MENU

ထုတ်လုပ်ရေးဌာန

၁။ဌာန၏ လုပ်ငန်းတာဝန်များ၊
၂။မြေလွတ်မြေရိုင်းများ ဖော်ထုတ်၍ ရတနာတန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ တောပိတောက် အစရှိသည့်အပင်များ စိုက်ပျိုးခြင်းလုပ်ငန်း၊
၃။ပြည်ပပို့ကုန်ဖြစ်သည့် စိန်တလုံးသရက်ပင်များအား ဉယျာဉ်ခြံမြေအဖြစ်ဖော်ထုတ်၍ စိုက်ပျိုးခြင်းလုပ်ငန်း၊
၄။လယ်မြေရိုင်းများအား ဖော်ထုတ်၍ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးခြင်းလုပ်ငန်း
၅။ထုတ်လုပ်ရေးဌာနရုံး၌ ပျိုးခြံတစ်ခုတည်ဆောက်၍ ရတနာတန်းဝင်ကျွန်းပင်များ၊ စိန်တလုံးသရက်ပင်များ၊ ဒန့်တလွန်၊ ကင်ပွန်းချဉ် ကဲ့သို့သော သီးပင်စားပင်များ ပျိုးထောင်၍ဝေငှပေးခြင်း၊
၆။နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင်နယ်မြေအတွင်းရှိ ကျေးရွာဟောင်းများတွင် နှစ်ရှည်နှစ်တို သီးပင်စားပင်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း၊
၇။ဆက်သွယ်ရန်ဖုန်းနံပါတ်များ။

ထုတ်လုပ်ရေးဌာန၏လုပ်ငန်းတာဝန်များ

၁။နေပြည်တော်မြို့တော်သူမြို့တော်သားများ စားဝတ်နေရေး အဆင်ပြေစေရေး၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးနှင့် ကုန်းစျေးနှုန်းကျဆင်းရေးတို့အတွက် လတ်ဆတ်သော ဟင်းသီးဟင်းရွတ်များ၊ ငါး၊ ကြက်ဥ စသည့်မီးဖိုချောင်သုံးသီးနှံများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးခြင်း၊
၂။ကုန်စျေးနှုန်းကျဆင်းရေးအတွက် အထောက်အကူပြုစေရန် ဆောင်ရွက်ခြင်း၊
၃။ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်း၊
၄။စပါးစိုက်ပျိုးရန်မဖြစ်ထွန်းသော မြေလွတ်၊ မြေရိုင်းများ၊ ရေကြီးကွင်း၊ ရေနက်ကွင်းများတွင် ငါးကန်၊ ပုဇွန်ကန်များ တူးဖေါ်၍ မွေးမြူရေးဆောင်ရွက်ခြင်း၊
၅။စီမံကိန်း၊ စီမံချက်များရေးဆွဲ၍ ပြည်တွင်းဝင်ငွေနှင့် ပြည်ပဝင်ငွေရရှိရေး ဆောင်ရွက်ခြင်း၊
၆။အပန်းဖြေစခန်းများတည်ဆောက်ခြင်း၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
၇။လုပ်ငန်းများအကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပစျေးကွက်ရှာဖွေခြင်း၊
၈။ဌာနအလိုက်လိုအပ်သောစက်မှုပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများကို မှာယူခြင်း၊ ဖြန့်ဖြူးခြင်း၊
