News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး

05 December 2025 : 15:12:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၅.၁၂.၂၀၂၅)ရက်နေ့၌ ဈေးရောင်း မော်တော်ယာဉ်အမှတ် 7Q/3540 ဖြင့် ရုံးအမှတ်(၉) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရုံးအမှတ်(၂၇) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။