စျေးများဌာန
- လုပ်ငန်းတာဝန်များ
-
(က) | ကော်မတီနယ်နိမိတ်အတွင်း ဖွင့်လှစ်ထားရှိသောစျေးများတွင် ဆိုင်ခန်းများအငှားချထားခြင်း၊ စျေးစည်းကမ်းဖောက်ဖျက်သည့်ဆိုင်များအား ပြန်လည်သိမ်းယူခြင်းနှင့် ဆိုင်ခန်းအားတရားဝင် လွှဲပြောင်းထား သူများအား ရောင်းချသတ်မှတ်ခွင့်ပြုခြင်း။ |
(ခ) | သတ်မှတ်ထားသော စျေးစည်ကမ်းများကို ကြီးကြပ်ထိန်းသိမ်းခြင်း၊ စည်းကမ်းဖောက်ဖျက်သူများအား အရေးယူခြင်း။ |
(ဂ) | စျေးအသီးသီးအတွက် စျေးခွန်ပြေစာများနှင့် စျေးကောက်လက်မှတ်များကို ထုတ်ပေးခြင်း၊ စျေးခွန်စျေးကောက်များပြည့်ဝစွာ ကောက်ခံရရှိရန်ဆောင်ရွက်ခြင်း။ |
(ဃ) | စျေး၏လုံခြုံရေးနှင့် သန့်ရှင်းရေးကို စနစ်တကျကောင်းမွန်စေရန်ဆောင်ရွက်ခြင်း။ |
(င) | စျေးရုံအဆောက်အအုံများရှိ ဆိုင်နေရာပုံစံများ၊ စျေးဆိုင်စာရင်းများနှင့် စျေးလုပ်ငန်းဆိုင်ရာစာရင်းဇယားများ ပြုစုထိန်းသိမ်းခြင်း။ |
(စ) | စျေးအသီးသီးရှိ စျေးရုံများ၊ စျေးဆိုင်ခန်းများ၊ စျေးတာဝန်ခံရုံးများပြင်ဆင်ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်းနှင့် စျေးအတွင်းရေပေးရေးစနစ်၊ လျှပ်စစ်မီးနှင့် အခပေးအိမ်သာများပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ |
(ဆ) | ပျံကျစျေးသည်များအတွက် စျေးကွက်များ ဖော်ထုတ် နေရာချ ထားပေးခြင်း။ |
၁။ | နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနသည် စျေးများအားလုံး စည်ကားသိုက်မြိုက်စွာဖြင့် ရောင်းဝယ်ဖောက်ကားပြီး သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၍ကျန်းမာရေးနှင့်ညီညွတ်သည့် စျေးများဖြစ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အောက်ဖော်ပြပါလုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါသည်- |
၂။ | နေပြည်တော်စည်ပင်သာယာရေးကော်မတီ စျေးများဌာနမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဇမ္ဗူသီရိမြို့နယ်ရှိ စျေးများ
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိစျေးများ
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိစျေးများ
ဥတ္တရသီရိမြို့နယ်အတွင်းရှိစျေးများ
ပျဉ်းမနားမြို့နယ်အတွင်းရှိစျေးများ
လယ်ဝေးမြို့နယ်အတွင်းရှိစျေးများ
တပ်ကုန်းမြို့နယ်အတွင်းရှိစျေး
|
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ








နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသည့် စျေးများ