၉။စိုက်ပျိုးမွေးမြူရေးစခန်းကြီးများ တည်ဆောက်ခြင်း၊ စနစ်တကျရှိစေရေးအတွက် လိုအပ်သော ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်း၊
၁၀။မွေးမြူရေးအတွက် လိုအပ်သော တိရစ္ဆာန်အစားအစာများဝယ်ယူခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း၊
၁၁။စိုက်ပျိုးမွေးမြူရေးစခန်းကြီးများ တိုးချဲ့တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ရေနက်ကွင်း၊ ရေကြီးကွင်း၊ မြေလွတ်မြေရိုင်းများအားဖော်ထုတ်၍ စိုက်ပျိုးမွေးမြူရေးစီမံချက်များ ရေးဆွဲပြီး အထက်အဆင့်ဆင့်သို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊
၁၂။ကော်မတီ၏ စိုက်ပျိုးမွေးမြူရေးစီမံကိန်းဆိုင်ရာများ၊ ကုန်ထုတ်လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ဝင်ငွေများပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ခြင်း။
  • နိဒါန်း
  • ၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ (၁.၆.၂၀၀၆)ရက်နေ့တွင် ဌာန(၂၁)ခုဖြင့် ဖွင့်လှစ်ရာတွင် ထုတ်လုပ်ရေးဌာနလည်း ပါဝင်ခဲ့ပါသည်။ ထုတ်လုပ်ရေးဌာနအနေဖြင့်လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အလေးထားပြီး တစ်ပိုင်တနိုင် ဆောင်ရွက်လျက်ရှိပါသည်။ နောင်တွင်လည်း တစ်ဖြည်းဖြည်းတိုးချဲ့၍ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်လည်းရည်မှန်းထားရှိပြီးဖြစ်ပါသည်။
  • ရတနာတန်းဝင်အပင်များနှင့်နှစ်ရှည်နှင့် အရိပ်ရ
    ပန်းပင်များစိုက်ပျိုးထားရှိခြင်း
  • ၂။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေ ဟူသောဆောင်ပုဒ်နှင့်အညီ ထုတ်လုပ်ရေးဌာနအနေဖြင့် ရတနာတန်းဝင်ကျွန်းပင်များကို အောက်ပါအတိုင်း စိုက်ပျိုးခဲ့ပါသည်-
    (က) ၂၀၀၉ခုနှစ် နေပြည်တော်-တပ်ကုန်းလမ်းမကြီးအနီးရှိ သပြေစမ်းကျေးရွာအတွက် မြေရိုင်းဧက (၄၆.၈၁)ဧကအား ခုတ်ထွင်ရှင်းလင်း၍ ကျွန်းပင်ပေါင်း (၂၁၉၄၉)ပင်အား စိုက်ပျိုးထားရှိခဲ့ပါသည်။
    (ခ ) ၂၀၁၁ခုနှစ်တွင် နေပြည်တော်-တပ်ကုန်းကားလမ်းမကြီးအနီးရှိ ခွာညိုပန်းအဝိုင်းအနီးမြေရိုင်းဧက(၂၀)ဧကအားခုတ်ထွင်ရှင်းလင်း၍ ကျွန်းပင်ပေါင်း(၁၀၈၀၀)ပင်အားစိုက်ပျိုးထားရှိခဲ့ပါသည်။
