MENU

စီမံရေးရာဌာန

  • လုပ်ငန်းတာဝန်များ
  • ၁။ ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ရာထူးတီထွင်ခြင်း၊ ၀န်ထမ်းများစတင်ခန့်ထားခြင်း၊ အတည်ပြုခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ပြောင်းရွှေ့ခြင်း၊
    ၂။ဝန်ထမ်းများခွင့်ခံစားခြင်း၊ အငြိမ်းစားယူခြင်း၊ အငြိမ်းစားဝန်ထမ်းများကို ဘဏ္ဍာရေးနှစ်အလိုက်ခန့်ထားခြင်း၊ ကျွမ်းကျင်ပညာရှင်များခန့်ထားခြင်း၊
    ၃။၀န်ထမ်းများ၏ အမှုထမ်းသက်မှတ်တမ်း၊ ဝန်ထမ်းအင်အားစာရင်းများကို ထိန်းသိမ်းခြင်း၊ စိစစ်ခြင်း၊ ကိုယ်ရေးအကျဉ်းမှတ်တမ်း၊ အတွင်းရေးအစီရင်ခံစာများ၊ ကိုယ်ရေးအရည်အချင်းမှတ်တမ်းများ ထိန်းသိမ်းခြင်း၊
    ၄။ သင်တန်းများစေလွှတ်ခြင်း၊
    ၅။ နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူး၊ ဘွဲ့ထူးလက်မှတ်၊ ဆုတံဆိပ်များရရှိစေရန် အစီရင်ခံစာတင်ပြခြင်း၊
    ၆။ ၀န်ထမ်းများရာထူးမှ ခေတ္တချထားခြင်း၊ ပြန်လည်ခန့်ထားခြင်း၊ တာ၀န်မှယာယီရပ်ဆိုင်းခြင်း၊ ရာထူးမှရပ်စဲခြင်း၊ ထုတ်ပယ်ခြင်း၊ ထုတ်ပစ်ခြင်းစသည့် ၀န်ထမ်ရေးရာ ကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊
    ၇။ ၀န်ထမ်းသင်တန်းကျောင်းတွင်အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ ကော်မတီအတွက်လိုအပ်သည့်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ခြင်း၊
    ၈။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံသော ပစ္စည်းခွန်များနှင့် အခြားအခွန်ကောက်များ ပြည့်၀စွာကောက်ခံ ရရှိရေးအတွက် တွန်းအားပေးခြင်း၊ လုပ်ငန်းလိုင်စင်များ ကြွေးကျန်မရှိ ကောက်ခံနိုင်ရေး၊ ကောက်ခံရရှိငွေများ အလွဲသုံးစားမရှိစေရေးအတွက် ဆောင်ရွက်ခြင်း၊
    ၉။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရာပြတ်ဌာန။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)တို့က စည်းကြပ်သောမြေငှားရမ်းခ၊ ပစ္စည်းခွန်၊ သန့်ရှင်းရေးဆောင်ရွက်ခ၊ ရေဖိုးရေခများကို ယင်းဌာနများက ပေးပို့သော အချက်အလက်များအရ ပေါင်းစည်းပြေစာများ ထုတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကကောက်ခံနိုင်ရေးဆောင်ရွက်ခြင်း၊
    ၁၀။ အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံမရသောပေါင်းစည်းပြေစာများကိုဘဏ္ဍာရေးနှစ်အလိုက်စနစ်တကျပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်း၊
    ၁၁။ နေပြည်တော်နယ်နိမိတ်အတွင်း မြို့တော်သူ၊ မြို့တော်သားများအား မြို့တော်အင်္ဂါရပ်နှင့်အညီနေထိုင်ကြစေရေး စည်းရုံးခြင်း၊ စည်ပင်သာယာရေးလုပ်ငန်းများအကြောင်း သိကောင်းစရာအဖြာဖြာကို ပြည်သူတို့ကျယ်ပြန့်စွာ သိရှိနားလည်စေရန် သတင်းပြန့်ကြားခြင်း၊ မြို့တော်သူ၊ မြို့တော်သားများ၏ စည်ပင်သာယာရေးဆိုင်ရာ အခက်အခဲများကို ပြန်ကြားဖြေရှင်းပေးသည့်လုပ်ငန်းများဆောင်ရွက်ခြင်း၊
    ၁၂။ နေပြည်တော်နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်များ၊ တည်းခိုခန်းလိုင်စင်၊ ဘော်ဒါဆောင်လိုင်စင်၊ကိုယ်ပိုင်စျေးလိုင်စင်နှင့် ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်များ စိစစ်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ယာယီဇာတ်ရုံများဆောက်လုပ်ခွင့်ပြုခြင်း၊ ယင်းတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စည်းကမ်းများသတ်မှတ်ခြင်း၊
