နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ မင်္ဂလာကန်တော်ခန်းမ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၏ QA/QC လုပ်ငန်းဆောင်ရွက်ရန်အတွက် နည်းပညာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကျင်းပ
10 February 2026 : 09:02:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(ဖြည့်စွက်ခွင့်ပြုငွေ)နှင့် ၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ပျဉ်းမနားမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မင်္ဂလာကန်တော် ခန်းမ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၏ QA/QC လုပ်ငန်းဆောင်ရွက်ရန်အတွက် နည်းပညာနှင့် ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် တက်ရောက်၍ အမှာစကားပြောကြားသည်။အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ ဌာနကြီးမှူး ဦးစိုးဝင်း၊ တင်ဒါကော်မတီအဖွဲ့ဝင် ဌာနမှူးများနှင့် အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ကြပြီး တင်သွင်းလာသည့် နည်းပညာနှင့် ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေး မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။
ပင်မစာမျက်နှာ