    (ဂ ) (၁၅.၉.၂၀၁၃)ရက်နေ့တွင် နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးအတိုင်း သပြေကုန်းအဝိုင်းမှ ကုမုဒြာကြာပန်းအဝိုင်း၊၎င်းမှ ခွာညိုပန်းအဝိုင်းအထိလမ်းဘေးဝဲ/ယာတွင်ကျွန်းပင်ပေါင်း(၄၂၃၂)ပင် စိုက်ပျိုးထားရှိခဲ့ပါသည်။
    (ဃ) ၂၀၁၄ခုနှစ်တွင် ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်၊ မြဝတီလမ်းအနီးဥယျဉ်ခြံတွင် မြေရိုင်း(၈.၂)ဧကအား ဖော်ထုတ်၍ကျွန်းပင်(၁၀၃၀)ပင်အား စိုက်ပျိုးထားရှိခဲ့ပါသည်။၎င်းဥယျာဉ်ခြံတွင် ကျွန်းပင်များအပြင် မဟော်ဂနီ(၅၉၂)ပင်၊ တောပိတောက် (၁၇၂)ပင်၊ ပျဉ်းကတိုး(၃၅၀)ပင်၊ မယ်ဇလီ(၂၀၂)ပင်၊ ခရေ(၆၉)ပင်၊ ကံ့ကော်(၆၇)ပင် နှင့် တမာ(၁၂)ပင်၊ စိုက်ပျိုးထားရှိခဲ့ပြီးဖြစ်ပါသည်။
    (င ) ကျွန်းပင်စုစုပေါင်း(၃၈၀၁၁)ပင် စိုက်ပျိုးထားရှိခဲ့ပြီးဖြစ်ပါသည်။
    ၃။ ပြည်ပပို့ကုန်ဖြစ်သည့် စိန်တလုံးဥယျာဉ်ခြံအဖြစ် တည်ဆောက်ရန်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ အောက်ပါအတိုင်း စိုက်ပျိုးထားရှိခဲ့ပါသည်-
    (က) ၂၀၀၈ခုနှစ် မြို့တော်ခန်းမရှေ့ရှိ မြေလွတ်တွင်(၉၉.၀၇)ဧကအား ဖော်ထုတ်၍ စိန်တလုံးသရက်ပင်(၂၆၃၂)ပင်အား စိုက်ပျိုးထားရှိပါသည်။
    (ခ ) ၂၀၀၈ခုနှစ်တွင် ငလိုက်ချောင်းဘေးမြေလွတ်မြေရိုင်းတွင် (၅၁.၄၅)ဧကအား ဖော်ထုတ်၍ စိန်တလုံးသရက်ပင်(၂၄၄၅)ပင်အား စိုက်ပျိုးထားရှိပါသည်။
    (ဂ ) ၂၀၁၃ခုနှစ်တွင် ပြည်တော်အေးစေတီအနီး မြေလွတ်မြေရိုင်း(၁၇.၃၆)ဧကအား ဖော်ထုတ်၍ စိန်တလုံးသရက်ပင်(၈၃၃)ပင်အား စိုက်ပျိုးထားရှိပါသည်။
    (ဃ) ချောင်းမကြီးဆည်အနီးတွင်လည်း မြေလွတ်မြေရိုင်း(၁၁.၁)ဧကအား ဖော်ထုတ်၍ စိန်တလုံးသရက်ပင်(၅၃၁)ပင်အား စိုက်ပျိုးထားရှိပါသည်။
    (င ) ထို့အပြင် ချောင်းမကြီးဆည်အနီး၌ မြေလွတ်မြေရိုင်း(၂၀)ဧကအား ဖော်ထုတ်၍ ကီလိုမာလကာ(၂၈၉)ပင်၊ ကျွဲကောပင်(၂၉၁)ပင်၊ လိမ္မော်ပင်(၂၈၆)ပင်၊ နှင်းသီးပင်(၇၉)ပင်၊ မန်ကျည်းချိုပင်(၂၉)ပင်အစရှိသည့်သစ်သီးဝလံပင်များကိုလည်း စိုက်ပျိုးထားရှိပါသည်။
    (စ ) စိန်တလုံးသရက်ပင်စုစုပေါင်း(၆၄၄၁)ပင် စိုက်ပျိုးထားရှိပါသည်။