    ၁၃။နေပြည်တော်နယ်နိမိတ်အတွင်း တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာများအား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍စစ်ဆေးခြင်း၊ အရေးယူခြင်း၊
    ၁၄။နေပြည်တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်တရားရုံး(စည်ပင်သာယာ)၊ မြို့နယ်ဥပဒေရုံး(စည်ပင်သာယာ)ဖွင့်လှစ်ခြင်း၊ ကြီးကြပ်ခြင်း၊
    ၁၅။ ကော်မတီနှင့်အကြီးအကဲများကချမှတ်သည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ၀န်ထမ်းအားလုံး သိရှိလိုက်နာစေရေးအတွက် ထပ်ဆင့်ညွှန်ကြားခြင်း၊ ထုတ်ပြန်ခြင်း၊
    ၁၆။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများအား ကြီးကြပ်ကွပ်ကဲခြင်း၊ ဆုံးဖြတ်ချက်များနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော်ရန် ညွှန်ကြားခြင်း၊ ညှိနှိုင်းပေးခြင်း၊ အစီရင်ခံစာများ၊ စာရင်းများလစဉ်တင်ပြရန် ညွှန်ကြားခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများမှ တင်ပြလာသောအခက်အခဲများနှင့် လုပ်ငန်းများအား ဌာနဆိုင်ရာများသို့ ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ အကြီးအကဲများထံ တင်ပြခြင်း၊
    ၁၇။ ဌာန၊ ရုံးများအတွက် လိုအပ်သောရုံးသုံးစက္ကူနှင့် စာရေးကိရိယာများ၊ ပုံနှိပ်ပုံစံများဝယ်ယူခြင်း၊ မှာယူခြင်းနှင့် ဌာန၊ရုံးများသို့ ပြန်လည်ဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ခြင်း၊
    ၁၈။ ကော်မတီ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော်၏ နေ့ကြီးရက်ကြီး ပွဲလမ်းသဘင်များတွင် အဖွဲ့အနေဖြင့် ပါ၀င်ဆောင်ရွက် ရသည့်အခါ ကော်မတီကိုယ်စား ပါ၀င်ဆောင်ရွက်ခြင်း၊
    ၁၉။ကော်မတီရှိ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ နေရာချထားခြင်းများကို ကြီးကြပ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်း ရေးတွင် ကြီးကြပ်ကွပ်ကဲခြင်း၊
    ၂၀။ကော်မတီနှင့်သက်ဆိုင်သည့် သတင်းစာပါကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအား သက်ဆိုင်ရာဌာန၊ ရုံးများနှင့် ညှိနှိုင်း၍ သတင်းစာတွင်ပြန်ကြားနိုင်ရေး ဆောင်ရွက်ခြင်း၊
    ၂၁။နေပြည်တော်နယ်နိမိတ်အတွင်းရှိ အနှေးယာဉ်များနှင့် ပတ်သက်၍ စနစ်တကျရှိစေရေး၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ အနှေးယာဉ်များ လိုင်စင်ဆိုင်ရာ နင်းသားလိုင်စင်ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်း၊
    ၂၂။ယာယီစီးပွားရေးစုပုံလုပ်ငန်းများအား ယာယီခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်းနှင့် စည်းကမ်းချက်များသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊
    ၂၃။မြို့တော်ခန်းမရုံးချုပ်၊ နေပြည်တော်၀န်ထမ်းအိမ်ယာတို့ရှိ ဝန်ထမ်းများအား စည်းကမ်းထိန်းသိမ်းရေးနှင့် ရုံးတက်/ရုံးဆင်းချိန်မှန်ကန်ရေး၊ ဝတ်စားဆင်ယင်မှု စနစ်တကျရှိရေး ဆောင်ရွက်ပေးခြင်း၊
    ၂၄။မြို့တော်ခန်းမအဆောက်အအုံသန့်ရှင်းကောင်းမွန်စေရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အခါအားလျော်စွာကော်မတီမှ တာ၀န်ပေးအပ်သော ပြုပြင်ထိန်းသိမ်းရေးလုင်ငန်းများ ဆောင်ရွက်ခြင်း၊
    ၂၅။ကော်မတီမှတာ၀န်ပေးအပ်ထားသည့် ဆိုင်/မြေများ အငှားချထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