နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး
25 September 2026 : 14:09:00
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၂၄.၉.၂၀၂၆)ရက်နေ့၌ ဈေးရောင်းမော်တော်ယာဉ်အမှတ်(၁)7Q/3186 ဖြင့် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ သုခတော်ဝင်အိမ်ရာနှင့် မော်တော်ယာဉ်အမှတ်(၂)7Q/3540 ဖြင့် ရုံးအမှတ်(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၂) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာနနှင့် မော်တော်ယာဉ်အမှတ်(၃) 3R/5244 ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနနှင့် ကံ့ကော်အိမ်ရာသို့ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
.jpg)
01.jpg)
02.jpg)
03.jpg)
04.jpg)
05.jpg)
06.jpg)
07.jpg)
08.jpg)
09.jpg)
ပင်မစာမျက်နှာ