  • လယ်မြေရိုင်းများအား ဖော်ထုတ်၍ မျိုးကောင်း၊
    မျိုးသန့်စပါးများ စိုက်ပျိုးခြင်းလုပ်ငန်း
  • ၄။ လယ်မြေရိုင်းများအား ဖော်ထုတ်၍ မျိုးကောင်း၊ မျိုးသန့်စပါးများ စိုက်ပျိုးခြင်းလုပ်ငန်း
    (က) မြန်မာ့စီးပွားရေးဘဏ်အနီး လယ်မြေရိုင်း(၂)ဧကခန့်အား ပြန်လည်ပြုပြင်၍ မနောသုခစပါးမျိုး စိုက်ပျိုးထားရှိခဲ့ပါသည်။
    (ခ ) နေပြည်တော်-တောင်ညိုလမ်းမကြီးဘေး ပြည်ကြီးမဏ္ဍိုင်လမ်းအနီး မိုးကုတ် ဝိပဿနာကျောင်းရှေ့တွင် လယ်မြေရိုင်း(၂)ဧကအား ဖော်ထုတ်၍ မနောသုခ စပါးမျိုးစိုက်ပျိုးထားရှိပါသည်။
    (ဂ ) ထို့အပြင် ရာဇသင်္ဂဟလမ်းဘေးရှိ ကျောက်အိုးဆည်အနီး ကျောက်အိုးကျေးရွာ ဟောင်းတွင် လယ်မြေ(၁)ဧက ဖော်ထုတ်၍ မနောသုခစပါးမျိုး စိုက်ပျိုးထားရှိပါသည်။
    (ဃ) လယ်ဧကစုစုပေါင်း(၅)ဧက စိုက်ပျိုးထားပါသည်။
  • ထုတ်လုပ်ရေးဌာနရုံး၌ ပျိုးခြံတစ်ခုတည်ဆောက်၍
    ကျွန်းပျိုးပင်များနှင့် အခြားပျိုးပင်များ
    ပြုစုထိန်းသိမ်း၍ ဝေငှခြင်း
  • ၅။ ထုတ်လုပ်ရေးဌာနရုံးအနီးတွင် ပျိုးခြံတစ်ခုတည်ဆောက်၍ ကျွန်းပျိုးပင်များပျိုးထုပ်ပြီး (၅၁၉၄၄)ပင်၊ စိန်တလုံးသရက်ပင်(၆၀၁)ပင်၊ စိန်တလုံးအစေ့ဖေါက်ပင်(၂၃၀)ပင်နှင့် အခြား သီးပင်စားပင်များဖြစ်သည့် ဒန့်တလွန်၊ ကင်မွန်းချဉ်၊ ရဲယို၊ ခံတက်၊ ရှောက်ပင်၊ သံပုယိုပင်၊ ပိန္နဲပင်၊ အုန်းပင်၊ ဂွေးတောက်ပင်များ ပျိုးထောင်ထားရှိပြီး အခါအားလျော်စွာ ဝန်ထမ်းမိသားစုများကို ဝေငှပေးလျက်ရှိပါသည်။ ထို့အပြင် (၂၀၁၅)ခုနှစ် မိုးရာသီအမှီ ထပ်မံလိုအပ်သည့် ကျွန်းပျိုးပင်(၅၀၀၀၀)ပင်အား ပျိုးထောင်ခြင်း၊ စိန်တလုံးသရက်ကိုင်းကူးသရက်(၂၄၀၀)ပင်အား ကိုင်းကူးကိုင်းဆက်ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။
  • ၆။ ထုတ်လုပ်ရေးဌာနအနေဖြင့် ပြောင်းရွှေ့သွားသော အောက်ပါကျေးရွာဟောင်းများနှင့် ဥယျာဉ်ခြံ များအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်-
    (က) ဘူးကွဲရွာဟောင်း၊
    (ခ ) ဘူးကွဲ(ဦးသန်းညွန့်)ဥယျာဉ်ခြံ၊
    (ဂ ) ဘူးကွဲ(ထူး)ဥယျာဉ်ခြံ၊
    (ဃ) ကျောက်အိုးရွာဟောင်း၊
    (င ) ရွှေလင်ပန်းကုန်းရွာဟောင်း၊
