News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ချယ်ရီဈေးတို့၌ ဈေးသူ/သားများ၊ ဈေးဝယ်သူများအား ပလတ်စတစ်စွန့်ပစ်ပစ္စည်းကင်းစင်ရေး စီမံချက်ပါ အသိပညာပေးဟောပြောခြင်းဆောင်ရွက်

06 November 2026 : 11:11:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများသည် ဈေးများဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၅-၁၁-၂၀၂၆) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဒက္ခိဏသီရိဈေး၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ချယ်ရီဈေးတို့၌ ဈေးသူ/သားများ၊ ဈေးဝယ်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်စေရန်နှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချလာစေရန်တို့အတွက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဈေးများအတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်တို့၌ အသိပညာပေး ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။