MENU

နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရောဂါရှာဖွေ စမ်းသပ်ကုသမှုများ

နှလုံးဆေးကုသဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ နှလုံးဆေးကုသဌာနတွင် နှလုံးရောဂါဝေဒနာရှင်များအား အောက်ဖော်ပြပါအထူးကုဆရာဝန်ကြီးများဖြင့် စမ်းသပ်ကုသပေးလျက်ရှိပါသည်-
အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်-
(1)ECG
(2)Halter ECG
(3)Echo
(4)Treadmill



နှလုံးသွေးကြောကျဉ်း သံသယရှိသောသူများအတွက်လည်းကောင်း၊ နှလုံးကြွက်သားများ၏ စွမ်းဆောင်မှုကောင်း/မကောင်းကို လည်းကောင်း သိရှိနိုင်ရေးအတွက် ရောဂါရှာဖွေပေးသော ပြေးစက်ဖြစ်ပါသည်။ ၎င်းစက်ကိုအသုံးပြု၍ပြေးခြင်းဖြင့် နှလုံး၏ စွမ်းဆောင်နိုင်မှုကို အဆင့်ခွဲခြားနိုင်ပါသည်။


နှလုံးသွေးကြောကျဉ်းဝေဒနာရှင်များအတွက်

(1)ESMR (အသံလှိုင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါများအား ကုသသည့်စက်)
(2)Cath Lab (နှလုံးသွေးကြောချဲ့ခြင်း/Stent ထည့်ခြင်း)
ဇွန်လတွင် စတင်၍ ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုသဌာန

အောက်ပါရောဂါများကို ခွဲစိတ်ကုသပေးလျက်ရှိပါသည်-

(၁)ဆီးကျောက်တည်ခြင်း
(က)မခွဲမစိတ်ဘဲ အသံလှိုင်းဖြင့် ကျောက်ချေခြင်း
(ခ)မှန်ပြောင်းဖြင့် ဆီးကျောက်ချေခြင်း
(ဂ)လေဆာဖြင့် ဆီးကျောက်ချေခြင်း
(၂)ဆီးကျိတ်ကြီးခြင်း
(၃)ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ကင်ဆာရောဂါများ


အသံလှိုင်းကို အသုံးပြု၍ နောက်ဆုံးပေါ် ခေတ်မီကျောက်ချေစက်ဖြင့် ခွဲစိတ်စရာမလို၊ နာကျင်မှုမရှိဘဲ ကျောက်ကပ်အတွင်းရှိ ကျောက်များကို ချေဖျက်ပေးနိုင်ပါသည်။


Haemodialysis Machine (ခေါ်) ကျောက်ကပ်ဆေးစပ်သည် ကျောက်ကပ်နာတာရှည်ရောဂါ၊ ကျောက်ကပ်အလုပ်မလုပ်ခြင်းအတွက် ၎င်းသွေးဆိပ်တက်ခြင်းကြောင့် ဖြစ်ပေါ်သော အခြေအနေတွင် လည်းကောင်း၊ ကျောက်ကပ်ထိခိုက်ခြင်းများတွင် လည်းကောင်း၊ သွေးသန့်စေရန်အတွက် ကျောက်ကပ်ဆေးနိုင်သောစက် ဖြစ်ပါသည်။

အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးရှိ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာနအနေဖြင့် အကြော အဆစ်နှင့်လေဖြတ်သောလူနာများအားပြန်လည်သန်စွမ်းလာစေရေးအတွက် ခေတ်မီစက်ပစ္စည်း အပြည့်အစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။





သွားနှင့်ခံတွင်းရောဂါကုသဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး သွားနှင့်ခံတွင်းရောဂါကုသဌာနတွင် သွားနှင့်ခံတွင်းရောဂါကုသမှု အတွက် ခေတ်မီနောက်ဆုံးပေါ် အဆင့်မြင့် ORTHOPHOS 2D/3D သွား/ခံတွင်း/မေးရိုး/ ဓာတ်မှန် စက်ကိုအသုံးပြုလျက်ရှိပါသည်။ ၎င်းဓာတ်မှန်စက်ကြီးကိုအသုံးပြုပြီး ခံတွင်း/ သွား/မေးရိုးရောဂါအမျိုးမျိုးအတွက် ကုသမှုနှင့် ရောဂါစစ်ဆေးမှုတို့တွင် အဆင့်မီ ဆောင်ရွက်ပေးနေပါသည်။ သွားပိုးစားရောဂါအတွက် သွားဖာထေး၊ ပြုပြင်ခြင်းအမျိုးမျိုး၊ သွားအမြစ်ထုတ်ကုသခြင်း၊ သွားပိုးရောဂါများ သွားကျောက်လွှာဖယ်ရှားခြင်း၊ ကွမ်းဂျိုး၊ ဆေးလိပ်များဖယ်ရှားခြင်း၊ သွားဖြူဖွေး သန့်စင်ရန်ပြုလုပ်ခြင်းများနှင့် သွားတုအမျိုးမျိုးတို့ပြုလုပ်ပေးခြင်းတို့ကို ပိုးမွှားကင်းစင်စွာဖြင့် အဆင့်မီ ကုသပေးလျက်ရှိပါသည်။ ဆက်သွယ်ရန်ဖုန်း - ၀၆၇-၅၅၀၁၄၀



အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ဌာန

အစာအိမ်အူလမ်းကြောင်းမှန်ပြောင်းကြည့်ဌာနတွင် Olympus နှင့် Storz စသော အဆင့်မြင့် စက်များတပ်ဆင်၍ အောက်ပါ ရောဂါများရှာဖွေခြင်း၊ ကုသပေးခြင်းများကို (၂၄)နာရီ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
(၁)အစာမြိုပြွန်နှင့် အစာအိမ်အူလမ်းကြောင်းကြည်ရှုစစ်ဆေးခြင်း၊ အသားစယူခြင်း၊
(၂)အစာမြိုပြွန်နှင့် အစာအိမ်အူလမ်းကြောင်း သွေးယိုမှုအား ကုသပေးခြင်း၊
(၃)စအိုနှင့် အူမကြီးလမ်းကြောင်းကြည့်ရှုစစ်ဆေးခြင်း၊ အသားစယူခြင်း၊
ဆက်သွယ်ရန်ဖုန်း - ၀၆၇-၅၅၀၁၄၀


နား၊ နှာခေါင်း၊ လည်ချောင်း ကုသဌာန

နား၊ နှာခေါင်း၊ လည်ချောင်းကုသဌာနတွင် အောက်ပါစက်များဖြင့် ကုသပေးလျက်ရှိပါသည်။


မျက်စိကုသဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး မျက်စိကုသဌာနတွင် အောက်ပါအဆင့်မြင့်စက်များဖြင့် မျက်စိ စမ်းသပ်ကုသပေးနေပါသည်။




1 2 3 4 5 6