    (စ ) မန်ကျည်းကုန်းရွာဟောင်း၊
    (ဆ) ကံလှကျေးရွာဟောင်း၊
    (ဇ ) ချောင်းမကြီးရွာဟောင်း။
    ၇။ အထက်ပါကျေးရွာဟောင်း(၆)ရွာ/ဥယျာဉ်ခြံ(၂)ခြံတွင် ခြံစောင့်ဝန်ထမ်းများခန့်အပ်ထားရှိပြီး၊ အခြေပြဇယားပါအတိုင်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ ၈။ ထုတ်လုပ်ရေးဌာန၏ တာဝန်များအား တွဲဖက်ဌာနမှူး ဦးသက်နှင်းဦးမှ တာဝန်ခံဆောင်ရွက်သူဖြစ်ပြီး၊ ရုံးဖုန်းနံပါတ်မှာ ၀၆၇-၈၁၀၈၀၁၅ ဖြစ်ပါသည်။ Web Portal တင်သည့် အချက်အလက်များပြုစုသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်အား ဆက်သွယ်ရန် လက်ကိုင်ဖုန်းနံပါတ်မှာ ၀၉-၄၄၈၅၃၆၈၄၇ ဖြစ်ပါသည်။
  • ၉။ အထက်တွင် တင်ပြထားသည့်အချက်အလက်များမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ထုတ်လုပ်ရေးဌာန၏ လုပ်ငန်းတာဝန်(၁၂)ရပ်အနက်မှ ၂၀၀၆ခုနှစ် ကော်မတီ စတင်ဖွဲ့စည်းသည်မှ ယနေ့ချိန်ထိကာလတိုအတွင်း ကြိုးစားဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများ ဖြစ်ပါသည်။ နောင်ကာလ ကြာမြင့်လာသည့်အခါတွင်ရည်မှန်းချက်တာဝန်များအားအောင်မြင်အောင်ကြိုးစားအားထုတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  • စိုက်ပျိုးထိန်းသိမ်းလျက်ရှိသော စိန်တလုံးသရက်စိုက်ခင်း၊ ကျွန်းစိုက်ခင်း၊ နှစ်ရှည်ပင်များ
  • အမျိုးအမည် ​ဧက ​အရေအတွက်(ပင်) နေရာ စုစုပေါင်း
    ​စိန်တလုံးသရက် ​၉၉.၀၇ ​၂၆၃၂ ​မြို့တော်ခန်းမရှေ့သရက်စိုက်ခင်း ​၆၄၄၁
    ​၅၁.၄ ​၂၄၄၅ ငလိုက်ချောင်းဘေးသရက်စိုက်ခင်း
    ​၁၁.၁ ​၅၃၁ ​ချောင်းမကြီးဆည်အနီးသရက်စိုက်ခင်း
    ​၁၇.၃၆ ​၈၃၃ ​ပြည်တော်အေးစေတီအနီးသရက်စိုက်ခင်း
    အုန်း ​၆.၈ ​၁၆ ငလိုက်ချောင်းဘေးအုန်းစိုက်ခင်း ​၁၆
    ကီလိုမာလကာ ​၂၀ ​၂၈၉ ​ချောင်းမကြီးဆည်အနီးသီးပင်စားပင်စိုက်ခင်း ​၂၈၉
    ကျွဲကော ​၂၀ ​၂၉၁ ချောင်းမကြီးဆည်အနီးသီးပင်စားပင်စိုက်ခင်း​ ​၂၉၁
    လိမ္မော် ​၂၀ ​၂၈၆ ချောင်းမကြီးဆည်အနီးသီးပင်စားပင်စိုက်ခင်း​ ​၂၈၆
    နှင်းသီး ​၂၀ ​၇၉ ချောင်းမကြီးဆည်အနီးသီးပင်စားပင်စိုက်ခင်း​ ၇၉
    မန်ကျည်းချို ​၂၀ ​၂၉ ချောင်းမကြီးဆည်အနီးသီးပင်စားပင်စိုက်ခင်း ​၂၉
