၁။ |
စက်ရုံနှင့်မော်တော်ယာဉ်ဌာနတွင် အရာထမ်း(၁၇)ဦး၊ အမှုထမ်း(၁၅၀)ဦး စုစုပေါင်း(၁၆၇)ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာ၀န်များကို ဆောင်ရွက်လျက်ရှိပါသည်။ |
၂။ | နေပြည်တော်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သယ်ယူပို့ဆောင်မှုကဏ္ဍနှင့် ယန္တရားစက်ပစ္စည်းထောက်ပံ့မှုဏ္ဍလုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ |
၃။ | မြို့နယ်အသီးသီးတွင် လမ်းဖောက်လုပ်၊ လမ်းပြင်၊ မြောင်းသွယ်လုပ်ငန်းများ၊ အမှိုက်သိမ်းဆည်းရေးနှင့် မိလ္လာသိမ်းဆည်းခြင်းလုပ်ငန်းများအတွက် ယာဉ်နှင့်ယန္တရားများကို ထိရောက်အောင်မြင်စေရေးပံ့ပိုးခြင်း၊ |
၄။ | လုပ်ငန်းသုံးယာဉ်များနှင့် ယန္တရားများကို သောက်သုံးရေရရှိရေး၊ တည်ဆောက်ရေးစသည့် အင်ဂျင်နီယာလုပ်ငန်းများမှ လိုအပ်ချက်အတိုင်း စီမံခန့်ခွဲပေးပို့ခြင်း၊ |
၅။ | လုပ်ငန်းများတွင် ချောမွတ်ပြေပြစ်စွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားပစ္စည်းများကို စီမံထားရှိခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ခြင်း၊ |
၆။ | ဌာနအသီးသီးမှ လိုအပ်သောစက်ပစ္စည်းများ၊ အရန်ပစ္စည်းများ၊ လက်သုံးကိရိယာများကို ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ခြင်း၊ |
၇။ | ကုန်ခမ်းစေသောပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများနှင့် ယာဉ်ယန္တရားအရန်ပစ္စည်းကို စနစ်တကျမှာယူသုံးစွဲခြင်း၊ |
၈။ | လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားယာဉ်များ၊ လူစီးယာဉ်များအား သုံးစွဲမှုကိုကွပ်ကဲထိန်းသိမ်းခြင်း၊ |
၉။ | ပစ္စည်းများလေလွင့်ပျောက်ဆုံးမှုမရှိစေရန် စီမံဆောင်ရွက်ခြင်း၊ |
၁၀။ | အလုပ်ရုံနှင့်ယာဉ်ဝင်းများ သန့်ရှင်းရေး၊ လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ခြင်း၊ |
၁၁။ | တာဝန်ယူထိန်းသိမ်းကွပ်ကဲရသော ယာဉ်စက်ပစ္စည်းပြန်တမ်းစာရင်းများ၊မှတ်တမ်းများကို စနစ်တကျပြုစုထားရှိခြင်း၊ |
၁၂။ | အရေးပေါ်လုပ်ငန်းများနှင့် အထူးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှိုက်သိမ်းယာဉ်နှင့် လုပ်ငန်းသုံးယန္တရားစက်ပစ္စည်းများဖြင့် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း၊ |
၁၃။ | မိမိဌာနရှိ အရာထမ်း၊အမှုထမ်းများကို စနစ်တကျလေ့ကျင့်ပညာပေးခြင်း၊ |
၁၄။ | ကော်မတီ၏ စိုက်ပျိုးမွေးမြူရေးစီမံကိန်းများတွင် လိုအပ်သော ယာဉ်၊ စက်ယန္တရားများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်း၊ |
၁၅။ | နိုင်ငံတော်မှ ကြီးမှူးကျင်းပသော အထိမ်းအမှတ်နေ့များ၊ သာသနာရေးကိစ္စရပ်များတွင် ကော်မတီ၏လမ်းညွှန်မှုဖြင့် ယာဉ်၊ စက်ယန္တရားစီစဉ်ပံ့ပိုး ဆောင်ရွက်ပေးရခြင်း၊ |
၁၆။ | မြို့တော်၏ နယ်နိမိတ်အတွင်းရှိ လမ်းများ၊ တံတားများ ပြုပြင်တည်ဆောက်မှုလုပ်ငန်းများ၌ လိုအပ်သည့်ယန္တရားများ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ |
၁၇။ | အသုံးပြုရန်မလိုအပ်တော့သည့် ယာဉ်၊ ယန္တရားများနှင့် စက်ပစ္စည်းအဟောင်းများအား သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်း၍လေလံတင်ရောင်းချခြင်း၊ |
၁၈။ | ကော်မတီပိုင်ယာဉ်၊ ယန္တရားများအား ကြံ့ခိုင်မှုပြုလုပ်ခြင်း၊ စစ်ဆေးပြုပြင်ခြင်း၊ |
၁၉။ | စက်သုံးဆီများကို ဌာနများ၏ လိုအပ်ချက်အရ စနစ်တကျဖြန့်ဖြူးပေးခြင်း၊ သုံးစွဲခြင်း၊ |
၂၀။ | ကော်မတီပိုင်ယာဉ်အသီးသီး၏ ရာဇဝင်မှတ်တမ်းအသီးသီး ထားရှိခြင်း၊ |
၂၁။ | မော်တော်ယာဉ်ဝင်း လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း။ |