း စသည့်နည်းများဖြင့် ဆောင်ရွက်နိုင် ပါသည်။
  • PG ထားရှိသည့်ငွေစုဘဏ်စာရင်းအပေါ်တစ်နှစ်လျှင် အတိုးနှုန်း(၅%)ဖြင့် အတိုးတွက်ချက်ပေးပါသည်။
  • ဘဏ်အာမခံသက်တမ်းအလိုက် ဝန်ဆောင်ခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ကာလ ဝန်ဆောင်ခ
    (၃)လ အထိ ၀.၅%
    (၆)လ အထိ ၁.၀%
    (၉)လ အထိ ၁.၅%
    (၁၂)လ အထိ ၂.၀%

    နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ဘဏ်ခွဲများ
    ဇမ္ဗူသီရိဘဏ်ခွဲကြီး(ရုံးချုပ်) အမှတ် A(၀၉)၊ မင့်စ်လမ်း(သီရိကျော်စွာလမ်း)၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
    ph; 067-422576 , 422581
    Fax; 067-422583 , 422575
    ဥတ္တရသီရိဘဏ် Shopping Complex (OS -၂၅/၂၆)၊ ရာဇသင်္ဂဟလမ်း၊ အင်ကြင်းပန်းအဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊နေပြည်တော်။
    ph; 067-417784 , 417786
    Fax; 067-417783
    ပျဉ်းမနားဘဏ်ခွဲ အမှတ်(၁၁)၊ ဆေးရုံလမ်း၊ ရန်အောင်(၂)ရပ်ကွက်၊ မင်္ဂလာရှမ်းကန်အနီး၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။
    ph; 067-24338, 24302
    Fax; 067-24309, 24820
    တပ်ကုန်းဘဏ်ခွဲ အမှတ်(၂၁-၂၂ဃ/၁)၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ တပ်ကုန်းမြို့နယ်၊ နေပြည်တော်။
    ph; 067-8071165,8071168,8071164,8071166
    သပြေကုန်းဘဏ်ခွဲ မြေကွက်အမှတ် (ZO-044A)၊ ပိတောက်(၃)လမ်း၊ သပြေကုန်းဈေး၊ ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်။
    ph; 067-8108085 , 8108086
    မန္တလေးဘဏ်ခွဲ မြေကွက်အမှတ် (589-590)၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ တောင်မြင့်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊
    မန္တလေးတိုင်းဒေသကြီး။ ph; 02-5154635, 5154689
    ရန်ကုန်ဘဏ်ခွဲ အမှတ်(၇၇/၇၉)၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
    ph; 01-8391290, 8391924
    လယ်ဝေးဘဏ်ခွဲ မြေကွက်အမှတ်(လမ-၀၁၉)၊ သုခုမလမ်း၊ အမှတ်(၇)ရပ်ကွက်၊ လယ်ဝေးမြို့နယ်၊နေပြည်တော်။
    ph; 067-30792, 30793
    မြို့မစျေးဘဏ်ခွဲငယ် မြို့မစျေး၊ ပွဲရုံတန်းအမှတ်(ပ/၂၁၈)ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
    ph; 067-422663,422664
    Fax; 067-422655
    အဟာရသုခစျေးဘဏ်ခွဲငယ် မြေကွက်အမှတ် PMO-005c၊ အာဟာရသုခဈေးလမ်း၊ ဘောဂဝတီရပ်ကွက်၊ ဆက်သွယ်ရေးရုံးအနီး၊ ပျဉ်းမနားမြို့နယ်၊
    နေပြည်တော်။
    ph; 067-38362,38365
    Fax; 067-38367

 

1 2 3 4 5 6 7 8 9 10 11 12