    ကျွန်း ​၄၆.၈၁ ​၂၁၉၄၉ သပြေစမ်းကျေးရွာအနီးကျွန်းစိုက်ခင်း ​၃၈၀၁၁
    ​၂၀ ၁၀၈၀၀ ခွာညိုပန်းအဝိုင်းအနီးကျွန်းစိုက်ခင်း
    ၂၀၀၀ ဟိုတယ်ဇုန်မှမိုင်တိုင်အမှတ်၀/၅ထိကျွန်းစိုက်ခင်း
    ၂၂၃၂ သပြေကုန်းအဝိုင်းမှအင်ကြင်းပန်းအဝိုင်းအထိ လမ်းဘေးဝဲ/ယာကျွန်းစိုက်ခင်း
    ကျွန်း ၈.၂​ ၁၀၃၀ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ
    ပျဉ်းကတိုး ၃၅၀ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၃၅၀
    မဟော်ဂနီ ၅၉၂ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၅၉၂
    ​တောပိတောက် ၁၇၂ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၁၇၂
    မဲဇလီ ၂၀၂ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၂၀၂
    ခရေ ၆၉ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျဉ်ခြံ ၆၉
    ကံ့ကော် ၆၇ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၆၇
    တမာ ၁၂ ဥတ္တရသီရိမြို့နယ်ရတနာသိဒ္ဓိရပ်ကွက်မြဝတီလမ်းအနီး ဥယျာဉ်ခြံ ၁၂
  • ထုတ်လုပ်ရေးဌာနမှ တာဝန်ယူသောပြောင်းရွှေ့ ရွာဟောင်းများနှင့်ဥယျာဉ်ခြံများတွင်ထိန်းသိမ်းပြုစုသည့် နှစ်ရှည်/နှစ်တို သီးပင်စားပင်စာရင်း
  • ​ကျေးရွာအမည် ​ကျွန်း အုန်း ဒေသသရက် ပိန္နဲ မရမ်း မန်ကျည်း ထန်း ရှောက် သံပရို သံပုရာ ကျွဲကော မာလကာ သြဇာ
    ​ဘူးကွဲရွာဟောင်း ၁၅၀ ၂၈၅ ၁၆ ၇၉ ၃၀
    ​ကျောက်အိုးရွာဟောင်း ၄၂ ၈၁ ၁၂ ၃၆ ၇၆ ၁၈၁
    ​ရွှေလင်ပန်းကုန်းရွာဟောင်း ၃၆ ၃၆ ၆၅ ၁၁၄
    မန်ကျည်းကုန်းရွာဟောင်း
    ကံလှရွာဟောင်း ၉၉ ၁၇ ၆၉ ၄၉
    ​ချောင်းမကြီးရွာဟောင်း ၁၁၀ ၂၆၁ ၃၆ ၂၀၄ ၁၁ ၁၂ ၁၆၁ ၁၀၃
    စုစုပေါင်း ၄၀၆ ၆၈၃ ၁၃၈ ၄၀၈ ၁၇၆ ၁၂ ၁၇၁ ၄၃၆
    ဦးသန်းညွန့်ဥယျာဉ်ခြံ ၃၈ ၂၀
    ​ထူး ဥယျာဉ်ခြံ ၇၇ ၄၅ ၁၁ ၁၆ ၁၀
    စုစုပေါင်း ၇၇ ၄၅ ၄၉ ၁၆ ၁၃ ၂၀ ၁၀


    ​ကျေးရွာအမည် စောင်းလျား သင်္ဘော ငှက်ပျော နာနတ် ဇီး သီဟိုဠ် လဲမှို့ လက်ပံ ဥသျှစ် သနပ်ခါး သီးပင် မလွှ သရိုး
    ​​ချောင်းမကြီးရွာဟောင်း
    စုစုပေါင်း
    ဦးသန်းညွန့်ဥယျာဉ်ခြံ ၁၁
    ​ထူးဥယျာဉ်ခြံ ၃၀ ၂၀ ၁၆၀ ၁၆
    စုစုပေါင်း ၃၀ ၂၀ ၁၆၀ ၁၆ ၁၁
1 2 3 4